သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်
မြန်မာ သင်္ကြန်အား ပန်းချီဖြင့် သရုပ်ဖော်စဉ်

သင်္ကြန်ဟူသော စကားသည်သင်္ကန္တဟူသော ပါဠိ မှဆင်းသက်၍ ရွတ်ဆိုသောအခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည် ။ အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၏ ။ ဤကမ္ဘာမြေကြီးသည် နေကိုဗဟိုပြု၍ မိဿ ရာသီမှစ၍ ပြိဿ ၊ မေထုန် ၊ ကရကဋ် ၊ သိဟ် ၊ ကန် ၊ တူ ၊ ဗြိစ္ဆာ၊ ဓနု ၊ မကာရ ၊ ကုမ် ၊မိန် ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်း လှည့်လည်ပြီးနောက် သူရိယသိဒ္ဓန္တကျမ်း အလို ၃၆၅ ရက် ၊ ၆ နာရီ ၊ ၁၂မိနစ် ၊ ၃၇စက္ကန့် ပြည့်သောအခါ ၊ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ်စင်သည် မိဿရာသီအစ သုညအင်္သာသို့ဝင်၏ ။ သို့ရာတွင် နှစ်မကူးသေးချေ ။ ဗေဒင်တွက်ရိုးကျမ်း များ၌ ရ၀ိဖုဋဂြိုဟ်စင် နှင့် ရ၀ိမဓျဂြိုဟ်သွမ်း ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည် ။ ထို့ကြောင့် မိဿရာသီသို့ ထိုဂြိုဟ်နှစ်မျိုးနှစ်စား ရောက်သော အချိန်ကာလသည်လည်း ကွဲပြားသည် ။ မိဿရာသီသို့ တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ် ၀င်ရောက်ရှိပြီး၍ ၂ရက် ၊ ၄နာရီ ၊ ၄မိနစ် ၊ စက္ကန့် ၄၀ ကြာမှ တနင်္ဂနွေ ရ၀ိမဓျဂြိုဟ်သွမ်း ရောက်ရှိ၏ ။ ထိုကဲ့သို့ ကွာခြားသော နှစ်ရက်ကျော် ကာလသို့ ဝင်သောအခါကျမှသာ အတာတက်၍ နှစ်သစ်ကူးပြီဟု အသိအမှတ် ပြုကြ၏ ။ ဤသင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည် ။ သင်္ကြန်ရေပက် ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည် ။ ရေသည် မေတ္တာဓာတ်ကို တင်စားသည် ။ ရေကစား ကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသောမေတ္တာဓာတ်ဖြင့် ကစားခြင်းဖြစ်သည်။

မြို့ကြီးများတွင် များစွာသော ရေပန်းများဖြင့် ခေတ်သစ် မြန်မာ သင်္ကြန်ရွှင်မြုးကြစဉ်

သင်္ကြန်ပွဲ သည်မြန်မာ့တို့၏ ရိုးရာပြက္ခဒိန် အစဆုံးလဖြစ်သော တန်ခူးလတွင် ကျင်းပသည် ။ တန်ခူးလသည် အင်္ဂလိပ်ပြက္ခဒိန်မှ ဧပြီ (April) လနှင့်တိုက်ဆိုင်သည် ။ သင်္ကြန်ပွဲကို မြန်မာ့နှင့် ယဉ်ကျေးမှု့ချင်းဆက်စပ်နေသော လော (Laos) နိုင်ငံ ၊ ကမ္ဗောဒီးယား (Cambodia) နိုင်ငံ နှင့် ထိုင်း (Thailand) နိုင်ငံတို့တွင် အလားတူပင် ဧပြီလ၌ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည် ။ သို့ရာတွင် မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ယင်းပွဲတော်တို့ထက် ကြီးကျယ်၍ ရှေး အင်းဝခေတ် ကပင်လျှင် အင်္ဂလိပ် စသောတိုင်းတစ်ပါးသားတို့က နှစ်သက်ဖွယ်ရာမှတ်တမ်းတင်ခဲ့ကြသည်။

သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်း ဖြစ်သည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။ ကုလားတို့သည် ကလေးတစ်ဦးမွေးပါက နေပြ မင်္ဂလာ၊ လပြ မင်္ဂလာ၊ ကွမ်းခွံ့ မင်္ဂလာ၊ ထမင်းခွံ့ မင်္ဂလာ၊ ပုခက်တင် မင်္ဂလာ၊ နားထွင်း မင်္ဂလာ၊ နာမည်ပေး မင်္ဂလာ စသဖြင့် ပြုပါ၏။ မင်္ဂလာ ၁၂ ပါးအကြောင်း သိလိုလျှင် မာမာအေး၏ မင်္ဂလာ ၁၂ ပါးသီချင်း ကို နားဆင်ကြည့်ပါ။

“ရ၀ိန္ဒု ဒဿန- နေလပြတဲ့ မင်္ဂလာ အညီ၊ ကဏ္ဍ၀စ္ဆ နားကို သ ခြင်း ပြုပါသည် —– ”

ပြောင်းရွှေ့ခြင်းသည်ပင် သင်္ကြန်

သင်္ကြန်ဟူသည်မှာ ပါဠိဘာသာ “သင်္ကန္တ” သက္ကဋဘာသာ “သင်္ကြန်” ဟူသော မြန်မာဝေါဟာရသည့် ပြောင်းရွှေ့ခြင်းအနက်ကို ဆောင်ပေသည်။

အဘယ်သို့ ပြောင်းရွှေ့ခြင်းအနက်ကို ဆောင်သနည်းဟူမူ အချင်း ယူဇနာ (၅၀) လုံးဝန်း ယူဇနာ (၁၅၀) ရှိ၍ အတွင်းကားရွှေ၊ အပကားဖလ်အတိပြီးသော ဘာဏုရာဇာမည်သော တနင်္ဂနွေဂြိုဟ်မင်းသည် န၀င်းတလုံးမှန၀င်း တလုံး၊ နက္ခတ်တလုံးမှ နက္ခတ်တလုံး၊ တရာသီမှ တရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့လာခဲ့ခြင်းပင်ဖြစ်သည်။ ယင်းပြောင်းရွှေ့ခြင်းကိုပင် သင်္ကန္တ- သို့မဟုတ် သင်္ကြန္တ-ဟု ခေါ်ခြင်းဖြစ်ရာ၊ တနှစ်အဖို့တွင်၊ န၀င်းအားဖြင့် (၁၀၈) န၀င်းဖြစ်၍ သင်္ကြန် (၁၀၈) ကြိမ်၊ နက္ခတ် (၂၇) လုံးဖြစ်၍ သင်္ကြန် (၂၇) ကြိမ်၊ (၁၂) ရာသီဖြစ်၍ သင်္ကြန် (၁၂) ကြိမ် ရှိသည်ဟု ဆိုနိုင်ပေသည်။ ယင်းသို့ဆိုနိုင်သော်လည်း ထိုသင်္ကြန်တို့မှာ သာမညရွှေ့ပြောင်းခြင်းတည်းဟူ သော စူဠသင်္ကြန်တို့သာ ဖြစ်ပေသည်။ မဟာသင်္ကြန်ကား မဟုတ်ပေ၊ (၂) ရာသီနက္ခတ်တို့သို့ ရွှေ့ပြောင်း ချဉ်းကပ်ခြင်း သင်္ကြန်ကလေးများသည် တနင်္ဂနွေဂြိုဟ်မှာသာမဟုတ် ဂြိုဟ်တိုင်းပင်ရှိ၏။ ယင်းသို့ရှိသော်လည်း လူတိုင်းသည် တနင်္လာစသော ဂြိုဟ်တို့ကို မထားမူ၍၊ တနင်္ဂနွေဂြိုဟ်ကိုသာ တိုင်းထားပြီးလျှင် နှစ်၊လ၊ ရက်တို့ကို သားကြသောကြောင့် တနင်္ဂနွေဂြိုဟ် ရွှေ့ခြင်းဖြင့်သာ သင်္ကြန်ကို အသိအမှတ်ပြုကြပေသည်။
နက္ခတ်စက်ဝန်း

ေဿဝဏီနက္ခတ်မှစ၍ ရေ၀တီနက္ခတ်များရှိသော (၂၇) လုံးသောနက္ခတ်တို့သည် အာကာသကောင်းကင်တွင် စက်ဝန်းပုံပြု၍ အ၀ိုင်းလိုက် လှည့်လည်လျက်ရှိရာ၊ ယင်းစက်ဝန်းပုံကြီးသည် ယူဇနာသုံးသန်းကျော်ရှိသည်ဟု ဆိုပေသည်။ ယခုလူ့ပြည်မှ မြင်ရသည်မှာ နက္ခတ်စက်ဝန်းကြီး၏ ဂ-ပုံတပုံမျှသာဖြစ်၍ အရှေ့မှအနောက်သို့ အတန်းလိုက် ရွေ့လျားနေသည်ဟု ထင်ရပေသည်။ ယင်းစက်ဝန်းပုံ နက္ခတ်ဝိုင်းကြီးမှ နက္ခတ်တလုံး-တလုံးကို တပတ်ဟု ခေါ်ဆိုသည့် ပါဒ-သဒ္ဒါသည် အပိုင်းအပုံကို ဟောသည်၊ နက္ခတ် (၂၇) လုံးဖြစ်၍ ပတ်ပေါင်း (၁၀၈) ပတ်ရှိသည်။ ယင်း (၁၀၈) ပတ်ကိုပင် (၁၂) ပိုင်းပြု၍ ပိုင်းခြားလိုက်ပြန်သော်- တဘို့ တဘို့၌ (၉) ပတ်စီ အညီအမျှရလေသည်။ ယင်း (၉) ပတ်ကို ဗေဒင်ခေါ်အားဖြင့် န၀င်းဟုခေါ်သည်။ (၉) ခုအရေအတွက်ဟု ဆိုလိုသည်။ ဤ (၉) လုံးတပုံ၊ (၉) လုံး တစုကိုပင် ပါဠိဘာသာအားဖြင့် ရာသီဟုခေါ်သည်။ အစုအပုံဆိုလိုသည်။ ယင်းသို့အားဖြင့် တရာသီလျှင် (၉) ပတ် န၀င်း (၉) လုံးကျဖြင့် တဆယ့်နှစ်ရာသီအတွက် (၁၀၈) န၀င်းပင်။ သို့မဟုတ် ပတ်ပေါင်း (၁၀၈) ပတ် ဖြစ်လေတော့သည်။
နေနှင့်နက္ခတ်အသွားပြိုင်

တနင်္ဂနွေဂြိုဟ်မင်းသည် စက်နာရီ (၂၄) မိနစ်နှင့် ညီမျှသော မြန်မာ (၁) နာရီတွင် ယူဇနာငါးသောင်းနှုန်း ကျဖြင့်သွားသည်ဟု သူရိယောဂ္ဂမဒီပနီကျမ်းနှင့် သာရတ္ထဒီပနီမည်သော ၀ိနည်းဋီကာကျမ်းကြီးတွင် ပါရှိသည်။ ဇာတ်နိပါတ်များတွင်လည်း နေမင်းအသွား လျှင်မြန်ပုံ ဟောကြားတော်မူချက်ရှိပေသည်။ ယင်းနေမင်း၏ အသွားနှုန်းထက်ပင် နက္ခတ်ရာသီစက်ဝန်းကြီးက မြန်သေးသည်ဆိုရကား.. နာရီ (၆၀) လျှင် (တရက်လျှင်) တအင်္သာ နေမင်းက ကျန်ရစ်ခဲ့၏။ ယူဇနာ (၅,၀၀၀) ကျော် ရာသီစက်ဝန်းက ရှေ့သို့ ခရီးလွန်သွားသည်ဟုလို။ ထို့ကြောင့် န၀င်း တလုံးလျှင် (၃) ရက်၊ နာရီ (၂၀) သာ လိုက်နိုင်၍၊ န၀င်းလေးလုံးဟူသော နက္ခတ်တလုံး (၁၃) ရက်၊ နာရီ (၂၀) ရှိလျှင်-နက္ခတ် တလုံးကို ပြောင်း၍ လိုက်ရပြန်သည်။ ရက် (၃၀) ရှိလျှင် (၂) လုံးတပတ်၊ န၀င်း (၉) လုံးဟုသော တရာသီမှ ပြောင်း၍ လိုက်ရပြန်သည်။ ဤသို့လျှင် နေမင်းကနှေး၍ ရာသီစက်နက္ခတ်က မြန်လေသဖြင့် မိဿရာသီ၊ အဿဝနီနက္ခတ် ပထမပတ်၌ (၃) ရက် နာရီ (၂၀)၊ ဒုတိယ ၎င်း (၃) ရက်၊ နာရီ (၂၀) စသည်ဖြင့် (၁၂) ရာသီ (၁၀၈) န၀င်းလျှင် အကြမ်းစားအားဖြင့် ရက်ပေါင်း (၃၆၀) ကျော်ရှိသော .. မိန်ရာသီ၊ ရေ၀တီနက္ခတ် စတုတ္ထပတ်မှ ပထမလှည့်လည်ရင်း၊ မိဿရာသီ၊ အဿဝနီ နက္ခတ် ပထမပတ်သို့ ပြန်လည်ရောက်ရှိလာသည်ကို (၁၀၈) န၀င်း၊ နက္ခတ် (၂၇) လုံး၊ (၁၂) ရာသီပြည့်ဖြစ်၍ ပြောင်းလာကြသောကြောင့် ပတ်ပြပြည့်၊ နက္ခတ်ပြည့် ရာသီပြည့်ဖြစ်၍ “မဟာသင်္ကြန်” ဟု ခေါ်ဆိုကြလေသည်။
နှစ်တပတ်လည်- ရက်ပေါင်း

ဤသို့ တဆယ့်နှစ်ရာသီစက်ဝန်းတွင် တနင်္ဂနွေဂြိုဟ်တည်ဟူသော နေမင်းလှည့်လည်ခဲ့၍၊ နှစ်တပတ်လည်သော ရက်ပေါင်းသည် မကာရန္တစသော ဗေဒင်ကျမ်းများအလိုအားဖြင့် (၃၆၅) ရက်၊ (၆) နာရီ၊ (၁၂) မိနစ်၊ (၃၆) စက္ကန့်၊ (မြန်မာနာရီစစ်စစ်ဖြင့်ဖွဲသော .. (၃၆၅) ရက်၊ (၁၅) နာရီ၊ (၃၀) ဗီဇနာ၊ (၃၁) ခရာ၊ အနုခရာ (၂၄) ဖြစ်သည်။) အင်္ဂလိပ် နက္ခတ်အရာကြီးတို့အလိုအားဖြင့် (၃၆၅) ရက်၊ (၅) နာရီ၊ (၄၀) မိနစ်၊ (၄၆) စက္ကန့်ရှိ၏။ ထိုသို့ရှိသောကြောင့် နှစ်တပတ်လည်သောအခါ မြန်မာနာရီပေါင်းက အင်္ဂလိပ်နာရီပေါင်းထက် တနှစ်လျှင် (၂၃) မိနစ်နှင့် စက္ကန့် (၅၀) အမြဲ ပိုလွန်လျက် ရှိလေသည်။ (၄) နှစ်လျှင် တကြိမ်ကျ အင်္ဂလိပ်ရက် နှစ်အဖြစ်နှင့် တရက်တိုး၍ထားသော်လည်း မြန်မာအချိန်ကပင် ပိုလွန်လျက်ရှိသေး၏။ သို့အတွက် တနှစ်၏ ရက်ချင်းအချိန်ချင်း မြန်မာနဲ့ အင်္ဂလိပ်ကွားခြားလျက် ရှိသဖြင့် မဟာသင်္ကြန်ကျသောရက်သည် အင်္ဂလိပ်ရက် တရက်အပေါ်တွင် အမြဲမတည်နိုင်ချေ။
မြန်မာသင်္ကြန်ကျရက်နှင့် ဧပြီ (၁၃)

မြန်မာသက္ကရာဇ် ၁၁၀၁ ခုနှစ်လောက်တွင် ဧပြီလ (၁၀) ရက်နေ့၌ မဟာသင်္ကြန်ကျသောရက်နှင့် တိုက်ဆိုင်ခဲ့၏။ ထို့နောက် ၁၁၆၂ ခုနှစ်လောက်တွင် ဧပြီလ (၁၁) ရက် သက္ကရာဇ် ၁၂၂၀ ပြည့်လောက်တွင် ဧပြီလ (၁၂) ရက်၊ ၁၂၆၃ ခုနှစ်လောက်ကစ၍ ဧပြီလ (၁၃) ရက်နေ့၌ မဟာသင်္ကြန်ကျသော ရက်များနှင့် တိုက်ဆိုင်ခဲ့ရာ၊ လွန်ခဲ့သည့် ၁၃၁၅ ခုနှစ်ထိ ဖြစ်တော့သည်။ ဧပြီလ (၁၃) ရက်နေ့ မဟာသင်္ကြန်ကျခဲ့သော နှစ်ပေါင်းမှာ (၅၀) ကျော်ကြာရှည် ခဲ့သဖြင့် မြန်မာသင်္ကြန်ကျမည့်ရက်ကို မြန်မာရက်အားဖြင့် ရုတ်တရက် မပြောနိုင်စေကာမူ အင်္ဂလိပ်ရက်အားဖြင့် (၁၃) ဂဏန်းကိုမူကား… လူတိုင်းပင် နှုတ်တက်ရနေကြပေတော့သည်။
(၁၃) မှ (၁၄) သို့

