Learning Guitar

Electric Guitar သမားတွေအတွက်အထူးသင့်တော်ပြီး Hollw Guiter
သမားတွေအတွက်လည်း Tips တွေ ကိုလည်း တွေ့ရမှာပါ။ သင်ခန်းစာအတွက်
လိုအပ်တဲ့ စာတွေ့နှင့်အတူ အသံဖိုင်တွေကိုလည်း တစ်နေရာတည်းမှာစုဆည်းပေး
ထားပါသေးတယ်။ စုစုပေါင်းသင်ခန်းစာ (၉) ခုရှိပြီး အခြေခံကနေ ပရော်လ်ဖက်ရှင်
နယ်လ်အထိသင်ကြားပေးနိုင်ပါတယ်။

ဒီမှာကြည့်ကြနော်…..Link

Photo Frames

ဖရိန်ရွေးပြီးတဲ့အခါ ဓာတ်ပုံရှိနေတဲ့ Website (သို့) ကွန်ပျူတာထဲကပုံကို တင်ပေးရမှာပါ။
အပြီးသတ်မှာတော့ ဘောင်ကွပ်ထားတဲ့ ပုံလှလှလေးကို ရပါပြီ။ ပုံကိုအွန်လိုင်းမှာ တင်ထားလို့ရသလို
စက်ထဲကိုဒေါင်းလုပ် ယူလို့လည်းရပါတယ်။

Download

Quick Jpeg to pdf Converter

ဒီlink ကိုနှိပ်ရင် အောက်ကပုံလေးအတိုင်းတက်လာရင် Save ဆိုတဲ့
နေရာလေးကို နှိပ်လိုက်ရုံလေးနဲ့ ရပါပီ။
အင်မတန်သုံးရတာ အဆင်ပြေပါတယ်။လက်တွေ့သုံးကြည့်တာ တော်တော်လေးကို မြန်ပါတယ်။
Loading ဆွဲချိန်ကို မရှိဘူး တစ်ချက်နှိပ်ရင် တစ်ရွက်ထွက်တယ်ဆိုတာ သုံးကြည့်မှ သိမှာပါ။

ဒီမှာ Download ယူနိုင်ပါတယ်ခင်ဗျာ

ခေါင်းဆောင်မှု ကျင့်စဉ် (၂)

• ဖြစ်နိုင်တာတွေနဲ့ စတင်ပါ။

• ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်း ဆိုတာ အောင်ပွဲပဲ။

• အချိန် မည်မျှကြာအောင် ကြိုးစားခဲ့ခြင်းသည် အဓိကမဟုတ်။ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်မှု သည်သာ အဓိက ဖြစ်သည်။ အချိန် ကြာကြာတိုက်ရင် ဓားတုံးတယ်။ ဓားထက်တုန်းမှာ အချိန်မဆွဲပါနဲ့။

• ဆုပေး၊ ဒဏ်ပေး စနစ် ဆိုတာ နေရာ ဌာနတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ စနစ်တစ်ခု။

• လက်အောက် ငယ်သားတွေကို လူမမာ တစ်ယောက်ကဲ့သို့ သဘောထားပြီး ကြည့်ရှုပေးပါ။ သင်ချောက်ထဲ ဆင်းလျှင် လိုက်ဆင်း ကြပါလိမ့်မယ်။ သင့်အတွက် အသက်စွန့်ဖို့ အသင့် ရှိနေ ကြပါလိမ့်မယ်။

• သေသေချာချာ အကွက်ချ ပြင်ဆင်လေ အောင်ပွဲရဖို့ ပိုမိုနီးစပ်လေပဲ။ ပြင်ဆင်မှု အားနည်းရင် အောင်မြင်မှု ဆိုတာ မသေချာဘူး။ ဘာမှ ပြင်ဆင်တွက်ဆမှု မရှိဘူးဆိုရင် တော့ စဉ်းစား သာကြည့်တော့။ ဒီတစ်ခုကိုကြည့်ပြီး အောင်မြင်မလား၊ ရှုံးနိမ့်မလား အတိအကျ ပြောနိုင်တယ်။

• ပက်ဝန်းကျင်ကို လေ့လာပါ။ မိမိ ကိုယ်ကို သဘောပေါက်ပါ။ ဒါဆိုရင် အောင်မြင်မှုနဲ့ မလွဲပါဘူး။

• အောင်မြင်မှုကို ကြိုပြီး သိနေတဲ့ သူဟာ အောင်ပွဲရဖို့ ၁၀၀% သေချာတယ်။ စစ်မရောက်ခင် မြား ကုန်နေရင် တော့ အောင်ပွဲနဲ့ဝေးဖို့ ကျိန်းသေပဲ။

• ရှေ့ရေးကိုတွေးပါ၊ ဥာဏ်ကို လွှာသုံးပါ အခက်အခဲ ဟူသမျှကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

• နေရာတကာ လိုက်ကာကွယ်နေရင် နေရာတိုင်းက ပျော့ကွက်ဖြစ်နေလိမ့်မယ်။

• နာမည်လိုချင်စိတ်ကိုရှောင်ပါ၊ အကဲ့ရဲ့ခံရမှာကို မကြောက်နဲ့။

• ခေါင်းဆောင်ကောင်း တွေဟာ မိမိမှာရှိတဲ့ အားသာချက်၊ အားနည်းချက်တွေကို အမြဲ တွက်ဆနေတယ်။ အားသာချက်တွေကို စဉ်းစားပြီး စီမံချက်ကို အသက်ဝင်အောင် လုပ်တယ်။ အားနည်းချက်ကို စဉ်းစားပြီး ဆင်ခြင်နိုင်ဖို့ ကြိုးစားတယ်။

• ရောက်ရာအရပ်မှာ မိတ်ဆွေဖွဲ့ပါ။ သဘာဝနဲ့ ကိုက်ညီအောင် နေထိုင်ပြောဆိုပါ။ သဘာဝနဲ့ ဆန့်ကျင်နေသော အရာများကို အထူးဂရုပြုပါ။

