စိတ်အင်အားဖြည့်စာစုများ(၂)

(၁၁)အချိန်ကို မဖြုန်းပါနှင့်
Do not waste the time.Don’t kill time.
အချိန်သည်လူကိုမစောင့်။ အချိန်ကိုငွေကြေးနှင့် ရပ်တန့်လို့မရ။
ဝယ်လို့လည်းမရ။ လူတွေကသာ အချိန်ကိုစောင့်ကျသည်။
(၁၂)အချိန်သည် ဘဝ
Time is life.
အချိန်ကိုတန်ဘိုးထားတတ်ရင် ဘ၀ဟာမြင့်သထက်မြင့်လာမှာပါ။
ဘယ်တော့မှနိမ့်ကျမသွားပါဘူး။အချိန်ရဲ့ဝါးမျိုခြင်းကိုခံနေရတဲ့သူတွေဟာ အသက်ရှင်လျှက်နဲ့
ဘ၀သေနေသူများဖြစ်ကြပါတယ်။ ဘ၀ကိုအချိန်နဲ့တိုင်းတာကြည့်ပြီးတော့ သင်ဘယ်လောက်အချိန်တွေဖြုန်းခဲ့ပြီး
ပြီ။ အချိန်ဘယ်လောက်အကျိုးရှိရှိ အသုံးချခဲ့ပြီးပြီဆိုတာ ဆန်းစစ်ပါ။

(၁၃)ဘ၀ဆိုတာ ရုန်းကန်ခြင်းပဲ
Life is struggle.
ဘ၀မှာ မလှုပ်ရှားမရုန်းကန်ရသူဆိုတာ တစ်ယောက်မှ မရှိပါ။
ဒါကြောင့်ကြမ်းတမ်းခြင်း၊ ချောမွေ့ခြင်းကို ဘာပဲတွေ့တွေ့ ရင်ဆိုင်ပါ။
စစ်ပွဲတွေဟာ ဆွေးနွေးညှိနှိုင်းလို့ အဆုံးသတ်နိုင်ပေမဲ့ ဘ၀တိုက်ပွဲကတော့
သံသရာမဆုံးသရွေ့ ဘယ်တော့မှမဆုံးပါဘူး။ တိုက်မြဲတိုက်နေရဦးမှာပါ။
(၁၄)အချိန်ကိုအစားထိုးလို့မရပါ။ ဖန်တီးလို့မရပါ။
We can’t substitute the time.
It can’t be created.
အစားထိုးလို့မရတဲ့အချိန်တွေကို သင်ဘယ်လို အသုံးချမှာလဲ။
(၁၅)လေထဲတိုက်အိမ်မဆောက်မိပါစေနဲ့။
Don’t build the castle in the air.
လူတွေအများစုသည် အချောင်သဘောမျိုးလောက်သာလိုချင်ကြသည်။
စိတ်ကူးယဉ်သက်သက်လေးနဲ့ဘ၀ကို တည်ဆောက်လို့မရပါ။
တွေဝေငေးမောမနေပဲ လက်တွေကအကောင်အထည်ဖော်တည်ဆောက်ပါ။
(၁၆)သူများကိုလက်ညိုးထိုး အပြစ်မတင်ပါနဲ့။
ကိုယ့်ဘက်ကို လက်သုံးချောင်းပြန်အထိုးခဲတာကို သတိပြုပါ။

Don’t just finger and blame other.
Remember three finger are pointing at yourself.
သူများကိုလက်ညိုးထိုးတယ်ဆိုတာ ကိုယ့်အပြစ်ကို မမြင်တဲ့သူတွေသာများပါတယ်။
ကိုယ့်အပြစ်ကိုမြင်အောင်ကြည့်ပါ။ မြင်ပြီးရင်ပြင်ပါ။ ပြင်ပြီးရင်ငယ်ရွယ်သူတွေကို လက်ဆင့်ကမ်းပါ။
သူတစ်ပါးလက်ညိုးအထိုးမခံရအောင် အစွမ်းကုန်ကြိုးစားပါ။
(၁၇)ဟန်မဆောင်ပါနဲ့
Do not pretend.
ပွင့်လင်းမှုမရှိရင် သဘောထားအမှန်ကို မသိနိုင်။ ဟန်ဆောင်ခြင်းက ပွင့်လင်းမှုရဲ့ ရန်သူဖြစ်ပါတယ်။
ဟန်ဆောင်မှုကင်းသူတွေဟာ ပွင့်လင်းရိုးသားကြပါတယ်။ ဟန်ဆာင်သောသူသည် အမြဲတန်းလှနေပါတယ်။
(၁၈)ကိုယ့်ကိုကိုယ်လေးစားပါ။
Respect yourself.
ကိုယ့်ကိုကိုယ်မှလေးစားမှုမရှိရင် သင်ဘယ်သူ့ကိုလေးစားနိုင်ဦးမှာလည်း။
လောကမှာအဆိုးရွားဆုံးလူတွေသည် ကိုယ့်ကိုကိုယ်မလေးစားသူများသာဖြစ်သည်။
ကိုယ့်ကိုကိုယ်လေးစားနိုင်မှ သူများကလေးစားမည်။ သူတစ်ပါးကိုလည်း သင်က လေးစားမည်။
(၁၉)သည်းခံပါ။
Be patient.
သည်းခံခြင်းသည် အရာရာကိုအောင်နိုင်သည်။
သည်းခံခြင်းသည် ရန်နည်းသည်။ မိတ်ဆွေတိုးပွားစေသည်။
စိတ်ဓာတ်ကို ရင့်သန်ခိုင်မာစေသည်။
(၂၀)စိတ်ဓာတ်ကိုဖြူစင်အောင်ထားပါ။
Purify one’s mind.
စိတ်ထားဖြူစင်ရင် ဘ၀လှမယ်။ သံသရာလမ်းဖြောင့်ဖြူးမယ်။
စိတ်သည် အရာရာကိုဦးဆောင်နေသည့်အတွက် စိတ်မဖြူစင်ရင် အကုသိုလ်၊ စိတ်ဖြူစင်ရင် ကုသိုလ်။
မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားခြင်းဖြင့် လောကကိုအလှဆင်ပါ။

ဒီလိုလေးပြန်ပြောခဲ့ပါတယ်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s