သို့ရာတွင် ယခုနှစ် အဖို့တွင်ကား နှုတ်တက်ရနေကြသော် ဧပြီလ (၁၃) ရက်တွင် တရက်တိုး၍ (၁၄) ဂဏန်းဖြင့် အသစ်ပြင်မှတ်ကြရပေတော့မည်။ အဘယ်ကြောင့်ဆိုသော် မြန်မာသင်္ကြန်ကျမည့်ရက်ကို မဟာသင်္ကြန်စာများက…

“ဇေယတု။ ။ အချင်းယူဇနာ (၅၀) ။ လုံးဝန်းယူဇနာ (၁၅၀) ။ အတွင်းက ရွှေကား။ အပကားဖလ်အတိပြီးသော။ ရောင်ခြည်တထောင်ဆောင်သော် ဘာနုရာဇာမည်သော် တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်းဖြစ်သော မိန်ရာသီ။ ရေ၀တီနက္ခတ် အ၀သာန်န၀င်းလက်ထက်မှသည် တန်ခူးဖြစ်သော မိဿရာသီ။ အဿဝဏီနက္ခတ်၊ အာဒိန၀င်း ထက်သို့ မြန်မာသက္ကရာဇ် ၁၃၁၆ ခု၊ နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်၊ (၄) ဟူးနေ့၊ ညဥ့် (၃) ချက်တီးကျော်၊ (၇) ရက် ကြာသတေးနေ့သို့အ၀င် (၂) နာရီ၊ တပတ်၊ (၉) ဗီဇနာ၊ (၃) ပြန်၊ (၂) ခရာ၊ ကုန်လတ်၊ ဓနုစန်း၊ (၂) လာ ဟောရက်၊ သောကြာတရင်း၊ အင်္ဂါန၀င်း၊ ဗဗကရိုဏ်းနှင့် ယှဉ်၍ လက်စီးနက္ခတ် (၂၄) လုံး၊ ပတ်ပြည့်၊ (၁၁) ဃဋီလက်စီးလျက် ဇေဌနက္ခတ်၊ (၂၃၇) အံသာ၊ (၃၆) လိတ္တာ မွန်းတည့်သောအချိန်၊ အင်္ဂလိပ်သက္ကရာဇ် ၁၉၅၅ ခု၊ ဧပြီ (၁၄) ရက်၊ ကြသပတေးနေ့၊ ညဥ့်စက်နာရီ (၃) နာရီ၊ (၅၀) မိနစ်၊ (၂၄) စက္ကန့် စံချိန်တော်အားဖြင့် (၃) နာရီ၊ (၅၃) မိနစ်၊ (၂) စက္ကန့် အချိန်တွင် တနင်္ဂနွေဂြိုဟ်မင်းသည် ရွှေအဆင်းတူသော အ၀တ်တန်ဆာတို့ကို ၀တ်ဆင် လျက် သိန္ဓောမြင်းကို စီး၍ ရေချမ်းအိုးကို ပိုက်လျက် အနောက်ကသည် အရှေ့မြောက်ထောင့်သို့ ပြောင်းဝင်၏။” ဟူ၍ သင်္ကြန်ကျမည့်ရက်သည် မြန်မာ တန်ခူးလပြည့်ကျော် (၆) ရက်၊ အင်္ဂလိပ် ဧပြီလ (၁၄) ရက်နေ့ဖြစ်ကြောင်း ဖော်ပြထားခြင်းကြောင့် ဖြစ်ပေသည်။

ဤတွင် အနှစ် (၅၀) ကျော်မျှ အင်္ဂလိပ်တို့၏ အယူအဆဖြင့်သာမဟုတ် မြန်မာတို့၏ အယူအဆဖြင့်လည်း နိမိတ် မကောင်းသော ဂဏန်းအရေအတွက်ဟု မှတ်ယူထားကြသည့် ဧပြီလ (၁၃) ရက်မှ လွတ်ကြရပေတာ့မည်။ အချို့အယူသီးတို့က မြန်မာနှစ်သစ်မင်္ဂလာကို အင်္ဂလိပ်တို့က နှိမ်ချသည့်အနေဖြင့် တမင်စီစဉ်ထားသလိုလို ယူဆထားကြပေသည်။ မန္တလေးမြို့မှ ပညာရှိဦးကျော်ရန် ၁၂၉၃ ခုနှစ်လောက်က မဟာသင်္ကြန်ကျမည့်ရက်ကို တွက်ချက်နှိုင်းယှဉ်ပြီးလျှင် ၁၃၀၁ ခုနှစ်လောက်ကစ၍ ဧပြီလ (၁၄) ရက်နေ့နှင့် ဆုံ၍ မဟာသင်္ကြန်ကျလိမ့်မည်ဟု တင်ကြိုရေးသားခဲ့ဖူးသေးသည်။

မဟာသင်္ကြန်ကျမည့်ရက်သိလိုက

ဤဆောင်းပါးတွင် ဖော်ပြထားသည့် အင်္ဂလိပ်ရက်နှင့် မြန်မာသင်္ကြန်ကျမည့်ရက်များ နှိုင်းယှဉ်ချက်သည် ဆရာကြီး ဦးကျော်ရန် ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါသည်။ ဤတွင် မဟာသင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ တွက်ယူနိုင်သော အကြမ်းနည်းမှာ လွန်ခဲ့သောနှစ် သင်္ကြန်တက်သောရက်ကစ၍ ရေတွက်လျှင်၊ (၃၆၄) ရက်စေ့ ရောက်သောနေ့လည် လာမည့်နှစ်၌ မဟာသင်္ကြန်ကျမည့်ရက်ဖြစ်ကြောင်း သိနိုင်ပေသည်။ နေ့အတွက်ကိုကား လွန်ခဲ့သောနှစ်က အတာနေ့ဟု ဆိုအပ်သော သင်္ကြန်တက်သည့်နေ့တွင် တခုနှုတ်၍ သို့မဟုတ် တရက်သည် ၁၃၁၆ ခုနှစ်အတွက် သင်္ကြန်စာကို ပြန်ကြည့်လျှင် ၁၃၁၅ ခုနှစ် နှောင်းတန်ခူး (၁၂) ရက်နေ့သည် ညဥ့် (၂) ချက်တီးကျော် (၁၃) ရက်သောကြာနေ့တွင် မဟာသင်္ကြန်တက်ခဲ့သောကြောင့် ထိုသင်္ကြန်တက်သည့် သောကြာနေ့တွင် တရက်နောက်ဆုတ်၍ ရေတွက်က ကြာသပတေးနေ့ကျသဖြင့် ယခုနှစ် မဟာသင်္ကြန်ကျသည့် နေ့သည် နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်နေ့ ညဥ့် (၃) ချက်တီးကျော် (၇) ရက် ကြသပတေးနေ့အ၀င်တွင် မဟာသင်္ကြန်ကျပေကြောင်း အလွယ်တကူ တွေ့ရမည်ဖြစ်ပေသည်။ အတိအကျအားဖြင့်မူကား လွန်ခဲ့သည့်နှစ် မဟာသင်္ကြန်ကျသော နေ့ရက်ချိန်မှ (၃၆၅) ရက် (၆) နာရီ (၁၂) မိနစ် (၃၆) စက္ကန့် စေ့ရောက်လျှင် လာမည့်နှစ်၌ မဟာသင်္ကြန်ကျမြဲဖြစ်ကြောင်း ဖြစ်ပေသည်။
အတာစားခြင်းဟူသည်ကား

ဤတွင် မဟာသင်္ကြန်နှင့် တွဲဖက်၍ အတာ- အတာစားခြင်းဟူသော အမည်ဝေါဟာရများလည်း သင်္ကြန်စာများတွင် ပါရှိမြဲဖြစ်ပေရာ၊ ယင်းအတာကို ဤသို့ သိရှိအပ်ပေသည်။ “အတာ” ဟူသည် လောကီအလို ဒဏ်သင့်ခြင်းဖြစ်သည်။ အတာရက်မှာ သင်္ကြန်အတက်ရက်နှင့် သက်ဆိုင်၍ ထိုနေ့သားသမီးများ အတာစားကြရသည်။ ယခုနှစ်အဖို့ရာတွင် မြန်မာသက္ကရာဇ် ၁၃၁၆ ခု၊ နှောင်းတန်ခူးလပြည့်ကျော် (၉) ရက် စနေနေ့တွင် အတာတက်မည်ဖြစ်ရာ၊ အတာစားခြင်းနှင့် ပတ်သက်၍ သင်္ကြန်စာများက ထိုသို့ တက်သောအခါ စနေသား၊ စနေသမီးတို့သည် ကောင်းမွန်ထူးခြား၊ ၀တ်စားသာရွှင်၊ တန်းဆာဆင်လျက်၊ ဘုန်းအင်သကျ၊ မြတ်ဇနိနှင့်၊ ဓမ္မသင်္ဃာ၊ ဆရာမိဘ၊ ဘိုးကဘွားစုံ၊ ပူဇော်တုံမှ မွှေးထုံနံ့သာ၊ ကိုယ်မှပြုပြင်၊ ၀တ်ဆင်တန်ဆာ အံ့ရာဖြင့်ညီ၊ ကောင်းချီးစုံစေ့၊ ရွှင်ပျော်မွေ့လျက်၊ ချိုမြက်ရသာ၊ ရှေ့မှာခင်းကျင်း၊ ဖြည့်တင်းအတာ၊ ဂြဟဇာပွင့်ရာ၊ အနောက်တောင်ထောင့်အရပ် သို့ မျက်နှာမူ၍၊ အုန်းညွန့်ကို ပန်ဆင်ပြီးလျှင် အတာစားကုန်ရာသည်။ အတာစားရသော အကျိုးကား … အတာကမ္မံ၊ ကရောန္တဿ မဟာပုညံ မဟပ္ပလံ၊ မဟိဒ္ဓိကံ မဟာတေဇံ၊ မဟာသုခံ လဘိဿတိ၊ ဝေရီဇေယံ၊ သုမင်္ဂ- ဟုလာသောကြောင့် ခပ်သိမ်းသော အန္တရာယ်ကင်းပျောက်၍ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံကုန်ရာသည်။ ဟူ၍ နှိုးဆော်တိုက်တွန်းထားပေသည်။

ဤအတာစားခြင်းနှင့် ပတ်သက်၍ အကျိုးပြုတရားများကို တရားစာအချို့၌ ကောသလမင်းကြီးအား ဘုရားရှင် ကိုယ်တော်တိုင် ထုတ်ဖော်ဟောကြားတော်မူခဲ့လေဟန် ရေးသားထားသော်လည်း၊ ကေသလသုံယုတ်စသော ခိုင်ခံ့သောပါဠိတော်ကြီးများ၌ မပါမရှိဟု သိရပေသည်။ သို့ရာတွင် နှစ်ဦးအခါတွင် ကုသိုလ်နှင့် ယှဉ်သော မင်္ဂလာယူမှုဖြစ်၍၊ ပြုသင့်ပြုထိုက်သော ကိစ္စရပ်ဟုဆိုရပေမည်။ ယခုအခါ၌ ယင်းသို့သော စနစ်တကျ အတာစားမှုများ တိမ်ကောပပျောက် သလောက်ဖြစ်နေသော်လည်း၊ ဒန်း၊ အုန်းညွန့်၊ သပြေစသည်တို့ဖြင့် စိုက်ထိုးအပ်သော “အတာအိုး” များတည်ထားမှုကား တည်မြဲနေပေသေးသည်။ ယင်းအတာအိုးကိုကား သင်္ကြန်ကို စောင့်သည့်အနေဖြင့် သင်္ကြန်မကျမီကပင် ကြိုတင်ပြင်ဆင်ထားရသည်။ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကိုသွန်၍ သင်္ကြန်ပန်းကို အိမ်ဦးဝင်းထရံစသည်တို့၌ ထိုးစိုက်က ဆိုတောင်းဆုယူ ပြုကြလေသည်။
ဦးခေါင်းဆေးလျှော်ခြင်း

ထိုပြင် သင်္ကြန်အခါတွင် ပြုသင့်ပြုထိုက်သော ကိစ္စတရပ်ရှိပေသေးသည်။ ယင်းသည်မှာ ဦးခေါင်းဆေးလျှော်ခြင်း ဖြစ်သည်။ ဦးခေါင်းဆေးလျှော်ခြင်းသည် မိမိတို့ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းဆံပင်ဖျား၌ နောက်နှစ်ကတင်ရှိ ပါလာခဲ့သော ချေးညှော်အညစ်အကြေးများကို ကူးပြောင်းလတံ္တ့သော နှစ်တနှစ်ဦးဘက်ဆီိသို့ မပါစေရန်အတွက်ဟု အယူရှိကြပေသည်။ နိမိတ်မင်္ဂလာယူခြင်းပင်ဖြစ်သော်လည်း စိတ်၏ သန့်ရှင်းမှု၊ ကိုယ်၏ သန့်ရှင်းမှုဟု အကျိုးပြုရာရောက်၍ ပြုသင့်ပြုထိုက်သော ကိစ္စပင်ဖြစ်သည်။
သင်္ကြန် (၃) မျိုး

ဤဦခေါင်းဆေးလျှော်ရာ၌လည်း အတာစားခြင်းကိစ္စမှာကဲ့သို့ စနစ်တကျဖြစ်စေရန် သင်္ကြန်စာများက ဖော်ပြကြပေသေးသည်။ သင်္ကြန်သည် ဗသျှုသင်္ကြန်၊ အာရာမသင်္ကြန်၊ သာမန္တသင်္ကြန်ဟူ၍ သုံးမျိုးရှိရာ ဗသျှုသင်္ကြန်မှာ သင်္ကြန်မ၀င်မီ ဆေးရ၍၊ အာရာမသင်္ကြန်မှာ ၀င်ဆဲဆေးရပြီးလျှင်၊ သာမန္တသင်္ကြန်ကား သင်္ကြန်ဝင်၍ တနာရီလွန်မှ ဆေးလျှော်ရသည်ဟု သင်္ကြန်ဝင်တွက်ရိုးကျမ်းများက ဖော်ပြကြပေသည်။ ယခုနှစ် သင်္ကြန်မှာ သင်္ကြန်တွက်ရိုးများအရ “သမန္တ” သင်္ကြန်ကျသဖြင့် သင်္ကြန်စာများ၌ “သင်္ကြန် (၃) ပါးတွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် အင်္ဂါသားသမီး၊ ကြသပတေးသားသမီးတို့ကို ချန်လှပ်၍ ကြွင်းသော (၅) ရက် သားသမီးတို့သည် သင်္ကြန်ကျပြီးနောက် တနာရီသို့ ရောက်လျှင် (၂၄) မိနစ်လွန်သော် မိမိတို့ ဂြဟပတိအရပ်သို့ သွား၍ ဂြဟဇာပွင့်ရား အရှေ့တောင်ထောင့်အရပ်သို့ တနာရီသို့ မျက်နှာမူပြီးလျှင် ရတနာသုံးပါး သိကြားဗြဟ္မာ စတုလောကပါလ သာသနာတော်စောင့် သမာဒေ၀နတ်ကောင်း နတ်မြတ်၊ မိဘဘိုးဘွား ဆရာသမားတို့အား တိုင်ကြားပသပူဇော်ပြီးလျှင် သစ်ပင်ရင်း၌ ဦးခေါင်းဆေးကုန်ရာသည်။ အင်္ဂါသားသမီး၊ ကြသပတေးသားသမီးတို့မှာ အကြတ်နေ့ နံနက် မိမိတို့ ဂြဟပတိအရပ်သို့ သွား၍ ဂြဟဇာပွင့်ရာ တောင်ရပ်သို့ မျက်နှာမူ၍ ဦးခေါင်းဆေးကုန်ရာ သည်။ ဦးခေါင်းဆေးပြီးလျှင် ဆောင်ရာသောပန်းကား တနင်္ဂနွေ ကံ့ကော်၊ တနင်္လာ နေဇာ၊ သောကြာ ဒန်း၊ စနေ အုန်းညွန့်တို့ကို ပန်ဆောင်ကုန်ရာသည်။ ဦးခေါင်းဆေးရာသော အကျိုးကား (သင်္ကန္တံ သတ္တရုဘယံ ၀ိနဿန္တု) ဟူ၍ လာသောကြောင့် အပြစ်ခပ်သိမ်းကင်းပျောက်၍ ကောင်းကျိုးများစွာ ရောက်ကုန်ရာသည်” ဟု ဖော်ပြထားပေသည်။ စလေဆရာကြီးဦးပုည၏ မိဿရာသီ တန်ခူးလဘွဲ့တေးထပ်၌ “တည့်သုံးဘ၀ါးရိပ် ဆာယာမှာ၊ တူမကွာ မောင်မယ်နွှဲလို့၊ မြတ်သည့်ပွဲ သင်္ကြန်တော် တီးခြိမ့်ခြိမ့်ကြော်။ ထီးကမ္ဗုရိပ်ပျော်ငယ်၊ ခေါင်းလျှော်တော်မူမြဲထင့်လေး။ ။ ဟု စပ်ဆိုထားခြင်းဖြင့်လည်း ရှေးပဒေသရာဇ်ခေတ်က နန်းတွင်းသူ နန်းတွင်းသားများ တခမ်းတနားပင် သင်္ကြန်တော် ခေါင်းဆေးမင်္ဂလာ ပြုလုပ်ခဲ့ပုံကို မျှော်မှန်းနိုင်ပေသည်။
ရေဖျန်းသဘင် ကစားခြင်းအစဉ်