• အချိန်ဆွဲတတ်ခြင်းက အဆိုးဆုံးပြဿနာ။

• ထွက်ပေါက်မရှိတော့တဲ့ လူတွေဟာ ဖြစ်သလို ခံချတတ်တယ်၊ ရွေးစရာလမ်း ပိတ်နေသူတွေဟာ ကြောက်စိတ်ပျောက်ပြီး မိုက်ရူးရဲ ဖြစ်သွားတတ်တယ်။

• လူတိုင်းဟာ အမှားနဲ့ မကင်းပါဘူး။ အမှားနည်းအောင်၊ အမှားများများ မလုပ်မိအောင်ပဲနေပါ အောင်မြင်ပြီးသား ဖြစ်ပါလိမ့်မယ်။

• အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲပါ။ အရာရာတိုင်းကို မူသေ ဘယ်တော့မှ တွက်မထားပါနဲ့။

• ဖြစ်ပေါ်လာမယ့် အခြေအနေ အားလုံးကို အဆိုးဆုံးထိ တွက်ပြီး ကြိုတင်ပြင်ဆင်ထားပါ။ အဆိုးဆုံး အတွက် အစဉ်သင့် မဖြစ်လျှင် ဖရိုဖရဲနဲ့ ဇာတ်သိမ်းရလိမ့်မည်။

• တစ်စုံတစ်ယောက်က ကိုယ့်ကို အချိန်မရွေး ကန်ချနိုင်တယ်။ အခြေခိုင်အောင် လုပ်ထားပါ။

• မြှောက်ပင့်မှုမှာ မသာယာမိစေရန် သတိထားပါ။ ဖွဲတစ်ဆုပ် မ နိုင်သူဟာ ခွန်အားကြီးသူမဟုတ်။ နေတွေ လတွေမြင်သူဟာ အမြင်စူးရှသူမဟုတ်၊ မိုးခြိမ်းသံကို ကြားသူဟာ နားပါးသူမဟုတ်။

• ကိုယ်ချင်းစာ ညှာတာတတ်ပါ။ စည်းကမ်း ကိုတော့ တင်းတင်းကိုင်ပါ။

• ကိုယ်တိုင် စည်းကမ်းလိုက်နာပါ။ ဖောက်ဖျက်သူကိုလည်း ထိုက်သင့်တဲ့ အပြစ်ပေးပါ။

• အောင်မြင်မှုကို အရှည်တည်တန့်ဖို့ အဓိကလိုအပ်တာတွေက
1. ခံယူချက်၊
2. ဥာဏ်ပညာ၊
3. အမြော်အမြင်ကြီးမှု၊
4. စိတ်ထားကောင်းမွန်မှု၊
5. ကြင်နာတတ်မှု၊
6. သတ္တိ ဗျတ္တိ နဲ့
7. ပြက်သားမှု ။

http://www.meepyatite.info/2010/03/blog-post.html

ခေါင်းဆောင်မှု ကျင့်စဉ်

• သင်သည် လူတွေကြားတွင် မကြောက်မရွံ့ သွားနေသည်ဟု လူတွေက ထင်ပါစေ။
• လူတိုင်းချီးကျူးခံချင်သည် ဆိုခြင်းကို သတိရပါ။
• တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာဆင်နွဲပါ။
• အစဉ်အလာ၊ ယဉ်ကျေးမှု၊ စည်းကမ်းနှင့် ပုဂ္ဂိုရေးသိက္ခာကို တစ်ခါတစ်ရံ ဘေးချိတ်ထားပါ။
• အင်အားကို နောက်ဆုံးအားကိုရာအဖြစ်သာသုံးပါ။
• အဖွဲ့အစည်း တစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ အကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်ပါ။
• မှန်မှန်ကန်ကန် ရပ်သူနှင့်အတူရပ်ပါ။ သူအမှားလုပ်သောအခါ ထိုသူကို စွန့်လွတ်လိုက်ပါ။
• တစ်ခါတစ်ရံ မသိယောင်ဆောင်နေခြင်းသည်၊ အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။
• ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိုမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကို နောက်ထက်ဘယ်တော့မှ ရနိုင်တော့မည်မဟုတ်။
• လူတစ်ယောက်အားနှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏ မိတ်ဆွေများသည် မိမိအဖွဲအစည်းအတွက် ထာဝရ ရန်သူများဖြစ်လာနိုင်သည်။
• မလိုတမာစိတ်ကိုရှောင်ပါ။ မေတ္တာစေတနာကိုဆောင်ပါ။
• မိမိ၏ အကောင်းဆုံး အပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။
• ကိုယ့်သိသလောက်၊ တက်သလောက်နှင့် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ ပြီးဆုံးအောင် အထိလုပ်ပါ။
• မတရား စွပ်စွဲချက်များကို တစ်ကြိမ် အရှုံးပေးလိုက်ရလျှင် နောက်ထပ် စွဲချက်များအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်သည်။
• မိမိ၏လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင်လျှော့လုပ်ပါ၊၊ အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြင်ပါ။ အမြင်သစ် အမြင်မှန်ကို အမြဲ ကြိုဆိုလက်ခံပါ။
• ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။
• အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။
• ရှေတန်းသို့ထွက်ပါ။ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါစေ။
• ဘယ်တော့မှမကြိုးစားလျှင် ဘယ်တော့မှ မအောင်မြင်နိုင်။
• အတော်ဆုံးခေါင်းဆောင်များသည် အမြဲတမ်း လေ့လာ ဆည်းပူးနေသည် ဟူသာ အချက်ကို မမေ့ပါနှင့်။
• ဘာစကားမှ မပြောပဲနေသင့်သည့် ကာလများရှိသည်ကို သတိရပါ။
• ယနေ့လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။
• တစ်ဝက်တပျက်သာ ပြီးအောင်လုပ်သော အလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။
• လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။
http://www.meepyatite.info/

စကားပြောဟန် အမျိုးမျိုး

လူမှုဆက်ဆံရေးနယ်ပယ်တွင် အချို့သော ချမ်းသာသူ ၊ အောင်မြင်သူ ၊ ကျော်ကြားသူတို့ကို လေ့လာကြည့်ပါက သူတို့တွင် တမင်တကာ ဖန်တီးထားခြင်း မဟုတ်တဲ့ အများစိတ်ဝင်စားလောက်တဲ့ ကိုယ်ပိုင် စကားပြောဟန် ၊ ဆိုဟန်တွေကို အတိုင်းသားတွေ့ရှိရပါသည်။ သူတစ်ပါး ဟန်ပန်အတိုင်း လိုက်လုပ်ကြတဲ့အခါ မိမိပင်ကိုယ် သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ပြောဆိုနေသကဲ့သို့ ဌာန်ကရိုဏ်း မကျဘဲရှိတတ်ပါသည်။ အကောင်းဆုံး လုပ်ဆောင်ရန် နည်းလမ်းမှာ အောက်ဖော်ပြပါ စကားပြောဟန်များထဲမှ မိမိ သဘာဝအတိုင်း ပြောဆိုဟန်သည် မည်သည့် အချက်တွင် အကျုံးဝင်သည်ကို အကဲခတ် မှန်းဆပါ။ ချွတ်ယွင်းချက်များကို ပြုပြင်ပေးပါက မိမိသဘာဝ ပြောဆိုဟန်တစ်ခု အသားကျလာပြီး သူတစ်ပါးအား ဆွဲဆောင်နိုင်သော စကားပြောကောင်းသူ တစ်ယောက်ဖြစ်လာပါလိမ့်မည် ဖြစ်ပါသည်။

၁။ ဗလစ်ဗလစ် ပြောဟန် ( တတွတ်တွတ် ပြောဆိုဟန် )
နှုတ်လျှာအလွန်သွက်သူ ၊ စကားကို တရစပ်မရပ်မနား ပြောတတ်သူမျိုး၏ ပြောဆိုဟန် ဖြစ်သည်။ သို့သော် သူ၏အရည်အချင်းက အာသွက်ခြင်းသာဖြစ်ပြီး ထူးထူးခြားခြား မှတ်သားစရာ မပါ ၊ စိတ်ကူးစိတ်သန်းလည်း ဆန်းသစ်မှုမရှိ ဖြစ်တတ်သည်။
ဗလစ်ဗလစ်သမားများသည် များသောအားဖြင့် မွေးရာပါ စကားများသူ (စကားသွက်သူ) များဖြစ်ကြသည်။ သူတို့သည် သာမန် ထမင်းစားရေသောက် စကား ၊ အလ္လာပ သလ္လာပ စကားများကို ရေပက်မဝင်အောင် ပြောဆိုလေ့ ရှိကြ၏။ အကြောင်းအရာ တစ်ခုခုကို ခေါင်းစဉ်တပ်ပေးပြီး ပြောခိုင်းရင်လည်း အချိန်မဆိုင်းဘဲ ကောက်ကာငင်ကာ ပြောနိုင်ကြသည်။
စင်စစ် အချို့လူများမှာ စကားသွက်ခြင်း သက်သက်ဖြင့်ပင် ရပ်ရွာလူကြီးသော်လည်းကောင်း၊ လုပ်ငန်းအသင်းအဖွဲ့ ခေါင်းဆောင်သော်လည်းကောင်း၊ အလယ်အလတ်တန်းစား နိုင်ငံရေးခေါင်းဆောင် တစ်ယောက်သော်လည်းကောင်း ဖြစ်လာတတ်ကြသည်။
အရပ်ထဲရှိ သာမန်စကားဝိုင်းများတွင်မူ ဗလစ်ဗလစ်သမား တို့ကို ဦးဆောင်ဆွေးနွေးသူအဖြစ် တွေ့ရတတ်သည်။ စင်စစ် ၄င်းတို့ဟာ လျှာကျွမ်းကျင်မှု အခြေခံရှိပြီးဖြစ်ရာ ယင်းအခြေခံကို ဦးနှောက်အရည်အသွေး ထပ်ပေါင်းစပ်ပေးနိုင်ပါက စကားပြောသွက်သလောက် အချက်အလက် ခိုင်မာသည့် စကားပြောသမားကောင်း တစ်ယောက် ဖြစ်လာနိုင်ပေသည်။

၂။ တုံ့ဆိုင်း တုံ့ဆိုင်း ပြောဟန်
စကားပြောနည်း ဟောနည်းများကို လေ့လာခြင်း၊ စနစ်တကျ လေ့ကျင့်ခြင်းမရှိဘဲ စင်ပေါ်တက်ကြသည့် ဟောစ၊ ပြောစ လူတချို့၏ ဟန်ပုံစံမျိုး ဖြစ်သည်။
“ဟုတ်ကဲ့ ၊ အင်း … အဲ … ဟိုဒင်း …. အာ“ စသည်ဖြင့် စကားတစ်ခွန်း ပြောမည့်အရေး လမ်းတွင် လေး၊ ငါးကြိမ်လောက် ရပ်နားကာ စကားလုံးတွေ ဖမ်းဆုပ်မမိသလို စမ်းတဝါးဝါး ဖြစ်နေတတ်သည်။ စကား ပြောဟန်ဆိုဟန်များ အားလုံးထဲတွင် အညံ့ဆုံး၊ အချွတ်ယွင်းဆုံး ပြောဟန်မျိုး ဖြစ်သည်။
စာကို အသံထွက်ဖတ်သည့် လေ့ကျင့်ခန်းများ၊ ဝါကျတိုတိုပြတ်ပြတ်များဖြင့် ခပ်သွက်သွက်ပြောသည့် လေ့ကျင့်ခန်းများကို စွဲစွဲမြဲမြဲ အချိန်ယူပြုလုပ်ပေးမှသာ စကားကို သွက်လက်ချက်ချာစွာ ပြောဆိုတတ်လာမည် ဖြစ်ပါသည်။