ဤမဟာ သင်္ကြန်ကူးပြောင်းခြင်းသည် အာပေါဓာတ် မိုးနက္ခတ် ရေရာသီ ငါးကြင်းရုပ် အမှတ်အသားရှိသော မိန်ရာသီိမှ ဆိတ်ရုပ်သဏ္ဌာန်၊ ဆိတ်တို့၏ သဘောပူသော မိဿရာသီတို့ တနင်္ဂနွေဂြိုဟ်မင်း ကူးပြောင်း ၀င်လာခြင်းဖြစ်၍ ကူးပြောင်းသော ရာသီအိမ်အားလျော်စွာ သင်္ကြန်ရေတို့ဖြင့် ဆီးကြိုကြခြင်းဖြင့် ရေဖျန်းသဘင် ပျော်ရွှင်ကစားခြင်းတည်းဟူသော အတာသဘင် သည် ဖြစ်ပေါ်ခဲ့ရပေသည်။

သာသနာဝင်ကျမ်းများအရ ကပ္ပီလ၀တ်ပြည် သာကီဝင်မင်းမျိုးတို့ ရေဖျန်းသဘင် ကစားကြခြင်းသည် အတာသဘင်၏ သမိုင်းစဉ် တွင် ရှေးအကျဆုံးသော မှတ်တမ်းတရပ်ဖြစ်ပေသည်။ ထိုသည့် နောက် မဟာရာဇ၀င်တွင် ဖော်ပြပါရှိသော ပုဂံပြည်နရသီဟပတေ့၊ တရုတ်ပြေးမင်းလက်ထက် ကျင်းပခြင်းသည် ဒုတိယမြောက်ဖြစ်၍ မြန်မာပြည်အတွက်ဆို လျှင် ရှေးအကျဆုံးတွေ့ရသော အတာသဘင်မှတ်တမ်း ဖြစ်ပေသည်။

မန်မာတို့၏ ထီိးမူနန်းရာ အစဉ်လာယဉ်ကျေးမှုများသည် သာကီဝင်မင်းတို့၏ ထုံးတမ်းစဉ်လာမှ သက်ဆင်းခဲ့သည် သာများ၍ ဤရေဖျန်းသဘင်ကျင်းပခြင်းလည်း ထိုသို့ပင် မှတ်ယူရမည်ဖြစ်ပေသည်။ တရုတ်ပြေးမင်းလက်ထက် ရေဖျန်းသဘင် ကစားပုံမှာ နန်းတော်ကသည် မြစ်ဆိပ်သို့တိုင်အောင် တလျှောက်တည်း တဲဆောက်ပြီးသော် လူမမြင်သာအောင် ကာရံပြီးသော် နန်းတော်က မိဖုရား မောင်းမတို့နှင့် တကွ တဲတန်းဥမင်ထဲကို ကြွသွား၍ ရေဆိပ်မှာ ရေကစားခြင်း ဖြစ်လေသည်။ ဤတရုတ်ပြေးမင်းလက်ထက် ကျင်းပခဲ့သော ပုဂံခေတ်သင်္ကြန်နှင့် ပတ်သက်၍ ယခုကမ္ဘာ့ငြိမ်းချမ်းရေးစတာလင်ဆုရ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မစ္စတာ မောင်မှိုင်းအမည်ဖြင့် စီရင်ရေးသားခဲ့သော “မျောက်ဋီကာ” ကျမ်းကြီး၌ “သြော် ပြန်လှန်ဆပြန်တော့၊ သင်္ကြန်ကျချိန်ပေါ့၊ ယမန်သမယဆီက ပုဂံသမ္မတ ရှင်ဘုရင် သားမြွာဘာပါတဲ့၊ ဆောင်းမှနွေအလည် ဘုန်းရောင်တော်ပြနေကြ၊ မောင်မရွေ့ညီ၊ မဟေသီသုံးထောင်ကျော်မျှရယ်နှင့်၊ သည်လနွေရသီမှာဖြင့်၊ ဆွေကလျာမဒီတွေကို ချစ်စိတ်စမ်းလိုတဲ့ တအားရယ်နှင့်၊ ဧရာဝတီမြစ်ဆိပ်ကမ်းတခိုသို့ သွားပါလို့၊ ရွှေနန်းစဉ်အလာ ရေဖျန်းမင်္ဂလာ ကစားစဉ်က” ဟူ၍ လေးချိုးကြီးဖြင့် မှတ်တမ်းတင် ဖော်ပြခဲ့ပေသည်။ စင်စစ် ဤတခေတ် ရေဖျန်းသဘင် ပွဲတော် မင်္ဂလာသည် မူလရည်ရွယ်ရင်းဖြစ်သော် ပျော်ရွှင်ချမ်းမြေ့ခြင်း သဘောသို့ မသက်ရောက်တော့ဘဲ ၀မ်းနည်းပူဆွေး ဖွယ်ရာဖြင့် နိဂုံးချုပ်လိုက်ရသည်မှာ ယဉ်ကျေးမှု ပျက်ပြားချွတ်ယွင်းခဲ့ခြင်း၏ အကျိုးသက်ရောက်မှုပင် ဖြစ်တော့သည်။

အတာသဘင်ကို ယဉ်ကျေးဖွယ်ရာ ဆင်နွှဲကြစေ

ယင်းကြောင့်လည်း နောက်မင်းအဆက်ဆက်တို့ လက်ထက်၌ ပြည်သူတို့အား အခါ (၃) ရက်အတွင်း ထုံးစံရှိသည့် အတိုင်း နံနက် ညနေအချိန်တွင်သာ ရေကြည်ရေအေး၊ အမွှေးအထုံရည်များနှင့် ယဉ်ကျေးဖွယ်ရာ ပက်ဖျန်းကစား ကြရမည့်အကြောင်းကို မြို့တွင်းမြို့ပြင် ရပ်စုကွက်စုများ၌ သင်္ကြန်မကျမီကပင် တင်ကြို၍ မောင်းကြေးနင်းခပ်ကာ သတိပေးခဲ့ကြပေသည်။

ဆီသည့် ရွာစား “လက်ျာရွှေတောင်” ဘွဲ့ရ ဦးအောင်ကြီးဆို “သာစွလေ” အစချီသော (၁၂) ရာသီဘွဲ့လူတား မိဿရာသီ တန်ခူးလဘွဲ့တွင် “ကောင်းကင်မိုးလ၊ စိတ္တရနှင့်၊ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ကတ်၊ ပင်တိုင်းညွတ်မျှ၊ ပွင့်ဝတ်ဝေေ၀၊ တောင်လေသုတ်ဖြူး၊ လတန်းခူးမူ၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လှရရတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့် ထုံသင်းနံ့သာ၊ ရေသီဒါငယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ၊ လည်လှည့်ဆူလှယ်၊ ကင့်စံပပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်၊ ကစားထုံရည်ဖျန်းတည့်လေး။ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေး။” ဟူ၍ စပ်ဆိုခဲ့ခြင်းဖြင့် ရှေးခတ်မြန်မာတို့ အတာသဘင်ကို ယဉ်ကျေးသိုက်မြိုက်စွာ ဆင်နွှဲခဲ့ပုံကို သိနိုင်ပေသည်။ ရတနာပုံ မန္တလေးခေတ်သို့ ရောက်သည့်အခါ၌ကား အတာသဘင်၏ ယဉ်ကျေးမှုစံချိန်သည် အထွတ်အထိပ်သို့ တိုင်လေတော့သည်။ ယင်းအကြောင်းကို ထိုခေတ်က စပ်ဆိုသီရေးခဲ့သည့် ကဗျာ၊ လင်္ကာများတွင်လည်းကောင်း၊ ရာဇ၀င်တော်ကြီ၌လည်းကောင်း တွေ့မြင်ဖတ်ရှုနိုင်ပေသည်။
သင်္ကြန်တွင်း ရှောင်သင့်ရာရာ

အထူးသဖြင့် ဤသင်္ကြန်အခါတွင် ရှောင်ကြဉ်သင့် ရှောင်ကြဉ်ထိုက်သည့်ကိစ္စများကိုလည်း သင်္ကြန်တွက်ရိုးကျမ်း များ၌ ဖော်ပြထားပေရာ၊ ယင်းသည့်အချက်များကို မဟာသင်္ကြန်စာများကလည်း အကျဉ်းချုပ်၍ တဖန်တင်ပြကြ ပြန်သည်။ သင်္ကြန်စာများတွင် ဖော်ပြပါရှိသည့် ရှောင်ကြဉ်ရမည့် အချက်စုတို့မှာ-
“အိမ်ရာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊ ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း၊ ဤ (၁၀) ပါးသော အမှုတို့ဖြစ်ပေသတည်း” သင်္ကြန်တွက်ရိုးများ၌ ဤ (၁၀) ပါးသော အမှုတို့ကို လူမဆိုထားဘိ သိကြားမင်းသော်လည်း ရှောင်ကြဉ်ရာ၏ဟု ပညတ်ချက်ထုတ်ထားရာ၊ တကယ်လည်းရှောင်ကြဉ်သင့်သော အချက်များဖြစ်ကြသဖြင့် ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြပြီးလျှင် နှစ်သစ်ဘက်သို့ မင်္ဂလာယူပြီး ကူးပြောင်းနိုင်ကြပါစေသတည်း။

( မထေရ်မြတ်တို့ဧ။် စကားဝိုင်းမှ )


” ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. ”
” ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. ”
” ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. ”
” သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. ”
” ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. ”
” ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် …အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. ” ..
( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။

” ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား … ဘယ်နေရာ သွားထားပါသလဲ ဘုရား .. ”
” ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. ”
” အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. ”
” ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. ”
” ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. ”
” မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ ”

( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )

” ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် ”
” ဘာတုန်းဟ ကပ္ပိယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ … ”
” ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား … ”
” ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ … အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. ”

( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )

တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရဧ။် .. တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရရဧ။် ဟူသော အတွေးတစ်ချက်လေးရနိုင်ကြပါစေဗျာ

( မထေရ်မြတ်တို့ဧ။် စကားဝိုင်းမှ )

မြန်မာ(၁၂)လရာသီပွဲတော်(၈)။တန်ဆောင်မုန်းလ။

မြန်မာ(၁၂)လရာသီပွဲတော်(၈)
တန်ဆောင်မုန်းလ
ကထိန်ပွဲ ၊ တန်ဆောင်တိုင်ပွဲ ၊သာမည ဖလ အခါတော်နေ့ ။
မြန်မာ(၁၂)လရာသီတို့ တွင် တန်ဆောင်မုန်းလ သည်(၈)လ မြောက်ဖြစ်သည်။ခရစ်နှစ်
အားဖြင့်မူအောက်တိုဘာလ၊နိုဝင်ဘာလများအတွင်း ကျရောက်လေ့ရှိပါသည်။ မိုးတွင်းကာလကုန်
ဆုံးသည့်အချိန် ဖြစ်၍ ၊ “မိုးလအဆုံး-တန်ဆောင်မုန်း”- ဟူ၍ ဆိုလေ့ ရှိကြသည်။ မြန်မာတို့ ၏ လယ်
ယာစိုက်ခင်းကွင်းပြင်တို့ မှ စပါးကောက်နှံတို့ သည် စိမ်းလန်းပြည့်ဖြိုးရာမှ ရင့်မှည့်လုလုအခါ ရွှေဝါ
ရောင် သို့  ပြောင်းလဲကာစ ဖြစ်သည်။မိမိတို့ ၏ ရှင်သန်ပြည့်ဖြိုးသော လယ်ခင်းကိုရှုမြင်ရ၍ ၊တောင်
သူလယ်သမားများ ရွှင်မြူးပြုံးပျော်ကြရသောကြောင့် ၊ “တောင်သူရွှင်ပြုံး-တန်ဆောင်မုန်း”- ဟုလည်း
ဆိုကြပါသည်။စပါးနှံ အခိုင်ခိုင်တို့ မှ အခက်အခက် ဖြာထွက်သော စပါးသီး အစီအရီတို့ သည် ၀တ်ဆံ
ပြည့် အနှစ်အခဲစု၍ ၊ တင်းတင်းလုံးလုံး ပြည့်ဖုံးမို့မောက်လာသောကြောင့်၊ “ ဖုံးတုံးလုံးတုံး-တန်ဆောင်
မုန်း”-ဟူ၍ ၊စပါးနှံတို့ ၏ သဘာဝကို အမှီပြုလျက် အမှတ်အသားပြုကြ ပြန်ပါသည်။
ဤလအခါတွင် ကထိန်ပွဲ ၊ မသိုးသင်္ကန်းယက်ပွဲများ ကျင်းပလေ့ရှိကြသည်။ ကထိန်ပွဲ ခေါ် ကထိန်
သင်္ကန်းကပ်လှူပွဲ ဓလေ့ကို မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိသော ပုဂံခေတ်(ဘီစီ-၁၆၇-
၁၂၈၇) ကပင် အထူးတလည်ကျင်းပခဲ့ကြပါသည်။“ကထိန်” ဟူသော ဝေါဟာရသည် ပါဠိဘာသာ
စကား“ကထိန” မှ ဆင်းသက်လာခဲ့သည်။“မြဲမြံခိုင်ခန့် ခြင်း” -ဟူသော အနက်ရှိပါသည်။မြတ်စွာဘုရား
ရှင်သည် ၀ါတော်(၃၇)၀ါ အကျော်တွင် ၊ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်
မူစဉ် ၊ ၀ါကျွတ်အခါ၌ ပါဝါမြို့ မှ လာရောက်ဖူးမြော်ကြသော ဘဒ္ဒ၀ဂ္ဂီ ညီနောင် ရဟန်းသုံးကျိပ်(ခေါ်)
ဓုတင်ဆောင် ရဟန်းတော်အပါး သုံးဆယ်တို့ ၏ သင်္ကန်းနှင့်ပတ်သက်သော ဆင်းရဲ့ ချို့ တဲ့မှုကို တွေ့ 
မြင်ရသဖြင့် ၊ ကထိန်ခင်း(ကထိန်ပြုလုပ်ကျင်းပခြင်း)ခွင့် ပြုတော်မူခဲ့ပါသည်။ရဟန်းတို့ ဝတ်ရုံအပ်သော
သင်္ကန်း(၃)ထည် ဖြစ်သည့် သင်းပိုင်(ခါးဝတ်) ၊ ဧကသီ(ကိုယ်ရုံ) နှင့် သင်္ကန်းကြီး(ကိုယ်ရုံ အထူ)တို့ 
တွင် ၊ မည်သည့် သင်္ကန်းနှင့်မဆို ကထိန်ခင်းနိုင်သည်။မြန်မာဗုဒ္ဓဘာသာဝင်တို့ သည် “ဘုရားမှာစိန်၊
ကျောင်းမှာသိမ် ၊ သင်္ကန်းမှာ ကထိန်”- ဟူ၍ ဆိုရိုးပြုကာ ၊ “ ကထိန်သင်္ကန်း ကပ်လှူခြင်း”-ကို အထွဋ်
အမြတ်ထားလေ့ ရှိကြပါသည်။
မြန်မာ့ရိုးရာ အလှူဒါနပွဲများတွင် ၊ ကထိန်သင်္ကန်း အလှူပွဲ သည် အကြီးကျယ်ဆုံးဖြစ်ပါသည်။မြို့ 
နယ်၊ ရပ်ကွက်၊ ကျေးရွာ ၊ အလုပ်ဌာန ၊စက်ရုံ ၊ကျောင်း စသည်တို့ အလိုက် ၊ ပုဂ္ဂလိကနှင့်နိုင်ငံတော်
အစိုးရ အဖွဲ့ အစည်းများအလိုက် ၊ ကထိန်သင်္ကန်းကပ်လှူပွဲ ကိုကြီးကျယ်ခမ်းနားစွာ ပြုလုပ်လေ့ရှိကြ
ပါသည်။ပဓာန ကထိန်လျာ(ကထိန်ခင်းမည့်)သင်္ကန်း (ခေါ်) ညတ်(သတ်မှတ်ထားသော)သင်္ကန်းနှင့် အခြား အရံလှူဖွယ် သင်္ကန်း ၊ ပစ္စည်း ၊၀တ္ထုမျိုးစုံတို့ ကို ပဒေသာပင် (ခေါ်) သစ်သားတိုင်စင်တစ်ခုတွင် စီရီချိတ်ဆွဲ၍ ၊ လှူဖွယ် ပဒေသာပင်ပေါင်းများစွာတို့ ကို စီတန်းလျက် ၊ မြို့ တွင်း ရွာတွင်း သို့ ဝမ်း
မြောက်ဖွယ် လှည့်လည်ကာ ၊ ကထိန်ကျရာ ကျောင်းတိုက်သို့  ပို့ ဆောင်လှူဒါန်းလေ့ရှိကြပါသည်။
နှစ်စဉ် ကထိန်အလှူပွဲများ ဖြစ်မြောက်နိုင်ရေးအတွက် ၊ နေရာဌာနအလိုက် ကထိန်တော်အသင်းများ
ဖွဲ့ စည်းထားကြသည်။
မိုးရေသည် မည်သူ၏ လုံ့ လ ပယောဂမျှမပါပဲ ကောင်းကင်မှ သူ့ အလိုလိုကျလာသကဲ့သို့ ၊ ဒါယ
ကာ -ဒါယိကာမတို့ ၏ ကိုယ်ပိုင်သဒ္ဓါတရားဖြင့် လှူဒါန်းလာသော ကထိန်သင်္ကန်းဖြင့် ၊ ရဟန်းတော်
များ သည် ၀ိနည်း ဓမ္မကံအရ သိမ်အတွင်း၌ ကထိန်ခင်းခြင်းကို ၊ “မိုးပေါ်ကျကထိန်”-ဟု တင်စားသုံး
နှုံးကြပါသည်။ကထိန်သင်္ကန်း အလှူခံရခြင်းဖြင့် ရဟန်းတော်များမှာ ကထိန်အာနိသင်(ခေါ်) ၀ိနည်း
ပြစ်ချမ်းသာခွင့် အကျိုး(၅)မျိုးတို့ ကို ၊ တပေါင်းလပြည့်နေ့ အထိ ရရှိခံစားနိုင်ကြရပါသည်။လှူဒါန်းသူ
တို့ တွင်လည်း (၁)ဘေးရန်ကင်းစွာ ခရီးသွားလာနိုင်ခြင်း၊(၂)လုပ်ငန်းကိစ္စများ လွယ်ကူပေါ့ပါးစွာ ဆောင်နိုင်ခြင်း၊ (၃) အစားအသောက်များမှ ဘေးရန်မကျရောက်ခြင်း ၊ (၄)သိုမှီးသိမ်းဆည်းထားသော
ပစ္စည်းဥစ္စာများ မပျက်မစီးနိုင်ခြင်း နှင့် ၊(၅) မိမိကိုယ်ပိုင်ပစ္စည်းများကို အနှောက်အယှက်မဲ့ ကိုယ်တိုင်
သုံးစွဲနိုင်ခြင်းအကျိုး(၅)မျိုးကို ရရှိနိုင်ပါသည်။ကထိန်သင်္ကန်းလှူဒါန်းနိုင်သောကာလမှာ သီတင်းကျွတ်
လပြည့်ကျော်(၁)ရက်နေ့ မှ တန်ဆောင်မုန်းလပြည့်နေ့ ညဉ့် ယံကုန်ဆုံးချိန်အထိ ၊(၂၉)ရက်အတွင်း
သာဖြစ်သည်။တန်ဆောင်မုန်းလပြည့်နေ့  မှ နောက်တစ်ရက်မကူးမီအချိန်ထိ ယက်လုပ်ချုပ်ငင်ရသော
သင်္ကန်းကို “မသိုးသင်္ကန်း” -ဟုခေါ်ပါသည်။မြန်မာနိုင်ငံရှိ အထင်ကရစေတီတော်ကြီးများတွင် ၊နိုင်ငံ
တော်အစိုးရမှ ကြီးမှူးလျက် မသိုးသင်္ကန်းယက်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ကာ ၊ ရရှိလာသော
သင်္ကန်းတော်ဖြင့် စေတီတော်မှရုပ်ပွားတော်မြတ် ဗုဒ္ဓဘုရားရှင်အား နေ့ မကူးမီ ပူဇေါ်လှူဒါန်းလေ့ရှိ
ကြပါသည်။အချို့ အရပ်ဒေသများတွင်မူ ၊ ပဒုမ္မာကြာပန်းမှ ကြာမျှင်များကို ထုတ်ယူ၍ ကြာသင်္ကန်း
တော် ယက်လုပ်ပြီး ဘုရားရှင်အား ကပ်လှူပူဇေါ်ကြပါသည်။ကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း
အလေ့အထမှာ ၊ ဘုရားအလောင်းတော် တောထွက်တော်မူစဉ်အခါက ၊ ဗြဟ္မာကြီးက ကြာသင်္ကန်း
ဆက်ကပ်လှူဒါန်းခဲ့ခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့ကြောင်း ဆိုကြပါသည်။
တန်ဆောင်မုန်းလကို ပုဂံခေတ်အခါက “တန်ဆောင်မှုန်” ဟူ၍ ရေးခဲ့ကြသည်။အင်းဝခေတ်(ဘီစီ-
၁၃၆၄-၁၅၅၅)မှစ၍၊ “တန်ဆောင်မုန်း” ဟု ရေးသားလာကြကြောင်း ဆိုကြပါသည်။အဓိပ္ပါယ်မှာ“မီးရှူး၊
မီးတိုင် ၊ဆီမီးများထွန်းလင်းစေသောလ (၀ါ) အမိုက်အမှောင်ကို မီးအလင်းရောင်ဖြင့် ပျောက်လွင့်စေ
သောလ” -ဟု ၊ဆိုလိုပါသည်။“တန်ဆောင်တိုင်”-ဟူသည် “အလင်းရောင်ကို ဆောင်ယူသောတိုင်(၀ါ)
မီးရှူးတိုင် ၊ အလင်းတိုင်” ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။မြတ်စွာဘုရားပွင့်တော်မမူမီကာလက ၊ လူတို့ 
သည် ဤလ ဤအခါတွင် မီးနတ်ဖြစ်သောဖြစ်သောကြတ္တိကာနက္ခတ်ကို ပူဇေါ်ကြသည်။ကြတ္တိကာ
နက္ခတ် ဆိုသည်မှာ ၊ ညအခါတွင်ထွန်းလင်းလေ့ရှိသည့် လူသိများထင်ရှားလှသော“ ဖျောက်ဆိတ်
ကြယ်”ခေါ် ကြယ်စု ဖြစ်သည်။ဤအချိန်ကာလတွင် ရာသီဥတု ကြည်လင်သောကြောင့် ၊ လူအများတို့ 
သည် တောင်မြင့် ၊တောင်ထွတ် တို့ သို့ မီးတုတ်များ ၊ မီးတိုင်များ စုဝေးကိုင်ဆောင်ကာ တက်ရောက်
၍ ၊“တောင်ထိပ်ပွဲ” (ခေါ်)“ နက္ခတ်ပွဲ ”ကျင်းပလေ့ရှိခဲ့ကြပါသည်။“တောင်ထိပ်နတ်ပွဲသဘင်” ဟူ၍
လည်း ခေါ်ဆိုခဲ့ကြပါသည်။ဘုရားပွင့်တော်မူပြီးကာလတွင်မူ ၊ တာဝတိံသာနတ်ပြည်ရှိ ဘုရား
အလောင်းတော်၏ ဆံတော်ကိန်းဝပ်ရာ စူဠာမဏိစေတီတော် သို့ ရည်မှန်းလျက် ၊မီးပုံးပျံများ ကို ပုံပန်း
သဏ္ဍာန် အမျိုးမျိုးပြုလုပ်၍ ပို့ လွှတ်ပူဇေါ်လေ့ရှိကြပါသည်။ မြန်မာပြည်အထက်ပိုင်း ရှမ်းပြည်နယ်တွင်၊
“မီးပုံပျံလွှတ်ပူဇေါ်ပွဲများ ”ကြီးကျယ်ခမ်းနားစွာ ပြုလုပ်လေ့ရှိကြပါသည်။ မြစ်၊ချောင်း၊အင်း၊အိုင် နီးသော
အရပ်ဒေသများကမူ ၊ ဤလအခါတွင် “ရှင်ဥပဂုတ္တပူဇေါ်ပွဲ”ပြုလုပ်၍ ၊ ဆီမီးများကို ရေမျှောပူဇေါ်လေ့
ရှိကြပါသည်။ပိဋကကျမ်းစာများတွင် မပါဝင်သော်လည်း ၊တောင်ဖက်သမုဒ္ဒရာတွင် ကြေးပြာဿာဒ်(၀ါ)
ကြေးကျောင်းဆောင်တော်ဖြင့် သီတင်းသုံးစံနေတော်မူသည် -ဟု ၊ ယူဆယုံကြည်လျက် ရည်မှန်းပူဇေါ်
ကြခြင်းဖြစ်ပါသည်။
တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို့ သည် မယ်ဇလီပင်စေါင့်နတ်
မင်းအား တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်။မယ်ဇလီဖူးကို စားသုံးခဲ့သော် ၊(၉၆)ပါး
သော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သာရကောမုဒိ” ဆေးကျမ်း ကပြဆို
ပါသည်။ထို့ ကြောင့် ၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ၊မယ်ဇ
လီဖူး ကိုအဆာစုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကာ ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအား
လည်း ၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။နက္ခတ်၊
ကြယ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခ
သည့်ည” -ဟုလည်း ၊ယုံကြည်ကြသည်။ဤညအခါ၌ ၊ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ဆေးရွက်၊
အမြစ် ၊ အဖု ၊အဥ တို့ ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။လပြည့်နေ
ညဥ့်လယ် လမွန်းတည့်အချိန်၌ ၊ လရိပ်သည် ရေအပြင်ပေါ်ကျရောက်သောအခါ ၊ “လမွန်းတည့်ရေ”
ကို သောက်သုံး၍ ၊ဆေးအာနိသင်များပြည့်ဝလျက် ကျန်းမာရေးကို ကောင်းမွန်စေသည်-ဟု ယူဆကြ
သည်။ဤအခါ၌ ၊ လက်လှမ်းမီရာ ဆေးပင် ၊ဆေးရွက်တို့ ကို ခူးဆွတ်ကာစားသုံးလေ့ရှိကြသည်။
တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့ က၊ “စောရ
နက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ၊ဆိုလေ့ရှိကြသည်။ထို့ ကြောင့် လပြည့်နေ့ ညအခါတွင် “ကျီးမနိုးပွဲ”
(ခေါ်)“သူခိုးကာလ” အဖြစ် ကလေး ၊ လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။တစ်ညလုံး
နံနက်ကျီးမနိုးမီတိုင်အောင်၊ အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူ တွေ့ ရှိချီမနိုင်သောပစ္စည်းများကိုယူ၍
လမ်းမတွင် စုပုံထားခြင်း ၊ပုဆိုး ထမီ ရရာတို့ ကို အလံထူ၍ထားခြင်း စသည်တို့ ဖြင့် ၊နံနက်အခါ၌ လူ
ရယ်ဖွယ်ဖြစ်အောင် ဖန်တီးထားတတ်ကြသည်။တစ်ညနေခင်းလုံး အိမ်ပေါက်စေ့လိုက်ကာ အလှူငွေ
နှင့်စားစရာများ အလှူခံကြပြီး၊ တစ်ညခင်းလုံး ချက်ပြုပ်၊စားသောက်ကာ မြူတူး ပျော်ရွှင်ကြသည်။ငွေ
ကြေးပြည့်စုံသူတို့ ကမူ ၊ လပြည့်နေ့ ညတွင် “မခေါ်မုံ့ လုံး”(ခေါ်)မုံ့ လုံးရေပေါ်များကျွေးခြင်း၊ ကြက်
သားဆန်ပြုပ် တိုက်ကျွေးခြင်း ၊ မယ်ဇလီဖူးသုပ်ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို့ ကို ပြုကာ ၊ ကုသိုလ်
ယူလေ့ရှိကြသည်။
ရှေးအခါက ဓုတင်ဆောင်ရဟန်းတော်များသည်၊ဒါယကာများ လှူဒါန်းသော သင်္ကန်းကို မ၀တ်ရုံပဲ၊
စွန့် ပစ်သည့် အမှိုက်ပုံ ၊သုဿန် -စသည်တို့ မှ ဖုံလူး ပေကျံနေသော အထည်စကို ၊သင်္ကန်းချုပ်ဆိုး
ဝတ်ရုံကြသည်။ထိုရဟန်းတော်များ သွားလာတတ်သောနေရာများ၌၊လူဒါယကာတို့ က သင်္ကန်းများ ကို
ဖုံလူးပေကျံဟန် စီမံ၍ ပစ်ထားလှူဒါန်းကာ ကုသိုလ်ယူကြသည်။ဤဓလေ့မှ“ ပံ့သုကူဝှက်ခြင်း”(ခေါ်)
“ပံ့သုကူပစ်ခြင်း”များ ဖြစ်ပေါ်လာခဲ့သည်။ယခုအခါ၌ ဘုရားဝင်းစသည်တို့ တွင် သွားရောက်ပစ်ချထား
၍ ၊“ပံ့ သုကူ အလှူဒါန” ကိုပြုလေ့ရှိကြသည်။လပြည့်နေ့ ညအခါတွင် ၊ပံ့သုကူပစ္စည်း အရှာထွက်သော ကလေး၊လူငယ်လူရွယ်တို့ ပေါများလှပါသည်။
ဘုရားရှင် လက်ထက်တော်အခါက ၊တန်ဆောင်မုန်းလပြည့်နေ့ တစ်ညတွင် ၊ရာဇဂြိုဟ်ပြည့်ရှင်
အဇာတသတ်မင်း၏ လျှောက်ထားချက်အရ ၊“သာမညဖလသုတ်တော်”ကို ထုတ်ဖေါ်ဟောကြားတော်
မူခဲ့ပါသည်။“သာမည ဖလ” ဟူသည်မှာ ၊“ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး” ဟု၊ဆိုလိုပါသည်။
ရဟန်းသံဃာတော်များ၏ ဂုဏ်ပုဒ်တို့ ကို ထုတ်ဖေါ်ဟောကြားတော်မူခြင်းဖြစ်သောကြောင့်၊“သံဃာ
တော်များနေ့ ” ဟူ၍လည်းကောင်း ၊ “သာမည ဖလအခါတော်နေ့ ” ဟူ၍လည်းကောင်း၊ ယခုအခါတွင်
တန်ဆောင်မုန်းလပြည့်နေ့ ကို သတ်မှတ်ကျင်းပကြပါသည်။

ဒဒွေး ဒုက္ခပေးနေသလား

လိုအပ်သူအချို့အတွက်ပေါ့ဗျာ။ ဒဒွေး ဒုက္ခပေးနေတယ်ဆိုရင် ဒီမှာကြည့်နိုင်ပါတယ်။ သိတဲ့အတိုင်းပဲ။ Adobe ထုတ်ကုန်တွေမှာ ဒဒွေးဒုက္ခပေးနေတာ ကြာပါပြီ။ နေရာကလဲ တခုနဲ့တခု မတူပြန်ဘူး။

အခုကျနော်ပြောမယ့်နေရာတွေကတော့ CS2 version အတွက်ဖြစ်ပါတယ်။ CS3 မှာ ထပ်ပြောင်းသွားသေးသလားတော့ ကျနော်မသုံးကြည့်ရသေးလို့ မသိပါခင်ဗျာ။

InDesign … Edit > Preference > Type ကိုဖွင့်ပြီး Use Typographer’s Quotes ကို Uncheck လုပ်ပါ။

Illustrator … File > Document Setup > Type ကိုဖွင့်ပြီး Use Typographer’s Quotes ကို Uncheck လုပ်ပါ။

Photoshop … Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheck လုပ်ပါ။

PageMaker 7 … File > Preference > General > More > Use Typographer’s Quotes ကို Uncheck လုပ်ပါ။

Corel Draw 12 … Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect ကိုထပ်ဖွင့်ပါ။ အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes to typographic quotes ကို Uncheck လုပ်ပေးပါ။ (အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။)

Microsoft Word … Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကိုထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို Uncheck လုပ်ပေးပါ။

ဒါဆိုရင် ဒဒွေး ဒုက္ခမပေးနိုင်တော့ပါဘူးလေ။
အားလုံးပြုံးပျော်ကြပါစေဗျား …

အနက်ဖွင့်ဆိုချက်များ

* Avast – Avast – အခမဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဗ်ဝဲတခု ဖြစ်တယ်။