၃။ လေကြီိးမိုးကြီး သို့မဟုတ် ဘာမထီ ပြောဟန်
စကားပြောသူ၏ ဟိတ်ဟန်ကြီးမားပုံ ပေါ်လွင်သည့် စကားပြောဟန်မျိုး ဖြစ်သည်။ စကားလုံးကြီးကြီး သုံးသည်။ ကြိမ်းလားမောင်းလား လုပ်ပြီး လက်သီးလက်မောင်း တန်းသည်။ ကျွန်တော်ဟုမပြော “ ကျုပ် ’’ ဟုသုံးသည်။ စကားပြောရင်း မိမိကိုယ်ကို အထင်ကြီးလွန်းသည့် ဟန်ကို တစ်ခါတစ်ရံ အထင်အရှား မြင်ရတတ်သည်။
သို့သော် သည်ပြောဟန်တွင်လည်း ထိရောက်မှုများစွာ ရှိပါသည်။ သည်ပုံစံမျိုး စကားပြောရင်း အသင်းအပင်း အစည်းအရုံးများတွင် ခေါင်းဆောင်ဖြစ်လာသူတွေ ရှိသည်။ အချို့ဆိုလျှင် နိုင်ငံ အကြီးအကဲများပင် ဖြစ်သွားကြသည်။
လက်သီးလက်မောင်းတန်းကာ ကြိမ်းလားမောင်းလား လုပ်ခြင်းကို ရဲဝင့်ခြင်း၊ စိတ်ဓာတ် ထက်သန်ခြင်း၊ ယောင်္ကျားပီသခြင်းဟု အများက ယူဆလေ့ရှိကြသည်။ လူထုခေါင်းဆောင်တို့၏ အင်္ဂါရပ်ဟုလည်း အချို့က မှတ်ယူကြသည်။
ဤပုံစံမျိုးဖြင့် စကားပြောဆိုသူတို့မှာ မိမိကိုယ်ကို အထင်ကြီးလွန်းကြောင်း ပြသရာရောက်သည့် စကားလုံး အသုံးအနှုံးနှင့် ဟန်ပန်တချို့ကို ထိန်းသိမ်းလျှော့ချပေးနိုင်ပါက အများ၏ လေးစားမှုကို ခံရပြီး သြဇာလွှမ်းမိုးနိုင်သော စကားပြောသမားကောင်းများ ဖြစ်လာနိုင်ပါသည်။

၎။ လေးလေးနက်နက် တွေးတွေးဆဆ ပြောဆိုသည့်ဟန်
လေးနက်သော၊ ကြီးကျယ် ခမ်းနားသော ပြောဆိုဟန်မျိုး ဖြစ်ပါသည်။ လူသုံးနည်းသည့် ရှည်လျားသော ဝါကျများ သုံးလေ့ရှိသည်။ ဟာသများ ပုံတိုပတ်စများ ပါလေ့မရှိ။
ဤပြောဟန်မှာ အသက်အရွယ်ကြီးရင့်၍ အတွေ့အကြုံ အတွေးအမြင်ရင့်သန်သည့် လူကြီးများအဖို့မူ သဘာဝကျသော စကားပြောဟန်မျိုး ဖြစ်သည်။ ပြောသူ၏ တည်ကြည်လေးနက်မှု၊ အကြောင်းအရာ၏ တန်ဖိုးရှိမှုတို့ကြောင့် ကျစ်လစ်သော အထူးပရိတ်သတ်မျိုးကို ဆွဲဆောင်နိုင်လေ့ရှိသည်။
သို့သော် ကျယ်ပြန့် များမြောင်လှသော လူတွေကြားတွင် ဤပြောဟန်မျိုးဖြင့် ပွဲမတိုးနိုင်၊ အောင်မြင်မှု မရနိုင်။
ရှေးခေတ် အနောက်နိုင်ငံများတွင်မူ သည်ပြောဟန်ကို ကြိုက်သူအတော်များခဲ့သည်။ လေ့လာကြည့်ရင် လေးနက်ခမ်းနားမှုနှင့် အာဝဇ္ဖန်းရွှင်မှုတို့ စနစ်တကျ ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း တွေ့နိုင်ပါသည်။
သွက်လက်လျင်မြန်မှုကို အလေးထားသော ယခုခေတ်တွင်မူ သည်ပြောဆိုဟန်မှာ တက္ကသိုလ်များရှိ ပညာရပ်ဆိုင်ရာ ဆွေးနွေးဝိုင်းလို နေရာတွေမှလွဲ၍ အခြားနေရာမျိုး၌ အံ့မဝင်တော့ပေ။

၅။ ဆင်ခြေဆင်လက်နှင့် ငြင်းခုံဝေဖန် ပြောဆိုသည့်ဟန်
ရှေ့နေများ၊ နိုင်ငံရေးသမားများ၊ အလုပ်သမား ခေါင်းဆောင်များ အများဆုံး သုံးစွဲလေ့ရှိသည့် ပြောဟန်ဆိုဟန်မျိုး ဖြစ်ပါသည်။
အကျိုးအကြောင်းပြ၍ ပြောသည်။ အားနှင့် အင်နှင့် ဒေါနှင့် မောနှင့် စစ်ပွဲတစ်ပွဲ ဆင်နွှဲနေသလို ပြောသည်။ အထူးသဖြင့် တစ်စုံတစ်ယောက်ကို အပြင်းအထန် ဝေဖန်စွပ်စွဲသည့် နေရာမျိုး၊ အပြတ်အသတ် ပြစ်တင်ရှုတ်ချသည့် နေရာမျိုးတွင် သုံးစွဲလေ့ရှိကြသည်။ စကားပြောသူမှာ စကားလုံးပြောင်သည်။ လှုပ်ရှားတက်ကြွသော ဟန်ပန်ရှိသည်။
ပန်းပဲသမားသည် နီရဲနေအောင် မီးဖုတ်ထားသောသံကို တူဖြင့် တစ်ချက်ချင်းထုကာ ပုံသွင်းသကဲ့သို့ အင်အားကောင်းသော စကားလုံးများဖြင့် ချက်ကျလက်ကျ ပီပီပြင်ပြင် ပြောနိုင်သော စကားပြောသမားသည် လူအများ၏ ခံစားချက်နှင့် အတွေးအမြင်များကို မိမိကြိုက်နှစ်သက်သည့် ပုံစံဝင်အောင် ရိုက်သွင်းနိုင်စွမ်း ရှိကြသည်။