* Basic Input/Output System (BIOS) – ကွန်ပျူတာ တလုံးရဲ့ပထမဆုံးနဲ့ အတွင်းပိုင်း အကျဆုံး ဆော့ဗ်ဝဲ အဆင့် ဖြစ်တယ်။ BIOS က ကွန်ပျူတာ စဖွင့်ချိန်မှာ တောင်းလာတဲ့ စကားဝှက်တခု အပါအဝင် ကွန်ပျူတာ စက်ပိုင်းဆိုင်ရာ အဆင့်မြင့် ဦးစားပေးချက် အတော်များများကို သတ်မှတ်ပေးတယ်။
* Blacklist – တားဆီး ပိတ်ပင်ခံရတဲ့ အတွက် ဖွင့်လို့ မရအောင် ပိတ်ဆို့ခံရတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ အခြား အင်တာနက် ဝန်ဆောင်မှုတွေ ပါဝင်တဲ့ စာရင်းတခု ဖြစ်တယ်။
* Bluetooth – အတည်သတ်မှတ်ထားတဲ့ လက်ကိုင်ဖုန်းတွေထဲက ဒေတာတွေကို အနီးကပ် အကွာအဝေးကနေ လွှဲပြောင်းပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြိုးမဲ့ ဆက်သွယ်မှုတခု ဖြစ်တယ်။ Bluetooth ဟာ လှိုင်းတို ရေဒီယို ထုတ်လွှင့်တဲ့ စနစ်ကို အသုံးပြုထားတယ်။
* Booting – ကွန်ပျူတာကို စတင်ဖွင့်လိုက်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်။
* CCleaner – လတ်တလော သုံးစွဲခဲ့တဲ့ ပရိုဂရမ်တွေနဲ့ Windows operating system ရဲ့ hard drive ထဲမှာ ချန်ထားခဲ့တဲ့ ယာယီဖိုင်တွေအပါအဝင် အထိခိုက်မခံတဲ့ သဲလွန်စတွေကို ရှင်းလင်းဖယ်ရှားပေးတဲ့ အခမဲ့ ကိရိယာတခု ဖြစ်တယ်။
* CD Burner – CD အလွတ်တွေထဲမှာ ဒေတာ ရေးကူးပေးနိုင်တဲ့ ကွန်ပျူတာ CD-ROM drive တခု ဖြစ်တယ်။ DVD ရေးကူးကိရိယာတွေက DVD အလွတ်ထဲကို ရေးကူးပေးနိုင်တယ်။ CD-RW နဲ့ DVD-RW drives တွေက သတင်း အချက်အလက်တွေကို အဲဒီ CD-RW (သို့) DVD-RW ဓါတ်ပြား အပေါ်မှာ တကြိမ်မက ပယ်ဖျက်ပြီး၊ ပြန်ရေးကူးပေးနိုင်တယ်။
* Circumvention – ပိတ်ဆို့ခံရတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ တခြား အင်တာနက် ဝန်ဆောင်မှုတွေကို ဖတ်ရှုလို့ ရအောင် အင်တာနက် စစ်ထုတ်ကိရိယာတွေကို ပတ်ရှောင်ပေးတဲ့ လုပ်ဆောင်ချက် ဖြစ်တယ်။
* Clam Win – ဝင်းဒိုးအတွက် ပြုလုပ်ထားတဲ့ FOSS ဗိုင်းရပ်စ် ကာကွယ်ရေး ပရိုဂရမ်တခု ဖြစ်တယ်။
* Cobian Backup – Backup လုပ်ပေးတဲ့ FOSS ကိရိယာတခု ဖြစ်တယ်။ အခု နောက်ဆုံးထုတ် Cobian ဗားရှင်းဟာ ကုဒ်ပိတ်ထားတဲ့ အခမဲ့ ဆော့ဗ်ဝဲဖြစ်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဗားရှင်းတွေကတော့ FOSS ဗားရှင်းအနေနဲ့ ထုတ်ဝေခဲ့တယ်။
* Comodo Firewall – အခမဲ့ firewall ကိရိယာတခု ဖြစ်တယ်။
* Cookie – သီးခြား ကွန်ရက် စာမျက်နှာတခုခုရဲ့ အချက်အလက်ကို သိမ်းထားဖို့ (သို့) သင် ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ ခွဲခြားနိုင်ဖို့ သင့်ရဲ့ browser က ကွန်ပျူတာထဲမှာ သိမ်းဆည်းထားတဲ့ ဖိုင်ငယ်လေး တခု ဖြစ်တယ်။
* Digital signature – သီးခြားဖိုင် (သို့) သတင်းတို တခုခုကို ပေးပို့တဲ့သူ အစစ်အမှန် ဖြစ်ကြောင်း သက်သေပြတဲ့ စာဝှက်စနစ်သုံးတဲံ နည်းလမ်းတမျိုး ဖြစ်တယ်။
* Domain name – ကွန်ရက် စာမျက်နှာ (သို့) အင်တာနက် ဝန်ဆောင်မှု တခုခုကို စာနဲ့ ရေးသားရတဲ့ လိပ်စာ ဖြစ်တယ်။ ဥပမာ အားဖြင့် security.ngoinabox.org

* Encryption – စကားဝှက် တခု (သို့) စာဝှက်စနစ်သုံး သော့တခုခု ရှိထားတဲ့ ပုဂ္ဂိုလကသာ စာဝှက်ဖော်နိုင်၊ ဖတ်ရှုနိုင်အောင် ပါးနပ်တဲ့ သင်္ချာနည်းကို အသုံးပြုပြီး အချက်အလက်ကို စာဝှက်တဲ့နည်း (သို့) မွှေနှောက်တဲ့နည်း တမျိုး ဖြစ်တယ်။
* Enigmail – စာဝှက်ထားပြီး ဒစ်ဂျစ်တယ်နည်းနဲ့ လက်မှတ် ရေးထိုးထားတဲ့ အီးမေးလ်ကို ပေးပို့နိုင်၊ လက်ခံစေနိုင်တဲ့ Thunderbird အီးမေးလ် ပရိုဂရမ်ရဲ့ add-on တခု ဖြစ်တယ်။
* Eraser – သင့်ရဲ့ ကွန်ပျူတာထဲက (သို့) ဖြုတ်တပ်လို့ ရတဲ့ သိမ်းဆည်းရေး ကိရိယာထဲက သတင်း အချက်အလက်ကို လုံလုံခြုံခြုံ အမြဲတမ်း ပယ်ဖျက်ပေးတဲ့ ကိရိယာတခု ဖြစ်တယ်။
* Firefox – Microsoft Internet Explorer နဲ့ အပြိုင် ရေပမ်းစားနေတဲ့ FOSS Web browser တခု ဖြစ်တယ်။
* Firewall – ရုံးတွင်းမှာ ရှိတဲ့ ကွန်ရက်တွေနဲ့ အင်တာနက်ကတဆင့် စိတ်မချရတဲ့ ဆက်သွယ်မှုလိုင်းတွေ အကြားမှာ သင့်ကွန်ပျူတာကို အကာအကွယ် ပေးတဲ့ ကိရိယာတခု ဖြစ်တယ်။

* Free and Open Source Software (FOSS) – Free and Open Source Software (FOSS) – ဒီဆော့ဗ်ဝဲ အုပ်စုကို အခမဲ့ ရရှိနိုင်ပြီး တဦးတယောက်က အတားအဆီး မရှိပဲ စမ်းသပ်နိုင်၊ ဝေမျှနိုင် (သို့) ပြင်ဆင်နိုင်တဲ့ ဆော့ဗ်ဝဲ အမျိုးအစားဖြစ်တယ်။

* Freeware – အခမဲ့ ဆော့ဗ်ဝဲတွေထဲမှာ ပါဝင်ပေမဲ့ ၄င်းကို ဖန်တီးရေးဆွဲတဲ့ နေရာမှာ အသုံးပြုတဲ့ အရင်းအမြစ်ကုဒ်ကို တရားဝင် ကြည့်ရှုခွင့်မပေးတဲ့ (သို့) နည်းပညာဆိုင်ရာ အကန့်အသတ်တွေ ရှိတဲ့ ဆော့ဗ်ဝဲ အမျိုးအစား ဖြစ်တယ်။
* GNU/Linux – Microsoft Windows နဲ့အပြိုင် ထုတ်လုပ်ထားတဲ့ FOSS operating system တမျိုး ဖြစ်တယ်။
* Global Positioning System (GPS) – အာကာသမှာ အခြေစိုက်ပြီး တကမ္ဘာလုံးကို လှည့်ပတ် သွားလာနေတဲ့ ဂြိုဟ်တု စနစ် တခုဖြစ်ပြီး၊ ကမ္ဘာ့ ရာသီဥတုအပါအ၀င်၊ ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ အရာဝတ္ထု၊ ကမ္ဘာ့အပြင်ပက အဆီးအတားမဲ့ ကောင်းကင် မြင်ကွင်း အစရှိတဲ့ အရာတွေနဲ့ ပါတ်သက်တဲ့ တည်နေရာ၊ အချိန် သတင်း အချက်အလက်တွေကို ပံ့ပိုးပေးတယ်။
* Hacker – ဒီနေရာမှာ အထိခိုက်မခံတဲ့ အချက်အလက် (သို့) ကွန်ပျူတာကို အဝေးကနေ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အန္တရာယ်ရှိ ကွန်ပျူတာ ရာဇဝတ်သား တဦးတယောက်ကို ဆိုလိုတယ်။

* Internet Protocol address (IP address) ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက်တဲ့အခါ သတ်မှတ်ပေးရတဲ့ သီးခြား IP လိပ်စာတခု ဖြစ်တယ်။

* Internet Service Provider (ISP) – အင်တာနက် စတင် ချိတ်ဆက်ရာမှာ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (သို့) အဖွဲ့အစည်း ဖြစ်တယ်။ နိုင်ငံ အတော်များများမှာ ရှိတဲ့ အစိုးရတွေဟာ သူတို့ နိုင်ငံအတွင်းမှာ တည်ထောင် ထားတဲ့ ISP တွေကတဆင့် ပိတ်ဆို့ရေး၊ စောင့်ကြည့်ရေး ကိရိယာတွေကို အသုံးပြုပြီး အင်တာနက်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတယ်။

* Infrared Data Association (IrDA) – အနီအောက် ရောင်စဉ် အလင်းတန်းကို အသုံးပြုပြီး ဒေတာတွေကို အနီးကပ် လွှဲပြောင်းပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြိုးမဲ့ ဆက်သွယ်မှုတခု ဖြစ်တယ်။ ခေတ်သစ် ကိရိယာတွေမှာ IrDA နေရာကို Bluetooth က အစားထိုး နေရာယူလာတယ်။
* Java Applications (Applets) – Operating Systems အတော်များများမှာ အသုံးပြုလုပ် ရတဲ့ ပရိုဂရမ်ငယ်လေးတွေ ဖြစ်တယ်။ သူတို့ကို ကွန်ရက် စာမျက်နှာတွေရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက် ကောင်းမွန်စေဖို့ အသုံးပြုလေ့ ရှိကြတယ်။
* Keylogger – ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ ရိုက်နှိပ်ခဲ့သမျှ ကီးတွေကို မှတ်သားပြီး အဲဒီ အချက်အလက်တွေကို တဖက်က လူဆီ ပေးပို့ပေးတဲ့ ထောက်လှမ်းရေး ဆော့ဗ်ဝဲ တမျိုး ဖြစ်တယ်။ Keylogger တွေကို အီးမေးလ်နဲ့ အခြား စကားဝှက်တွေ ခိုးယူရာမှာ အသုံးပြုလေ့ ရှိတယ်။
* KeePass – အခမဲ့ဖြစ်ပြီး လုံခြုံမှုရှိတဲ့ စကားဝှက် ဒေတာဘေ့စ် တခု ဖြစ်တယ်။/li>

* LiveCD – ကွန်ပျူတာထဲမှာ တခြား operating system ကို ယာယီ လည်ပတ်စေနိုင်တဲ့ CD တချပ် ဖြစ်တယ်။

* Malware – viruses, spyware, Trojans တွေနဲ့ တခြား အလားတူ အန္တရာယ်ရှိတဲ့ ဆော့ဗ်ဝဲ အားလုံးကို ခြုံငုံတဲ့ အထွေထွေ ဝေါ်ဟာရတရပ် ဖြစ်တယ်။
* Mnemonic device – ရှုပ်ထွေးတဲ့ စကားဝှက်တွေကို မှတ်မိနိုင်အောင် ကူညီပေးတဲ့ ရိုးရိုး လှည့်ကွက် တမျိုး ဖြစ်တယ်။
* NoScript – သိကျွမ်းမထားတဲ့ ကွန်ရက် စာမျက်နှာတွေပေါ်မှာ ကပ်ပါလာနိုင်တဲ့ အန္တရာယ်ရှိ ပရိုဂရမ်တွေရဲ့ ရန်ကနေ အကာအကွယ် ပေးနိုင်တဲ့ Firefox browser ရဲ့ လုံခြုံရေး add-on တခု ဖြစ်တယ်။
* Off the Record (OTR) – Pidgin လို့ ခေါ်တဲ့ လက်ငင်း စာတိုပေးပို့ရေး ပရိုဂရမ်အတွက် ထုတ်လုပ်ထားတဲ့ စာဝှက်စနစ် plugin တခု ဖြစ်တယ်။
* Peacefire – ဒီအခမဲ့ ဝန်ဆောင်မှုကို မှတ်ပုံတင်ထားတဲ့ လူတိုင်းက အင်တာနက် စီစစ်ဖြတ်တောက်မှုကို ကျော်လွှားရာမှာ အသုံးပြုတဲ့ ရှောင်တိမ်းရေး proxy တွေ ပါရှိတဲ့ နောက်ဆုံးထွက် ဝန်ဆောင်မှု စာရင်းတခုကို အီးမေးလ်နဲ့ လစဉ် အခမဲ့ ရရှိကြတယ်။
* Physical threat – ဒီနေရာမှာ၊ ကွန်ပျူတာ စက်ပစ္စည်းတွေကို တခြား သူတွေက ကိုယ်ထိလက်ရောက် ရယူမှု (သို့) ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေ ဖြစ်တဲ့ ကျိုးပဲ့ ပျက်စီးမှု၊ မတော်တဆမှုတွေ (သို့) သဘာဝ ဘေးအန္တရာယ်တွေကြောင့် အထိခိုက်မခံတဲ့ သတင်း အချက်အလက် အပေါ် ကျရောက်နိုင်တဲ့ အန္တရာယ် တခုခုကို ဆိုလိုပါတယ်။
* Pidgin – Off the Record (OTR) လို့ ခေါ်တဲ့ စာဝှက်စနစ်ပါ plugin တခုကို အသုံးပြုတဲ့ FOSS စာတိုပေးပို့ရေး ကိရိယာ တခု ဖြစ်တယ်။
* Proxy -အင်တာနက် စိစစ်ဖြတ်တောက်မှုကို ကျော်လွှားရာမှာ အသုံးပြုနိုင်ပြီး အင်တာနက် ဆက်သွယ်ရေး တချို့ (သို့) အားလုံးကို လမ်းဖွင့်ပေးတဲ့ ကြားခံ ဝန်ဆောင်မှု တခု ဖြစ်တယ်။ proxy တခုကို လူအများက အသုံးပြုနိုင်တယ်၊ (သို့) အဲဒါကို အသုံးပြုနိုင်ဖို့ သုံးစွဲသူအမည်နဲ့ စကားဝှက်တခု ရှိထားဖို့ လိုအပ်တယ်။ တချို့ proxy တွေသာ လုံခြုံမှု ရှိကြတယ်။ ဆိုလိုတာက proxy ကို ဖြတ်ပြီး သင့်ရဲ့ ကွန်ပျူတာနဲ့ အင်တာနက် ဝန်ဆောင်မှုတွေ အကြား ဆက်သွယ်ပေးတဲ့ သတင်း အချက်အလက်တွေရဲ့ လုံခြုံရေးကို အကာအကွယ် ပေးတဲ့ စာဝှက်စနစ်ကို အသုံးပြုကြတယ်။

* Proprietary software – အရင်းအမြစ် ဆော့ဗ်ဝဲ (FOSS) နဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဒီလုပ်ငန်းသုံး ကိရိယာတွေကို အများအားဖြင့် အခကြေးငွေ ပေးပြီး ၀ယ်ယူရတယ်။ ဒါပေမဲ့ လိုင်စင် လိုအပ်ချက် ကန့်သတ်ချက်တွေနဲ့ အခမဲ့ ဆော့ဗ်ဝဲ အဖြစ်လည်း ရယူ အသုံးပြုနိုင်တယ်။
* RiseUp – Webmail ကတဆင့် ဖြစ်စေ (သို့) Mozilla Thunderbird လို အီးမေးလ် client တခုမှ ဖြစ်စေ လုံလုံခြုံခြုံ အသုံးပြုနိုင်အောင် တက်ကြွလှုပ်ရှားသူတွေက တည်ဆောက်ထားတဲ့ အီးမေးလ် ဝန်ဆောင်မှုတခု ဖြစ်တယ်။
* Router – ကွန်ရက် ချိတ်ဆက်မှု ကိရိယာ အစိတ်အပိုင်း တခု ဖြစ်ပြီး အဲဒီကတဆင့် ကွန်ပျူတာတွေက ရုံးတွင်း ကွန်ရက်တွေမှာ အချိတ်အဆက် လုပ်တာ၊ ရုံးတွင်း ကွန်ရက်အမျိုးမျိုးကနေ ပြင်ပ အင်တာနက် ချိတ်ဆက်တာတွေ လုပ်ဆောင်ပေးတယ်။ Switch တွေ၊ gateway တွေနဲ့ hubတွေဟာ အလားတူ လုပ်ငန်းတွေကို ဆောင်ရွက်ပေးပြီး၊ ကြိုးမဲ့ထုတ်လွှင့်ချက်တွေကို အသုံးပြုနိုင်အောင် စနှစ်တကျ တပ်ဆင်ထားတဲ့ ကွန်ပျူတာတွေက အလားတူ လုပ်ဆောင်ပေးတယ်။
* Secure password database – ပင်မ စကားဝှက် တခုထဲကိုပဲ အသုံးပြုပြီး စကားဝှက်တွေကို သိုလှောင် သိမ်းဆည်းပေးနိုင်တဲ့ ကိရိယာတခု ဖြစ်တယ်။

* Secure Sockets Layer (SSL) – ကွန်ပျူတာနဲ့ ကွန်ရက် စာမျက်နှာတချို့ အပါအဝင်၊ ကြည့်ရှုနေတဲ့ အင်တာနက် ဝန်ဆောင်မှုတွေ အကြားမှာ လုံခြုံမှု ရှိစေပြီး၊ စာဝှက်ထားပြီး လုံခြုံမှု ရှိတဲ့ ဆက်သွယ်မှုလိုင်း တခု အဖြစ် ထိန်းကျောင်းပေးတဲ့ နည်းပညာ ဖြစ်တယ်။ ကွန်ရက်စာမျက်နှာ တခုကို SSL ကတဆင့် ဆက်သွယ်တဲ့အခါ ကွန်ရက် လိပ်စာဟာ HTTP အစား HTTPS နဲ့ စတင်နေမှာ ဖြစ်တယ်။။
* Security certificate – ကွန်ရက် စာမျက်နှာတွေနဲ့ အခြား အင်တာနက် ဝန်ဆောင်မှုတွေကို လုံခြုံမှု ရှိစေဖို့ စာဝှက်စနစ်ကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးတယောက် ဆိုသူဟာ တကယ်ပဲ စစ်မှန်ကြောင်း သက်သေပြပေးတဲ့ နည်းစနစ် တမျိုး ဖြစ်တယ်။ လုံခြုံရေး လက်မှတ်တခုကို သင့်ရဲ့ browser က စစ်မှန်ကြောင်း အတည်ပြုပေးနိုင်ဖို့ စိတ်ချရတဲ့ အဖွဲ့အစည်း တခုခုဆီမှာ ဒစ်ဂျစ်တယ် လက်မှတ်တခု အတွက် ဝန်ဆောင်ခကို ပေးဆောင်ရမှာ ဖြစ်တယ်။ အဖိုးအခ ပေးဆောင်ရတဲ့အတွက် တချို့ စီမံခန့်ခွဲသူတွေက ငွေကြေးပေးဆောင်ဖို့ စိတ်မဝင်စားကြဘူး။ ဒါပေမဲ့ အခါအားလျော်စွာ စစ်မှန်တဲ့ ဝန်ဆောင်မှုတခုခုကို သွားရောက်ကြည့်ရှုတဲ့အခါမှာတောင် လုံခြုံရေး လက်မှတ် ချို့ယွင်းနေတာမျိုး တွေ့ရနိုင်တယ်။
* Security policy – သင့် အဖွဲ့အစည်းဟာ ခြိမ်းခြောက်မှု အမျိုးမျိုးကနေ ကိုယ့်ဟာကိုယ် ကာကွယ်နိုင်ဖို့ ရေးသားပြုစုထားတဲ့ စာရွက်စာတမ်းတခု ဖြစ်ပါတယ်၊ အဲဒီအထဲမှာ လုံခြုံရေး ဆိုင်ရာ အမှုကိစ္စတွေ ဖြစ်ပျက်လာတဲ့ အရေးယူ ဆောင်ရွက်နိုင်တဲ့ အချက်တွေ ပါရှိတဲ့ စာရင်းတခု ပါဝင်တယ်။
* Security cable – လုံခြုံရေးအရ သော့ခတ်နိုင်တဲ့ ကေဘယ်ကြိုးတခု ဖြစ်ပြီး ခရီးဆောင် ကွန်ပျူတာ (သို့) အခြား စက်ပစ္စည်း အစိတ်အပိုင်းတွေကို ပြင်ပ hard drive တွေ၊ အချို့ စားပွဲတင် ကွန်ပျူတာတွေနဲ့တကွ စက်ပစ္စည်းတွေကို ယူဆောင်သွားလို့ မရအောင် နံရံတခုခု (သို့) စားပွဲတခုခုမှာ လုံလုံခြုံခြုံ တွဲခတ်ထားနိုင်တယ်။
* Server – အမြဲတမ်း ဖွင့်ထားတဲ့ ကွန်ပျူတာ ဖြစ်ပြီး ကွန်ရက် စာမျက်နှာ တခုကို ထိန်းသိမ်းတာ (သို့) တခြား ကွန်ပျူတာတွေဆီ အီးမေးလ် ပေးပို့တာ (သို့) အီးမေးလ် လက်ခံတာ စတဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့ အင်တာနက်နဲ့ အမြဲ ချိတ်ဆက်ထားတယ်။
* SIM card – သေးငယ်ပြီး သီးခြား လက်ကိုင်ဖုန်း ကုမ္ပဏီက ပေးတဲ့ ဝန်ဆောင်မှုကို သုံးစွဲနိုင်ဖို့ လက်ကိုင်ဖုန်း တလုံးထဲမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ဖြုတ်တပ်လို့ ရတဲ့ ကဒ်လေးတခု ဖြစ်တယ်။ SIM ကဒ်တွေဟာ ဖုန်းနံပါတ်တွေ၊ သတင်းတို ပေးပို့ချက်တွေကိုလည်း သိမ်းဆည်းထားနိုင်တယ်။
* Skype – အခမဲ့ Voice over IP (VoIP) ကိရိယာတခု ဖြစ်ပြီး တခြား Skype ကို အသုံးပြုတဲ့သူတွေနဲ့ အခမဲ့ စကားပြောနိုင်တယ်၊ တယ်လီဖုန်းတွေကိုလည်း အခကြေးငွေ ပေးပြီး စကားပြောဆိုနိုင်တယ်။ Skype ကို စီမံ ထိန်းသိမ်းတဲ့ ကုမ္ပဏီရဲ့ ကြော်ငြာချက်အရ တခြား Skype အသုံးပြုသူတွေရဲ့ စကားပြောဆိုချက်တွေကို စာဝှက် (encrypt) ထားပေးတယ်လို့ ဆိုပါတယ်။ ၄င်းဟာ ကုဒ်ပိတ်ထားတဲ့ ကိရိယာ တခု ဖြစ်တဲ့ အတွက် ဒီအဆို မှန် မမှန်ကိုတော့ သက်သေ မပြနိုင်ဘူး။ ဒါပေမဲ့ အများစုကတော့ ဒီအဆို မှန်ကန်နိုင်တယ်လို့ ဆိုကြတယ်။ Skype မှာလည်း စာတို ပေးပို့မှုကို ပံ့ပိုးထားတယ်။
* Source code – ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲသူတွေက ရေးသားထားပြီး၊ ဆော့ဗ်ဝဲကို အလုပ်လုပ်စေတဲ့ ပင်မကုဒ် ဖြစ်တယ်။ သတ်မှတ်ထားတဲ့ ကိရိယာ တခုခုရဲ့ ပင်မ (source) ကုဒ်က ၄င်းရဲ့ အလုပ်လုပ်ပုံတွေနဲ့ လုံခြုံမှုရှိ မရှိ (သို့) အန္တရာယ်ရှိ မရှိ စတာတွေကို ဖော်ပြပေးတယ်။
* Spybot – ကွန်ပျူတာကို ထောက်လှမ်းနေတဲ့ ဆော့ဗ်ဝဲ spyware တွေကို စကင်ဖတ် စစ်ဆေးတာ၊ ဖယ်ရှားတာ၊ ကာကွယ်တာတွေ လုပ်ပေးတဲ့ အခမဲ့တဲ့ anti-malware ကိရိယာတခု ဖြစ်တယ်။
* Steganography – အထိခိုက်မခံတဲ့ သတင်း အချက်အလက်ကို မလိုအပ်ပဲ အာရုံစူးစိုက်မှု မခံရအောင် တခြား အယောင်ဆောင်ပြီး ပုံဖျက်ပေးတဲ့ နည်းတခုခုကို ဆိုလိုတယ်။
* Swap file – ကွန်ပျူတာထဲမှာ စွမ်းဆောင်ရည် တိုးမြှင့်ပေးဖို့ အခါအားလျော်စွာ သိမ်းဆည်းထားတဲ့၊ အရေးကြီးတဲ့ အချက်တွေလည်း ပါဝင်နိုင်တဲ့ ဖိုင်တခု ဖြစ်တယ်။
* Thunderbird – Enigmail စာဝှက်စနစ် ဖြည့်စွက် ဆော့ဗ်ဝဲ အပါအဝင် လုံခြုံရေး အင်္ဂါရပ်တွေ အတော်များများ ပါရှိတဲ့ FOSS အီးမေးလ် ပရိုဂရမ်တခု ဖြစ်တယ်။
* Tor – အင်တာနက် စီစစ်ဖြတ်တောက်မှုကို ပတ်ရှောင်နိုင်ပြီး ကြည့်ရှုနေတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို အင်တာနက်လိုင်းကနေ သင့်ကို စောင့်ကြည့်နေနိုင်တဲ့ တစုံတယောက်ကို သင် ရှိနေတဲ့ နေရာနဲ့ ကြည့်ရှုတဲ့ ကွန်ရက် စာမျက်နှာတွေကိုပါ ပုံဖျက်ပြီး ဝှက်ထားပေးနိုင်တဲ့ ကိရိယာ တမျိုး ဖြစ်တယ်။
* TrueCrypt – အထိခိုက်မခံတဲ့ အချက်အလက်ကို လုံလုံခြုံခြုံ သိမ်းဆည်းပေးနိုင်တဲ့ FOSS ဖိုင် စာဝှက် ကိရိယာတခု ဖြစ်တယ်။
* Undelete Plus – အမှတ်တမဲ့ ပယ်ဖျက်လိုက်တဲ့ သတင်း အချက်အလက်ကို တခါတရံ ပြန်လည် ဆယ်ယူပေးနိုင်တဲ့ အခမဲ့ ကိရိယာတခု ဖြစ်တယ်။
* Uninterruptable Power Supply (UPS) – ဓါတ်အား ကုန်ခန်းတဲ့ အခြေအနေမျိုးမှာ အကြပ်အတည်း ဖြစ်နေတဲ့ ကွန်ပျူတာ စက်ပစ္စည်းကို ဆက်လက် လည်ပတ်စေဖို့ (သို့) စနစ်တကျ စက်ပိတ်နိုင်အောင် ဆောင်ရွက်ပေးတဲ့ ပစ္စည်းကိရယာ တခု ဖြစ်တယ်။

* VautletSuite 2 Go – အခမဲ့ စာဝှက်ပေးတဲ့ အီးမေးလ် ပရိုဂရမ်တခု ဖြစ်တယ်။
* Voice over IP (VoIP) – အင်တာနက်ကို အသုံးပြုပြီး အခြား VoIP သုံးစွဲသူတွေနဲ့ တယ်လီဖုန်းတွေကို အသံနဲ့ ဆက်သွယ် စကားပြောစေနိုင်တဲ့ နည်းပညာ ဖြစ်တယ်။
* Whitelist – တချို့ ကွန်ရက်စာမျက်နှာတွေကို အလိုအလျောက် ပိတ်ဆို့ထားတဲ့ အချိန်မှာ ကြည့်ရှုခွင့် ပြုပေးထားတဲ့ ကွန်ရက် စာမျက်နှာတွေ၊ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ဌာနတွေရဲ့ စာရင်းတခု ဖြစ်တယ်။
* Wiping – အချက်အလက်ကို လုံလုံခြုံခြုံနဲ့ အမြဲတမ်း ပယ်ဖျက်ပေးနိုင်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်။
* Your-Freedom – သီးသန့် proxy တခု ကနေတဆင့် အင်တာနက် ချိတ်ဆက်ပြီး ပိတ်ပင် စစ်ထုတ်မှုကို ပတ်ရှောင်နိုင်တဲ့ အခမဲ့ ရှောင်တိမ်းရေး ကိရိယာ တခု ဖြစ်တယ်။ အကယ်လို့ Your-Freedom ကို ကောင်းကောင်း configure လုပ်ထားရင် သင့်ရဲ့ ဆက်သွယ်မှုကို လုံလုံခြုံခြုံ ရှိစေဖို့ အဲဒီ proxies တွေက ဆက်သွယ်မှုလိုင်းကို စာဝှက်ပေးမှာ ဖြစ်တယ်။

တောင်သမန်အင်းက ထမင်းလုံး တစ္ဆေမကြောက်သူများ

တောင်မင်းကြီးဘုရား ခြေတော်ရင်းမှာ

တောင်သမန်အင်းက လေတချွန်ချွန်နဲ့

ရေတံခွန်လို စီးဆင်း နေပါရာလား . . .

တောင်သမန်အင်းမှာ . . .

လေညင်းခံ လမ်းလျှောက်မလား

တောင်သမန် အင်းကို နောက်ခံထား

ဦးပိန် တံတားပေါ်မှာ ဗီဒီယို မင်းသားဂိုက်နဲ့

ဓာတ်ပုံ အလှရိုက်ဦးမလား . . .

တောကစား ထွက်သလို

ထန်းတောဘက်က ဘန်ဂလိုမှာ

ထန်းရည်ချိုချို သောက်ဦးမလား

ဟော . . .ဒီစကား ကြားသွားလို့

အပန်းဖြေ ပျော်ပွဲစားဖို့

မြို့ကရောင်စုံကားတွေ စက်အင်ဂျင် ကောင်းကောင်းနဲ့

ရှင်လောင်း လှည့်သလို လာကြပြီ။

ရေပေါ်မှာ ပျော်ပွဲစားဖို့. . .

လှေလှော် အငှားစီးကြမလား

ငွေကြေး အကိုးအကားနဲ့

လှေထိုးသားတွေရဲ့စကား

အရင်း များလှတယ်။

ဦးပိန် တံတားပေါ်က . . .

အပျော်တမ်း ငါးမျှားကြဦးမလား

တီကောင် တူးရောင်းစားရင်း

ဘ၀ဖျားနာနေတဲ့ ကလေးတွေရဲ့ စကား

ငွေသမားတော်ရှားနေရှာပေါ့။

ယတြာ ချေဦးမလား . . .

အိမ်မှာ အလှမွေး ထားဦးမလား

စာဝါ၊ ပျံလွှားငှက်၊ ဇီးကွက်

ချိုးငှက်လည်ပျောက်

ဗျိုင်းအောက်၊ ကြက်တူရွေး

ကြိုက်ရာရွေးဝယ်သွား

ဧည့်ကြိုစကား ညံစီစီနဲ့

အစာချီဖို့ ချောင်းနေတဲ့ ကျီးကန်းမလေးတွေ။

မြို့က ဧည့်သည်တွေ လာနေပြီ . . .

မဒီရဲ့ရင်ခလုတ် ဖွင့်သံကြောင့်

ထံတျာ သမုဒ္ဒရာ အတွက်

မယ်ဒလင် တစ်လက်နဲ့

မျက်မမြင်တစ်ယောက်ရဲ့သီချင်းအဆုံး

အစာအိမ်ချိန်ကိုက် ဗုံးတစ်လုံး ကွဲသွားပြီ။

ပန်းချီကား ၀ယ်ဦးမလား . . .

ပန်းပုရုပ်ထုတွေ ယူဦးမလား

အနုပညာ စီးပွားရေး ခြေချသူတွေလည်း

ကျောပူပူ ခေါင်းပူပူနဲ့

ဘ၀ပုံတူ ရေးဆွဲနေကြတယ်။

ဦးပိန် တံတားအောက်ဘက်က . . .

မယ်ဇယ်ပင်ရိပ်နဲ့ ထန်းလက်တဲ ဆိုင်မှာ

ဘီယာ၊ ရမ်၊ ၀ီစကီ

ရီတီတီ မူးဦးမလား

နိုင်လွန်ငါးကြော် အမြည်း

ဘူးသီးကြော်အမြည်း

ဂေါ်ရခါးသီးကြော်အမြည်းနဲ့

မာမီ့သမီးတွေရဲ့ အမြည်းကခပ်များများ။

ဘဲအုပ်က တစ်ရာ နှစ်ရာ . . .

ဆရာဇော်ဂျီရဲ့ကဗျာကို သရုပ်ဖော်ရင်း

တောင်သမန်အင်းမှာ နေထွက်မိုးချုပ်

ဘဲအုပ်ကျောင်း နေတဲ့ ကောင်လေးရဲ့လွယ်အိတ်ထဲ

ဝလုံးတွေ ကွဲကြေနေပေါ့။

ဝါဆို . . . ၀ါခေါင်မှာ . . .