၆။ ပြတ်တောက် ပြတ်တောက် ပြောဟန်
မိမိကိုယ်ကို ယုံကြည်မှု နည်းသူ၊ ကြောက်တတ်သူများ၏ မဝံ့မရဲ ဟန်ပန်တစ်မျိုး ဖြစ်သည်။
တုံ့ဆိုင်း တုံ့ဆိုင်းသမားလို တအင်းအင်း တအဲအဲ မလုပ်သော်လည်း တစ်ကြောင်းပြောပြီး ရပ်လိုက်၊ တစ်ခွန်းပြောပြီး ရပ်လိုက်နှင့် ဆတ်တောက် ဆတ်တောက်ပြောတတ်သည်။
ထိရောက်သော ပြောဆိုနည်းမျိုး မဟုတ်။
ဤပုဂ္ဂိုလ်မျိုးအနေနှင့် စကားကို အလျင်မပြတ်ပြောတတ်အောင် လေ့ကျင့်ပေးသင့်သည်။ အားရှိပါးရှိ အချက်ကျကျ ပြောထားသော မိန့်ခွန်းများကို အသံထွက်ဖတ်ခြင်း၊ ပြောကြည့်ခြင်းများ ပြုလုပ်ပေးရပေမည်။

၇။ အလ္လာပ သလ္လာပ ပြောဆိုဟန် သို့မဟုတ် ရင်းနှီးသော မိတ်ဆွေများနှင့် စကားပြောဆိုဟန်
ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနှင့် အမူအရာနည်းစွာ ပြောဆိုသည့် ဟန်ဖြစ်ပါသည်။ ဤဟန်ပန်မှာ စကားပြောဆိုဟန် အားလုံးတို့၏ အခြေခံဟု ဆိုနိုင်သည်။
ဤပြောဟန်ကို အခြေခံ ရှိထားပြီး အခြားပြောဆိုဟန်များကို လိုအပ်တဲ့ နေရာတွေမှာ ထည့်သွင်းပြောဆိုသွားပါက မည်သူ တစ်ဦးတစ်ယောက်နှင့် ပြောသည်ဖြစ်ဖြစ်၊ လူအများကြားတွင် ပြောသည်ဖြစ်ဖြစ်၊ ပါတီပွဲတွင်းပြောသည်ဖြစ်ဖြစ်၊ ဘယ်နေရာမဆို သင့်လျော်သော စကားပြောဟန် ဖြစ်ပါသည်။
ဤသည်တို့ကား လူတစ်ဦးနှင့် တစ်ဦး ကွဲပြားကြသည့် အမျိုးမျိုးသော စကားပြောဟန်များထဲမှ ထင်ရှားသည်တို့ကို စိစစ်တင်ပြခြင်း ဖြစ်ပါသည်။ ယင်းစကားပြောဟန်များကို လေ့လာကာ လက်တွေ့ဘဝတွင် တွေ့ရမည့် စကားပြောကောင်းသူတို့၏ ပြောဟန်ဆိုဟန်တွေကို ဝေဖန်သုံးသပ်ပြီး အတုယူနိုင်လျှင် ဘက်စုံ ပြည့်ဝသည့် လူတစ်ယောက်ဖြစ်ဖို့ အထောက်အပံ့ များစွာရရှိနိုင်ပါပေသည်။
ဆရာဖေမြင့်၏ စကားပြောဟန် အမျိုးမျိုးထဲမှ ကောက်နှုတ် ဖော်ပြခြင်းသာ ဖြစ်ပါသည်

မေတ္တာ၏အကျိုးကျေးဇူးများနှင့် လက်တွေ့ကျင့်ခြင်း

မေတ္တာ၏အကျိုးကျေးဇူးများ

စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…

(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။

(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။

(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ

မမက်ရဘူး။

(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။

(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။

(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို

စောင့်ရှောက်ကြတယ်။

(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။

(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး

သမာဓိဖြစ်လွယ်တယ်။

(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။

(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။

(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ
ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။

မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။

နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း

တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။

အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။

ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..

“အဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃာ ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..

၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်

၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊

ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။

၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို

မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။

နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။

၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။

မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။

၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ

မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။

၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ

ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို

ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။

၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)

၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့

မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။

(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)

၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့

(၁) မုန်းသူ

(၂) အလွန်ချစ်သူ

(၃) မချစ်မမုန်းသူနှင့်

(၄) ရန်သူတို့ ဖြစ်တယ်။

အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။

အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။

အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။

ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)

မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။

မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။

တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။

မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။

မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။

တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။

ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။

မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။

မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။

အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။

လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ

မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

– မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင်

– အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

– ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

– အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

– ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

– အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။

– အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

– အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း

မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။

ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။

မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။

မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။

ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။

“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။

နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။

မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။

ပတ္တမြား ငမောက်ရာဇ၀င်

မြန်မာဘုရင်များအဆက်ဆက်တွင် အထွတ်အမြတ်ထားခဲ့သော ပတ္တမြားငမောက် ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေအတွင်း အင်းခေါင်းမှ ရရှိသည်။ ၄င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှ ရသည်ဟုလည်း မူကွဲလျှက်ရှိသည်။
ရရှိပုံ

ရရှိပုံမှာ ချင်းတွင်းနယ်သားဖြစ်သော ငမောက်ဆိုသူသည် မိုးကုတ်နယ်မြေတွင် လာရောက်ပြီး လယ်ယာစိုက်ပျိုးနေထိုင်ရာ၊ တစ်ညသောအခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပ နေသည်ကို မြင်ရသဖြင့် သွားရောက်ကြည့်ရှုလေသော် အလွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကို တွေ့ရှိလေသည်။ ငမောက်လည်း ၀မ်းသာစွာ ကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအား တရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ် ၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်း လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်း များစွာနှစ်သက်အားရ ၀မ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများ ပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူ ဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။ တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းမှာလည်း ထိုအချိန်၌ တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည်မငြိမ်မသက် ဖရိုဖရဲ ဖြစ်နေသောကြောင့် နီးစပ်ရာတိုင်းပြည်များသို့ ၀င်ရောက်တိုက်ခိုက်နေကြသဖြင့် တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းကို မြန်မာပြည် ခိုဝင်လာသော တရုတ်လူမျိုးတစ်ဦးလက်ထဲတွင် ငမောက် ရောင်းချခဲ့သော ပတ္တမြားတစ်ပိုင်းလည်း ပါလာခဲ့ပါသည်။ ထိုတရုတ်လူမျိုးကုန်သည်ကြီးသည် ထိုပတ္တမြားတစ်ပိုင်းကို မြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီး ဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။ ဘုရင်မင်းမြတ်လည်း ၀မ်းသာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော (ငမောက်)ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှုမငြီးသည့် ကျောက်ကြီး ဖြစ်ကြောင်းသိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟု အမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာတောင်ကုန်းတွင် မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာ ကွပ်မျက်တော်မူလေသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကို လောင်းစင်ရွာဟူ၍၄င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင် ရေဝေရွာ ) ဟူ ၍ ၄င်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။ မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်း မြင်လျှင် လွတ်ရာသို့ ပြေးရရှာလေသည်။ တောင်ပေါ်တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊ များစွာပူပင်သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။ ၄င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျှက်ရှိပေသည်။ ဒေါ်နန်းလှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်၊ ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၄င်းပတ္တမြားမျက်ရှင်မှာ တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီး အင်္ဂလန်နိုင်ငံ ပြတိုက်တစ်ခုတွင်ရှိနေသည်ဟု သိရပါသည်။