တောင်သမန်အင်းက ရေချိုးဆင်း

ဒီအင်း အလှကို စာချုပ်ချုပ်

တံငါသည်တွေ တငုတ်တုတ်တုတ်နဲ့

ဥပုသ်ကျောင်းသွားခဲ့ရတယ်။

ခြင်ထောင် . . .

စောင်၊ အင်္ကျီ

ထဘီ၊ လုံချည်

အထည်ဟောင်းတွေကို ပေါင်းထုပ်

လက်ရိုက်တုတ်နဲ့ လျှော်ဖွပ်

သူတို့ ဖွပ်တဲ့ အ၀တ်တွေဖြူပေမယ့်

သူတို့ဝတ်တဲ့ အ၀တ်တွေရဲ့အရောင်အဆင်းကိုတော့

တောင်သမန်အင်းက ငေးကြည့်နေတယ်။

မယ်ဇယ်ပင်တန်းတလျှောက်

မဉ္ဇူသက္က နတ်ပန်းကောက်တဲ့ ရွာသူတစ်သိုက်

မြွေဆိုး ကိုက်ခံရတဲ့ သတင်း

တောင်သမန်အင်းရဲ့ရင်ဝတည့်တည့်ကိ

ဓားတစ်လက်ကို စိုက်ထိုး ခံလိုက်ရတယ်။

တောင်သမန်အင်းကိုဖြတ် . . .

ကန်ပတ်လမ်း အသစ်ဖောက်

ကျန်းမာရေး အထွက် လမ်းလျှောက်သူလျှောက်

ဝမ်းစာရေးတွက် လမ်းလျှောက်သူလျှောက်

ခြေလှမ်းကျဲသလောက် ခရီး မရောက်ပေမယ့်

ခြေထောက်နှစ်ဖက်စလုံး

အင်ဂျင်စက်သုံး တပ်ထားသူတို့ ခရီးက

မီးနီ အဆီးအတား ကင်းကင်း

တောင်သမန်အင်းထဲ ရေချိုးဆင်း

ထန်းရည်ချိုပြင်းပြင်းတစ်ခွက်နဲ

အချစ် အိပ်မက်တွေကို လိုက်ပွဲယူ

တောင်သမန်အင်းကတော့ ခေါင်းပူကျောပူထလို့။

တောင်သမန်အင်းရဲ့ဟိုမှာဘက် . . .

မီးခွက်လေး မှိတ်တုတ်မှိတ်တုတ်

အုတ်ဖုတ် အလုပ်သမားတွေရဲ့စခန်း

ပျားရည်ဆမ်း ဒုက္ခတွေနဲ့

အခါခါ သေခဲ့တဲ့ မနက်ဖြန်ဟာ

ဝဋ်နာကံနာကြောင့်လားလို့ မေးခွန်းထုတ်ရင်း

တောင်သမန်အင်း အိပ်ရေး ပျက်နေပေါ့။

၇ – ၈ ဖာလုံ ခရီးအရောက် . . .

တောင်ဝှေး ထောက်သွားနေတဲ့ ဦးပိန် တံတားနဲ့

ပါးစပ်လှုပ် လက်လှုပ်ရင်း အသက်ရှင် နေထိုင်သူများ

စိုက်ထားပြီး ဒုက္ခကို ရိတ်သိမ်းဖို့ မေ့နေသူများ

သက်သတ်လွတ် စားနေတဲ့ မြို့လေးရဲ့ မိုးခေါင်ရက်များ

အမြင်ခါးခါးနဲ့ ခံစားသူ စိတ်ကြိုက်

တောင်သမန်အင်းက သူကိုယ်တိုင် ဒီဗီဒီ ရိုက်နေပေါ့။

သိပြီးသား အားလုံးအတွက် . . .

နောက်ဆုံး ကတ် ရိုက်ချက်

ဇာတ်သိမ်းတွက် နောက်ဆုံး အခမ်းအနား

ဦးပိန်တံတားထိပ် မယ်ဇယ်ပင်ရိပ်အောက်က

ဆေးလိပ် ကွမ်းယာ ရောင်းတဲ့ တိုက်ဂေါမလေး တစ်ယောက်

ဖခင်ရဲ့အမည်ပျောက် စာရင်းရှာရင်း

တောင်သမန်အင်းမှာ အရှက်ကို ဆေးကြော လိုက်သလို . . .

ရေတံခွန်လို အလွမ်းတွေ ရွဲရွဲစိုပြီး

မိသားစု ငိုနေတဲ့ ဇာတ်သိမ်းခန်းမှာတော့

ကျွန်တော်က မှတ်တမ်းတင်သူပဲ ဖြစ်ပါတယ်။

ကြိုးနီစနစ် ဟူသည်

ကျွန်တော့်အား မိတ်ဆွေတစ်ဦးက မေးခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော်သည် မိတ်ဆွေ၏ အမေးကို မဖြေခဲ့ရသေး။ သာမန်အားဖြင့် သူ့အမေးကို သူနားလည်အောင်

ကျွန်တော်ဖြေနိုင်ချင်မှ ဖြေနိုင်ပေမည်။ သို့ကြောင့်လည်း ဥပမာတစ်ခုလောက်ပြနိုင်ရန် ကျွန်တော်စောင့်နေခြင်း ဖြစ်သည်။ သူ့အမေးမှာ “မင်းတို့ ပြောပြောနေတဲ့ ကြိုးနီစနစ်ဆိုတာ ဘာလဲကွ” ဟူ၍ ဖြစ်၏။

မနေ့ကတော့ သူ့ကို ဥပမာပေးရန် အဖြစ်အပျက်တစ်ခုကို တွေ့လာခဲ့သည်။ အစိုးရဌာနနှစ်ခုမှ ရုံးနှစ်ရုံးသည် အဆောက်အဦကြီး တစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ ထိုရုံးနှစ်ခုအနက်မှ တစ်ခုသောရုံးတွင် ခွေးတစ်ကောင်မွေးထား၏။ တစ်နေ့သောအခါ ထိုခွေးသည် ကပ်လျက်ရုံး ၏ အခန်းတွင်းသို့ သွား၍ နောက်ဖေးယိုခဲ့၏။ ဤသို့ပြုလုပ်ခြင်းသည် တစ်ကြိမ်မဟုတ် ကြိမ်ဖန်များလာသောအခါ နောက်ဖေးယိုခံရသောရုံးက ခွေးမွေးထားသောရုံးသို့ “လူကြီးမင်းတို့ရုံးမှ မွေးထားသောခွေးသည် ကျွန်တော်တို့၏ ဧည့်ခန်းနှင့် ရုံးခန်းအတွင်းတွင် မကြာခဏလာရောက်၍ နောက်ဖေးယိုနေသောကြောင့် နောက်နောင် ထိုသို့ မဖြစ်စေရေးအတွက် အရေးယူဆောင်ရွက်ပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟူသော စာကို ပို့လိုက်၏။

ယင်းစာသည် ခွေးမွေးထားသောရုံး၏ စာလက်ခံရာဌာနမှ “အဆင့်ဆင့် ဆက်လက် တင်ပြသည်၊ဆက်လက်တင်ပြပါသည်” ဟူသော မှတ်ချက် ဆယ်ခုလောက်ဖြင့် နောက်ဆုံး ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်ထံသို့ ရောက်သွား၏။ ထိုပုဂ္ဂိုလ်က “ယင်းကိစ္စ ဟုတ်၊ မဟုတ်စုံစမ်းတင်ပြပါ” ဟူသော မှတ်ချက်တွင် “အရေးယူဆောင်ရွက်ရန်၊ အရေးယူဆောင်ရွက်ရန်” ဟူသော ထပ်ဆင့်မှတ်ချက်များနှင့်အတူ အောက်သို့ ပြန်ကျလာ၏။

ထိုအခါ ယင်းကိစ္စကို ဟုတ်၊ မဟုတ် စုံစမ်းရေးအတွက် ရုံးအုပ်အဆင့်ရှိသူများက အဖွဲ့ဖွဲ့ကာ တစ်ပတ်ကျော်မျှ စုံစမ်းပြီး “စာအမှတ် မည်မျှဖြင့် တစ်ဖက်ရုံးမှ ပေးပို့သောကိစ္စသည် မှန်ကန်ပါသည်”ဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ရှိပုဂ္ဂိုလ်ဆီသို့ ရောက်သွားပြန်၏။ ထိုအခါ ယင်းပုဂ္ဂိုလ်က “ယင်းကိစ္စ မှန်ကန်လျှင် မည်သို့ အောက်သို့ ပြန်ချပေးလိုက်ပြန်၏။ အောက်သို့ ကျလာသောအခါ ရုံးအုပ်နှင့် အဖွဲ့သည် မည်ကဲ့သို့ဖြေရှင်းရမည်ကို အချိန်ယူ၍ ဆွေးနွေးတိုင်ပင်ကာ နောက်ဆုံး၌ ရုံးအုပ်နှင့်အဖွဲ့က လူကြီးမင်း၏ မှတ်ချက်အမိန့်အရ နည်းလမ်းများကို ရှာဖွေရာ အောက်ပါနည်းလမ်းများကို တွေ့ရှိပါသဖြင့် တင်ပြအပ်ပါသည်ဟု ဆိုကာ အောက်ဖော်ပြပါ နည်းလေးနည်းကို တင်ပြခဲ့သည်။

(က) ယင်းခွေးကို သတ်ပစ်ခြင်း၊

(ခ) ယင်းခွေးကို အဝေးသို့ပို့ခြင်း၊

(ဂ) ခွေးဝင်သော အပေါက်ကို လုံးဝပိတ်ထားခြင်း၊

(ဃ) ခွေးမ၀င်ရန် စာကပ်ထားခြင်း။

ထိုအခါ တာဝန်ရှိပုဂ္ဂိုလ်က အောက်မှတင်ပြသော နည်းလေးနည်းကို အောက်ပါအတိုင်း မှတ်ချက်ရေးကာ အဆင့်ဆင့် ပြန်ချပေးလိုက်၏။

(က)နည်းမှာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်၍ မရွေးချယ်နိုင်။ (ခ)နည်းမှာ ယင်းခွေးတွင် သားသမီးငယ်များ ရှိနေသည်ဟု သိရ၍ (က)နည်းတူ မရွေးချယ်နိုင်။ (ဂ)နည်းမှာ ရုံးနှစ်ရုံး၏ ဆက်သွယ်ရေးကိစ္စများကို ထိခိုက်စေသောကြောင့် ယင်းနည်းကို ရွေးချယ်ရန် ကျွန်ုပ်ငြင်းဆို၏။ (ဃ)နည်းမှာမူ မည်သူကိုမှလည်း မထိခိုက် မဇ္ဈိမပဋိပဒါလည်း ကျသောကြောင့် ယင်းနည်းကို ကျွန်ုပ်ကိုယ်တိုင် ရွေးချယ်လိုက်သည်။

အထက်ပါမှတ်ချက်ဖြင့်စာသည် ရုံးထုံးစံအတိုင်း အဆင့်ဆင့်ကျလာပြီး အောက်ပိုင်းမှ စာတစ်စောင် ပြန်၍တက်လာပြန်၏။ ယင်းစာမှာ “လူကြီးမင်း ရွေးချယ်သော (ဃ)နည်းကို အသုံးပြုရေးအတွက် ခွေးမ၀င်ရဟူသော စာကပ်ရန် မည်သည့်ပန်းချီဆရာဖြင့် ရေးရမည်ကို အမိန့်တောင်းခံပါသည်” ဟူ၍ ဖြစ်၏။ ထိုအခါ အထက်လူကြီးက “သင့်လျော်သော ပန်းချီဆရာနာမည်များ တင်ပြပါ”ဟု မှတ်ချက်ဖြင့် ပြန်ကျလာ၏။ အောက်ပိုင်းမှ တဖန်

ပန်းချီဆရာလေးဦး၏ အမည်များကို ယင်းတို့၏ အရည်အချင်း၊ အရည်အသွေးများနှင့်အတူ တင်ပြရာ အထက်မှ “ဖော်ပြပါ အရည်အချင်းများအရဆိုမူ ကျွန်ုပ်တို့သည် နံပါတ် (၂)ပန်းချီဆရာကို ရွေးသည်”ဟူသော မှတ်ချက်ဖြင့် ပြန်ကျလာ၏။

ရုံးအုပ်နှင့်အဖွဲ့သည် ရုံးထုံးစံအတိုင်း နံပါတ်(၂) ပန်းချီဆရာဖြင့် ခွေးမ၀င်ရဟူသော စာတန်းကိုရေးဆွဲကာ ရုံးနှစ်ရုံး၏ အ၀င်အထွက် တံခါးဝတွင် ချိတ်ဆွဲထားလိုက်၏။သို့သော် မကြာမီ တစ်ဖက်ရုံးမှနေ၍ လွန်ခဲ့သော (၁၂)လက စာအမှတ် ဘယ်လာက်ဘယ်လောက်ဖြင့် “လူကြီးမင်းတို့ရုံးမှ ခွေးတစ်ကောင် ၀င်ရောက်နောက်ဖေးယိုနေ၍ အရေးယူဆောင်ရွက်ပါရန် စာပို့ခဲ့သော်လည်း ယခုတိုင် ယင်းခွေးသည် နောက်ဖေးယိုနေဆဲဖြစ်၍ ထပ်မံအကြောင်းကြားအပ်ပါသည်” ဟူသောစာသည် အတွင်းရေးဟူသော ထိပ်စည်းနှင့်အတူ ရောက်လာပြန်၏။

ထိုစာသည် ထုံးစံအတိုင်း စာလက်ခံရာဌာနမှတဆင့် အထက်လူကြီးဆီသို့ တင်ပြရာ အထက်လူကြီးက “မိမိသည် ဤကိစ္စကို အသေအချာ အရေးယူဆောင်ရွက်ပါလျက် ယခုကဲ့သို့ အဘယ်ကြောင့် ဆက်လက်ဖြစ်နေရသည်ကို ချက်ချင်းစုံစမ်းတင်ပြပါ” ဟူ၍ မှတ်ချက်ဖြင့် အောက်သို့ ပြန်ချလိုက်၏။ ထိုအခါ ရုံးအုပ်သည် အဖွဲ့တစ်ခု ချက်ချင်းထပ်ဖွဲ့ကာ အဘယ်ကြောင့် ယင်းခွေးသည် ဆက်လက် နောက်ဖေးယိုမြဲသည်ကို အရေးတယူ စုံစမ်းကြပြီးနောက် အောက်ပါအတိုင်း အဆင့်ဆင့် တင်ပြလိုက်ပြန်၏။

စာအမှတ် မည်မျှဖြင့် “လူကြီးမင်း၏ ချက်ချင်းအရေးယူဆောင်ရွက်ရန် မှတ်ချက် အမိန့်အရ ကျွန်တော်များ ချက်ချင်းအလျင်အမြန် စုံစမ်းကြည့်ရာ ယင်းခွေးသည် စာမတတ်ကြောင်း တွေ့ရှိရပါသည်။”

အထက်ပါ စုံစမ်းတင်ပြချက်စာသည် တစ်ဆင့်ပြီးတစ်ဆင့် ရုံးထုံးစံအတိုင်း အထက်သို့ တက်လျက်ရှိနေ၏။ ယင်းတင်ပြချက်အပေါ် အထက်လူကြီးက မည်သို့ မှတ်ချက်ရေးဦးမည်ကို မသိရသေး။ သို့သော် တစ်ခုသေချာသည်ကတော့ ယင်းခွေးသည် အခြားဟိုဖက်ရုံး၏ ဧည့်ခန်းတွင် နောက်ဖေးယိုမြဲ ယိုနေဦးမည်ကတော့ သေချာနေပေသတည်း။

ချစ်စံဝင်း

(၉-၈-၁၉၆၉)

[မော်နီတာဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၁၊ ၂၀၁၀ ဇူလိုင် ၁၈၊ စာမျက်နှာ-၂၁

ဒီမိုဝေယံ ဆိုဒ်မှ ကူးယူဖော်ပြပါသည် ။

ရိုးရာဓလေ့မှ နတ်တို့၏အနေအထား

မြန်မာတို့၏ ရိုးရာဓလေ့မှ နတ်တွေနှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျှင်ကုန်နိုင်ဖွယ် မရှိပါ ။
အဘယ်ကြောင့်ဆိုသော် အတွင်း(၃၇) ၊ အပြင်(၃၇)မင်းအပြင် ၊ထိုအတွင်း,အပြင်တွင် မပါဝင်သေးသော
ရိုးရာနတ်တွေလည်း အများအပြား ကျန်ရှိနေသေးသောကြောင့် ကျန်နတ် များကို နောက်ထပ်အဖွဲ့ သို့မဟုတ်
အလယ်(၃၇)မင်းအုပ်စုတစ်စုဖွဲ့ဦးမည်ဆိုလျှင် နောက်ထပ် အုပ်စုတစ်စု ထပ်မံပေါ်ထွက်လာနိုင်ဖွယ်ရာ
ရှိ၍ ထိုအုပ်စုနှင့်ပတ်သက်ပြီး နတ်များ၏ သမိုင်း ကြောင်းများကို အကျယ်ရေးပြရန်နေရာမပေးနိုင်ပါ ။ Continue reading