ပတ္တမြားငမောက်


အချိန်က ၂၉ရက် နိုဝင်ဘာလ ၁၈၈၅ ခုနှစ်၊
ဘုရင်သီပေါ၊ မိဖုရားခေင် စုဖုရားလတ် နဲ့ တော်ဝင် အမျိုးအနွယ်၊ အခိုင်းအစေတွေကို India ကိုပို့ ဆောင်ခဲ့ပါတယ်။ မိဖုရားခေါင် စုဖုရားလတ်ရဲ့ အခိုင်းစေတွေဟာ တော်ဝင်ရတနာတွေကို ထုပ်ပိုး
ခြင်းနဲ့အလုပ်ရှုပ်နေခဲ့ကြတယ်။ ဒါပေမယ့် သူတို့ ရဲ့ မျက်နှာပြင်တွေဟာ ရှင်းရှင်းလင်းလင်းရှိနေ
တယ်။ဘုရင် နဲ့ မိဖုရားဟာ သလွန်ပေါ်မှာထိုင်နေပြီး မျှော်လင့်ချက်နဲနဲသာရှိတော့တဲ့ သူတို့ ရဲ့ အနာ
ဂတ်ကိုတွေးတောနေကြတယ်။ အဲ့အချိန်မှာဘဲ ဗြိတိသျှ တပ်မတော်မှ ဗိုလ်မှူး Col Sladen ကသွား
ရောက်စစ်ဆေးခဲ့ပါတယ်။ ဗိုလ်မှူးက Ruby Ngamauk ကိုတွေ့ ဖူးချင်ကြောင်း မိဖုရားစုဖုရားလတ်
ကို တောင်းဆိုခဲ့ပါတယ်။
မိဖုရားစုဖုရားလတ် လဲဘေးနားမှာရှိတဲ့ ချမ်းတောင်မင်းသမီး (သူသီရိစန်ဒါဝတီ)ကို မေးမြန်းခဲ့
တယ်။’ဘယ်သူ Col Sladen ကိုတန်ဖိုးကြီး နန်းတွင်းရတနာပြမလဲ’ ဟုမေးမြန်းခဲ့တဲ့အခါမှာ
ချမ်းတောင်မင်းသမီးက ရွှေဘူးထဲမှ Ruby Ngamauk ကို ထုတ်ပေးခဲ့တယ်။ ဗိုလ်မှူးဟာ Ruby ကို
အဖက်ဖက်ကနေကြည့် နေရောင်ထဲထုတ်ကြည့် စသည်ဖြင့်ပြုလုပ်နေခဲ့တယ်။ နောက် Col Sladen ဟာသူနဲ့ အတူရှိနေတဲ့ စစ်သားကို ပြခဲ့တယ်။ ဘယ်လောက် ဆန်းကြယ်ကြောင်းစသည်ဖြင့်ပြော
ကြားခဲ့တယ်။ချမ်းတောင်မင်းသမီးလဲ ရွှေဘူးပွင့်နေတာနဲ့  Col Sladen ကို မျက်ခြေမပြတ်စောင့်
ကြည့်နေတယ်။အထူးသဖြင့် လက်ထဲက Ruby Ngamauk ကိုပါ။ မိဖုရားစုဖုရားလတ် လဲမျက်ခြေ
မပြတ်စောင့်ကြည့်နေတယ်။တအောင့်လောက်ကြာတော့ မိဖုရားက ချမ်းတောင်မင်းသမီးကို
မေးလိုက်ပါတယ်။ ဘာလို့ ရွှေဘူးမပိတ်သေးလဲလို့ ဆိုတော့ မင်းသမီးက Col Sladen လက်ထဲက
Ruby Ngamauk ကိုလက်ညှိးထိုးပြပါတယ်။အဲ့လိုပြလိုက်တဲ့အတွက် Col Sladen လဲသူ့ လက်ထဲ
က Ruby ကို မင်းသမီးဆီပေးအပ်ခဲ့ပါတယ်။ မင်းသမီးလဲ ရွှေဘူးထဲထဲ့ကာ သော့ခတ်လိုက်ပါတယ်။
ညနေစောင်းလောက်မှာ ဘုရင် မိဖုရားနဲ့ တော်ဝင်မိသားစုဝင် ၇ယောက် နဲ့ အခိုင်းအစေတွေဟာ
India ကိုထွက်ခွာဖို့ အတွက် ဂေါဝန်ဆိပ်ကိုထွက်ခွာခဲ့ကြပါတယ်။တော်ဝင်မိသားစုဝင်တွေနဲအခိုင်းအ
စေတွေကို သူရိယ သင်္ဘောနဲ့ အတူ အမိမြန်မာပြည်ကနေ အပြီးအပိုင်ခေါ်ဆောင်သွားခဲ့ပါတယ်။
အဲ့အချိန်ကနေစပြီး မြန်မာ့တော်ဝင်မျိုးနွယ်လဲ ပြတ်သုဉ်းသွားခဲ့ပါတယ်။ပြည်သူပြည်သားတွေလဲ
ဂေါဝန်ဆိပ်ကိုလာရောက်ပြီး နောက်ဆုံး သူတို့ ရဲ့ အရှင်သခင်ဘုရင်သီပေါ နဲ့ မိဖုရားစုဖုရားလတ် ကို
လာရောက် ကန်တော့ကြပါတယ်။ မြန်မာလူမျိုးတို့ ရဲ့ အရှင်နှစ်ပါးကိုတိုင်းတစ်ပါးသားတွေကခေါ်
ဆောင်သွားခဲ့ကြပါတယ်။ အဲ့အချိန်မှာ မင်းသားမောင်မောင်တင့် (ချမ်းတောင်မင်းသမီး) ၏အစ်ကို
တော်စပ်သူလူအုပ်ထဲကနေအော်ဟစ်တိုးဝှေ့လာပါတယ်။ ဒါပေမယ့် India စစ်သားတွေက ကာထား
တာကြောင့်ရှေ့တိုးမရဖြစ်သွားခဲ့ပါတယ်။ ဗိုလ်မှူး Col Sladen က တော်ဝင်ရတနာများကို လုံခြုံရေး
အတွက် သူစောင့်ကြည့်ပါရစေကို ဘုရင်နဲ့ မိဖုရားထံတောင်းဆိုခဲ့ပါတယ်။ ဘုရင် နဲ့ မိဖုရားလဲ ရွေးစ
ရာမရှိခေါင်းငြိမ့်ခဲ့ရပါတယ်။မိဖုရာ့ခေါင်ကြီး ဆင်ဖြူမရှင်နဲ့ မိဖုရား စုဖုရားကြီးတို့ ကိုလဲထိုနည်းလည်း
ကောင်းတောင်းဆိုခဲ့ပါတယ်။
နောက်တနေ့ မနက်မှာ သဘော်ဟာ ရန်ကုန်ကိုရောက်ရှိပါတယ်။ နောက် Clive လို့ ခေါ်တဲ့ သင်္ဘော
ပေါ်ပြောင်းတက်ခါ ပင်လယ်ဖြတ်ပြီး India ကိုခေါ်ဆောင်ခဲ့ကြပါတယ်။မိဖုရာ့ခေါင်ကြီး ဆင်ဖြူမရှင် နဲ့ မိဖုရား စုဖုရားကြီး တို့ ကို ထားဝယ်သို့ သူတို့ ၏အခိုင်းအစေများနဲ့ ခွဲခြားပို့ ဆောင်ခဲ့ပါတယ်။
ဘုရင် နဲ့ မိဖုရားကိုတော့ Madras ကိုပထမဦးဆုံးပို့ ပြီး ၆လကြာထားရှိပါတယ်။နောက်တော့ ဘုံဘေ