မဏ္ဍပ်တိုင်တက်သူများ

မဏ္ဍပ်တိုင်တက်သူများ

မြန်မာ့သမိုင်းမှာ အလှူအတန်းပြုလုပ်သူများဟာ အလှူမှတ်တမ်း
တင်ကမ္ဗည်းကျောက်စာများ ရေးထိုးလေ့ရှိကြပါတယ်။အလှူရှင်မှန်ရင်တော့
ဘုရား၊ သိမ်၊ ကျောင်း၊ တန်ဆောင်း၊ ဇရပ် စသဖြင့် လှူဒါန်းမှုများကို ကမ္ဗည်းထိုး
ကြပါတယ်။ ၄င်းကို သွယ်ဝိုက်ပြောရလျှင်မဏ္ဍပ်တိုင်တက်သူများလို့ခေါ်ရမှာပါ။
ကောင်းသော ခေါ်ခြင်းဖြစ်ပါတယ်။ မိမိလှူခဲ့သော အလှူဒါနကို ပြန်လည် အမှတ်ရ
အောက်မေ့စေခြင်းငှာမဏ္ဍပ်တိုင်တက်ရခြင်းဖြစ်ပါတယ်။
အဲဒီအထဲကမှ သူများနဲ့မတူ တမူထူးခြားစွာမဏ္ဍပ်တိုင်တက်သူများလည်း
ရှိကြပါသေးတယ်။ သိင်္ဃသူ့သမီးကျောက်စာ၊ မိဘုရားဖွားစောကျောက်စာတွေမှာ
သူတို့ရဲ့အလှူကို မှတ်တမ်းတင်ရင်း အလှူရှင်ဘယ်သူဘယ်ဝါဖြစ်ကြောင်း မျိုးရိုးဘယ်လို
မြင့်မြတ်ကြောင်းကို ဂုဏ်တင်ပြီး မဏ္ဍပ်တိုင်တက်ကြပုံကတော့ငါ့လင်သခင်မင်းကြီး၊
ငါ့သားမင်းကြီး၊ ငါ့မြေးမင်းကြီး ဆိုပြီး ခပ်ကြွားကြွား ဂုဏ်တင်ထားတဲ့ ကျောက်စာများကို
ကျွန်တော်တို့ ကြာဘူး တွေ့ဘူးကြမှာပါ။
Continue reading

ဇာတာ တစ်စောင်ကို စစ်ဆေး တော့မည် ဆိုပါက

ဇာတာ တစ်စောင်ကို စစ်ဆေး တော့မည် ဆိုပါက -ပထမဦးစွာ အရေးကြီးဆုံး လုပ်ရမည့် အလုပ်မှာ- ဇာတာရှင်၏ မွေးချိန် မှန်ကန်မှုကို စစ်ဆေးရန် ဖြစ်ပါသည်။
Continue reading

MOTAA ဆိုတာ ဘာပါလဲ?

MOTAA ကို မြန်မာ အသံထွက် အနေနဲ. “မိုးတား” လို. အသံထွက် နေပေမဲ့၊ ဒီစကားလုံးဟာ ကောင်းကင်က မိုးကို တားတဲ့ အဓိပ္ပါယ် မဟုတ် သလို၊ အခြားသော ဆက်စပ် ပါတ်သက်မှု များလည်း မရှိပါ။ Modernized Oriental Technique of Accurate Astrology. ကို အတိုကောက် သင်္ကေတ ပြုထားတဲ့ M.O.T.A.A ကို ဆိုလိုတာ ဖြစ်ပါတယ်။
တကယ်တော့- ဗေဒင် ပညာ ဆိုတာ၊ အကြားအမြင်ပညာ၊ နိမိတ် ပညာ၊ တွေနဲ. ဆက်စပ် မှု ရှိတယ် ဆိုတာကို မငြင်းနိုင်ပေမယ့်၊ သိပ္ပံနည်း အလွန်ကျတဲ. ပညာရပ် တစ်ခုပါ။
မြန်မာ တွေ ခေါ်ဆိုတဲ့ “ဗေဒင်” ဆိုတဲ့ စာလုံးဟာ- သက္ကရိုက် စာလုံး “ဗေဒ” တနည်း အားဖြင့် “ဝေဒ” ဆိုတာက ဆင်းသက် လာတာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို. “Veda” လို. ရေးတဲ့ ဒီစာလုံးဟာ “အသိဥာဏ် ပညာ (Knowledge)” ကို ဆိုလိုပါတယ်။
Continue reading

မြန်မာ သမိုင်းနှင့် နက္ခတ္တပညာ။

ကျွန်တော်အနေဖြင့်- နက္ခတ္တ ပညာကို စိတ်ဝင်စား ခြင်း ဖြစ်အောင် ပေးပို့ ခဲ့သော အခြေအနေများ ရှိခဲ့ပါသည်။ ထိုအချက် များစွာတို.အထဲမှ- အချက်တစ်ခုမှာ- မြန်မာ့ သမိုင်းနှင့် နက္ခတ္တ ပညာ တို.ဆက်စပ်နေမှု ပင် ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင်- တနည်းအားဖြင့် ရာဇ၀င်တို့ တွင်- နက္ခတ္တပညာ၏ အခန်းတွင် လွန်စွာ မှ အရေးပါသော နေရာမှ ရပ်တည်ခဲ့ပါသည်။

ယင်းတို.အနက်- စိတ်ဝင်စားစရာ ကောင်းသော အချက်တို့မှာ-
Continue reading

ပအိုင်းဝ်လူပျိုအပျိုဘဝနှင့် မင်္ဂလာလက်ထပ်ပွဲ

လူပျိုအပျိုဘဝသည် လူမျိုးတိုင်းတွင် ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားများ တွင်လည်း လူပျိုလှည့်သည့် ဓလေ့ရှိသည်။ လူငယ်များ လူပျိုလှည့်ရာတွင် မိမိရွာတွင်း၌လည်းကောင်း၊ တစ်ဦးချင်းဖြစ်စေ အပေါင်းအသင်းများနှင့် ဖြစ်စေ လှည့်လေ့ရှိသည်။ သူစိမ်းပြင်ပရွာ၌ အပျိုလှည့်လိုလျှင် ကာလသားခေါင်းဆောင်ထံတွင်ဖြစ်စေ၊ ရွာခံကာလသားတစ်ဦးကဖြစ်စေ လမ်းညွှန်ဦးဆောင်ပေးကြရသည်။
Continue reading

ရှမ်းရိုးရာမင်္ဂလာ လက်ထပ်ပွဲ

အမျိုးသမီးတို့ မင်္ဂလာ ဆောင်ပွဲများမှာ ဒေသအလိုက် အနည်းနှင့် အများ ကွဲပြားကြသည်။ မိဘများက တောင်းရမ်းပေးရာတွင် ဦးစွာ ပထမ လူပျို၏မိဘများသည် အပျို၏ မိဘများထံသို့ သွား၍ ပြောရသည်။ အပျို၏ မိဘများက လေး-ငါးရက် အချိန်ယူပြီး ဆွေမျိုးများနှင့် တိုင်ပင်ရသည်။ သမီး၏ သဘောကို မေးရသည်။ သမီးက သဘောတူပါက လူပျိုဖက်သို့ အကြောင်းပြန်ကြားရသည်။ လူပျို၏ မိဘများက လူကြီးများနှင့် နေ့ကောင်းရက်သာ ရွေးပြီး အပျို၏မိဘမျာထံ သမီးတောင်းရန်လာကြသည်။
Continue reading

သာလွန်မင်း

အမည်ရင်းမြစ်
သတိုးဓမ္မရာဇာဘွဲ့ဖြင့် နန်းတက်သည်တိုင် သာလွန်မင်း(၁၆၃၂-၁၆၄၈)ဟုခေါ်ကြခြင်းမှာ “တိုင်းကားပြည်ရွာ အသာလွန်သောကြောင့်လည်းကောင်း၊ ရွှေနန်းတော်ထက်တွင် သာယာစွာ လွန်ရသောကြောင့်လည်းကောင်း သာလွန်မင်း ဟုခေါ်ခြင်းဖြစ်သည်”ဟု ဆိုသည်။
တိုင်းပြည်တည်ငြိမ်ရေး ဆောင်ရွက်ခြင်း
သာလွန်မင်းသည် နောင်တော် အနောက်ဖက်လွန်မင်းအား တူတော် မင်းရဲဒိဗ္ဗက လုပ်ကြံနန်းတက်သည်ကို နှိမ်နှင်းပြီးနောက် နန်းတက်သည်။ Continue reading

မင်းရဲဒိဗ္ဗ

ဖခင်ဖြစ်သူ အနောက်ဖက်လွန်မင်းကို လုပ်ကြံကာ ဟံသာဝတီတွင် နန်းတက်သည့် မင်းရဲဒိဗ္ဗ(၁၆၂၈)၏နန်းသက်မှာ တစ်နှစ်ပင်မရှိချေ။ နန်းတက်လျှင် အင်းဝနှင့် စစ်ကိုင်းရှိ သစ္စာခံများကို အကြောင်းကြားကာ သစ္စာပေးသည်။ ထိုနောက်အဝေး(ဇင်းမယ်)ရောက်နေသည့် ဘထွေးတော်များဖြစ်သည့် သတိုးဓမ္မရာဇာ(သာလွန်မင်း) နှင့် မင်းရဲကျော်စွာတို့ကို သံသယများဖြစ်စေရန် သွေးခွဲသည့်အနေဖြင့် စာများစေသည်။ Continue reading

အနောက်ဖက်လွန်မင်း

မဟာဓမ္မရာဇာ ဘွဲ့ခံ အနောက်ဖက်လွန်မင်း ခရစ်နှစ် (၁၆၀၅-၁၆၂၈)သည် ညောင်ရမ်းမင်းဆက်၏ ဒုတိယမြောက်မင်းဖြစ်သည်။ ဖခင်ဖြစ်သူ ညောင်ရမ်းမင်းတရားကြီးမပြီးပြတ်ခဲ့သည့် နိုင်ငံသိမ်းသွင်းရေးလုပ်ငန်းများကို ဆက်လက်၍ အားထုတ်ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
Continue reading

ဘယ်သူ့ကြောင့်လဲ?…..ဘယ်အရာကြောင့်လဲ ?

ဗုဒ္ဓဘာသာတို့အတွက် အဓိကကျတဲ့ ဒီမေးခွန်းလေး ၂ ခုကို မေးကြည့်ကြရအောင်။ဗုဒ္ဓဘာသာမှန်ရင် ဗုဒ္ဓဘာသာဖြစ်ရင်တော့
ဒီမေးခွန်းလေး ၂ ခုရဲ့အဖြေကို တိတိကျကျ သိဘို့လိုအပ်ပါလိမ့်မယ်။အဖြေမပြောခင် ကျွန်တော့်တို့ အရင်စမ်းစစ်ကြည့်ရအောင်။
ကိုယ့်ရဲ့မိရိုးဖလာ ရိုးရာယဉ်ကျေးမှုအရ အဘိုးအဘွားတွေရှေ့ကလှူဒါန်းသွားလို့ ကိုယ်ကနောက်ကနေ အဲဒီအတိုင်းလိုက်နာမှတ်သားပြီး
လှူဒါန်းမှုတွေပြုနေတာလား (ဒါမှမဟုတ်)သူတစ်ပါးလှူဒါန်းလို့ဂုဏ်ပကာသနတွေမက်မောပြီး လူတကာ အထင်ကြီးအောင်
ပြောစမတ်ပြုအောင် လှူဒါန်းတာလား?(ဒါမှမဟုတ်)စေတနာအရင်းခံသက်သက်ကြောင့်လှူဒါန်းတာလား ?
ရာထူးတွေတက်ချင်လို့မျက်နှာလုပ်ပြီး ဂုဏ်မက်မောကာ အခွင့်အရေးတွေရအောင် လှူဒါန်းလိုက်ကြတာလား?
ကံကံ၏ အကျိုးတရားကို အမှန်တကယ်ယုံကြည်လို့ အလှူဒါနတွေ စွဲစွဲမြဲမြဲ ပြုလုပ်နေကြတာလား?
နိဗ္ဗာန်ရဲ့အထောက်အပံ့ တစ်ကယ်ဖြစ်မှန်းသိလို့ ကုသိုလ်ဒါနတွေ နေ့စဉ်ပြုလုပ်နေကြတာလား?
Continue reading

ညောင်ရမ်းမင်းတရားကြီး

ညောင်ရမ်းမင်းတရားကြီး(၁၆၀၀- ၁၆၀၆)၏ ငယ်မည်မှာ ရှင်သစ္စာဖြစ်သည်။ ဘုရင့်နောင် အိမ်နှိမ့်တွင်ရှိနေစဉ် အရပ်သူခင်ပြည့်စုံနှင့် သင့်မြတ်ပေါင်းသင်းကာ ဖွားမြင်သူဖြစ်သည်ဟု ဆိုသည်။ နန်းတွင်းသို့ရောက်လာပုံမှာ ကျန်စစ်သား၊သမ္ဘူလနှင့် ရာဇကုမာရ်တို့ ဇာတ်လမ်းကဲ့သို့ပင်ဖြစ်သည်။ Continue reading

ညောင်ရမ်းမင်းဆက်

တပင်ရွှေထီး၊ဘုရင့်နောင် တို့တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် နန္ဒဘုရင် လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတ၀န်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။၎င်းနှင့် ၄င်းနောက် နန်းတက်ကြသည့် အနောက်ဖက်လွန်မင်း၊သာလွန်မင်း တို့သည် အင်းဝ၊ပြည်၊တောင်ငူ၊ဟံသာဝတီ နှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။
Continue reading

အင်းဝမင်းဆက်

အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော ပုဂံသည် ၁၃ရာစုအလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင် မြောက်ဖက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဖက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ မွန်ဂိုတို့ အပြန်တွင် ကျော်စွာ ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ် သြဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။
Continue reading

ရွှေမြန်မာတို့ရဲ့ အင်းဝ နေပြည်တော်

ယနေ့အင်းဝသည် ဂန္တဝင်အမည်က ရဋ္ဌပူရ သို့မဟုတ် ရတနာမြို့တော်ဟူ၍ ဧရာဝတီမြစ်နဒီနှင့် မြစ်ငယ်မြစ်တို့ ဆုံဆည်းရာ မြို့ငယ်လေးတစ်ခုမျှသာ ဖြစ်လျက် ကျောက်ဆိုင်ခရိုင်အတွင်း ရွာသိမ် ၁၁ ခု ခြံရံပြီး ထိုစဉ်ကလို ဟန်ပန်မစန့်ဝါ မြန်မာ့အင်ပါယာသစ်တစ်ခုမှာ ၁၂၈၇ ခုတွင် တရုတ်ဘုရင် ကုဗလိုင်ခံ၏ စစ်တပ်လက်တွင်း ပုဂံနေပြည်တော်နှင့်တကွ တတိုင်းပြည်လုံး ကျဆုံးခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့လေသည်။
Continue reading

အလှူဒါနနဲ့ပါတ်သက်ပြီးပုဂ္ဂိုလ် (၄) ယောက်ရှိသည်။ ၄င်းးပုဂ္ဂိုလ် (၄) ယောက် ရရှိနိုင်တဲ့ အကျိုးတရားများကတော့

နံပါတ် (၁) ပုဂ္ဂိုလ်
ကိုယ်ကိုယ်တိုင်ကတော့ ကုသိုလ်ဒါနတွေကို ပြုလုပ်လှူဒါန်းပါတယ်။
ဒါပေမဲ့ တစ်ခြားသူတွေကို ကိုသိုလ်ဒါနတွေ ပြုလုပ်ဘို့ တိုက်တွန်းနိုးဆော်မှု မရှိတဲ့ ပုဂ္ဂိုလ်။
(1) The Person who himself offers something (or) donates properties (or)
does meritorious deeds (or) gives a charity but does not advise other, try hard
to persuade others, urge others to do so;

ယခုဘ၀ နောက်ဘ၀ သံသရာတစ်လျှောက်မှာ ကိုယ်တိုင်ကိုယ်ကျကုသိုလ်ကောင်းမှုပြုတဲ့
အတွက်ကြောင့် စည်းစိမ်ချမ်းသာ ပြည့်ပြည့်စုံစုံနဲ့တော့နေနိုင်ပါတယ်။
ဒါပေမဲ့ သူတစ်ပါးကိုကိုလ်ကောင်းမှုပြုဘို့ မတိုက်တွန်းတဲ့အတွက်ကြောင့်
မိတ်ဆွေအပေါင်းအဖေါ်မရှိဘဲ တစ်ကိုယ်တည်း နေရတတ်ပါတယ်။
Continue reading