မှာရှိတဲ့ ရတနာဂီရီသို့ပြောင်းရွှေ့ထားရှိခဲ့ပါတယ်။ရတနာဂီရိသို့ ရောက်ရှိသောအခါ ဘုရင်သီပေါက
Col Sladen ကို သူတို့ ၏တော်ဝင်ရတနာများပြန်လိုချင်ကြောင်းတောင်းဆိုခဲ့ပါတယ်။အဲ့ဒီတောင်း
ဆိုမှုကိုဘာမှသဘောမထားဘဲနေထိုင်ခဲ့ပါတယ်။ဘုရင်လဲ ၃ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပေမယ်အဖြေက
တော့ Col Sladen ကို England သို့ ပြန်ပို့ လိုက်ပြီဆိုတာပြောပါတယ်။ အဲ့အချိန်မှာဘဲမြန်မာနိုင်ငံမှာ
ကျွန်ဘ၀မှလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတဲ့ အချိန်လဲဖြစ်ပါတယ်။ဘုရင်သီပေါ ကိုတော့ တော်ဝင်
ရတနာတွေပေးအပ်ခဲ့ခြင်းမရှိပါဘူး။ ဘုရင်သီပေါ ဟာ အကျဉ်းသမားမဟုတ်ပါဘူး။ လစဉ် India
ရူပီးငွေထောက်ပံ့ပါတယ်။ အခိုင်းအစေ ၂၀၀ကျော်ထားရှိပေးပါတယ်။ပို့ ဆောင်ရေးအတွက်လှပတဲ့
မြင်းရထားလုံး နဲ့ ပို့ဆောင်ပေးပါတယ်။ ဒါပေမယ့် ဘုရင် နဲ့ မိုဖုရားဟာခွင့်ပြုချက်မရှိဘဲ ဘယ်မှ
အပြင်ထွက်ခွင့်မရှိပါဘူး။ တော်ဝင်မိသားစုဟာ အချိန်တိုင်း စောင့်ကြည့်ခံရပါတယ်။၁၉၁၁ ခုနှစ်
King George V နန်းတက်ပါတယ်။ King George V နန်းတက်ပြီး New Delhi, India ကိုလာတော့
ဘုရင်သီပေါ ဟာ တော်ဝင်ရတနာတွေ ပြန်ရဖို့ အတွက် စာ၅စောင်ကို King George V ထံပေးပို့ ခဲ့ပါတယ်။ဒါပေမယ့် ပြန်စာကတော့ Col Sladen သေဆုံးသွားပြီဆိုတာပါဘဲ။ သတင်းဟာအမှန်အ
တိုင်း ထွက်ပေါ်လာပါတယ်။ Col Sladen ဟာ တော်ဝင်ရတနာများကို ၁၈၈၅ ခုနှစ်တွင် ဘုရင်
သီပေါ ထံမှာရယူခဲ့ပါတယ်။၁၈၈၇ မှာ Col Sladen ဟာပင်ပန်းမှုကြောင့် England ကိုပြန်လာခဲ့ပြီး
၁၈၉၀ မှာသေဆုံးခဲ့ပါတယ်။ဘုရင်သီပေါလဲ တော်ဝင်ရတနာများပြန်ရရေးအတွက် ထပ်ခါထပ်ခါ
ကြိုးစားပေမယ့် ဗြိတိသျှ အစိုးရကတော့အဲ့ဒီပေါ် စိတ်ဝင်စားမှုမပြုတဲ့ အပြင် ရတနာတွေကိုလဲ
ပိုင်ရှင်ထံပြန်ပေးအပ်ခြင်းမပြုခဲ့ပါဘူး။အချိန်ကြာလာတာနဲ့ အမျှ မြန်မာအပေါ်ထားရှိတဲ့ ဗြိတိသျှ
စည်းမျဉ်းတွေလဲ ပြောင်းလဲလာပါတယ်။မင်းသားမောင်မောင်တင့် ဟာတိုက်ခိုက်မှုတွေရပ်ပြီး
ရုံးစာရေးတဦးဖြစ်လာပါတယ်။ တစ်ဖက်မှာတော့ကုန်းဘောင် မင်းဆက်များဆိုတဲ့ စာအုပ်ကို
ရေးသားနေပါတယ်။ သူ့ညီမတွေဖြစ်တဲ့ချမ်းတောင်မင်းသမီး နဲ့ တောင်ဇင်မင်းသမီး နှစ်ပါးမန်းလေး
ပြန်လာပြီး အတူတူနေထိုင်ကြပါတယ်။Royal Ruby Ngamauk သတင်းကတော့ Col Sladen ဟာ
King George V နန်းတက်ပြီး ၁၉၁၁ခု India လာစဉ်က Queen Victoria ကိုဆက်သခဲ့ကြောင်းသိ
ရပါတယ်။ ထိုအချိန်တွင် မင်းသားမောင်မောင်တင့်ကကျောက်ဆည်တွင် ခရိုင်မှူးဖြစ်နေပြီဖြစ်သည်။
အချို့ ခရိုင်မှူးများနဲ့ ရုံးစာရေးများကို Ceremony Of Indiaကိုဖိတ်ကြားတက်ရောက်စေပါတယ်။
ထိုထဲတွင် ကျောက်ဆည်မှ ဦးထွန်းမင်း လဲအဖိတ်ခံရပါတယ်။ဦးထွန်းမင်း ဟာ ဦးမောင်မောင်တင့်နဲ
့အနီးကပ်ဆုံး သူငယ်ချင်းတွေဖြစ်ပါတယ်။ဦးထွန်းမင်း ကျောက်ဆည်ပြန်လာတော့ သတင်းတွေ
စာအုပ်တွေ ပို့ စ်ကဒ်တွေယူလာပါတယ်။ပို့စ်ကဒ်ထဲမှာ England King & Queen ပုံကို ကာလာစုံ
ရိုက်ထားပါတယ်။ ထို ပို့စ်ကဒ်ဟာ ရှင်းလင်းပြတ်သားပြီး မိဖုရားရဲ့ ဘက်မှာအနီရောင်အတုံးလေးကို
တွေ့ မြင်ရပါတယ်။ ထိုအတုံးလေးကတော့ မြန်မာနိုင်ငံကRoyal Ruby Ngamauk ဘဲဖြစ်ပါတယ်။
Ruby Ngamauk အကြောင်းကို ရုတ်တရက်သိသွားတဲ့ မင်းသားဦးမောင်မောင်တင့်ကတော့မန်း
လေးကိုရောက်ရှိနေတဲ့ ညီမဖြစ်သူ ချမ်းတောင်မင်းသမီး ထံသွားရောက်မေးမြန်းခဲ့ပါတယ်။ “ချမ်းတောင်မင်းသမီးပို့စ်ကဒ်ထဲက Ruby ကိုကြည့်စမ်း၊ Royal Ruby Ngamauk ကိုဘယ်သူသိမ်း
ထားလဲ” ဟုမေးမြန်းခဲ့ပါတယ်။ချမ်းတောင်မင်းသမီး လဲ “Ruby Ngamauk ကိုလွန်ခဲ့တဲ့ ၂၆နှစ်ထဲက မတွေ့ တော့တာ၊ ခုထိ အရည်အသွေးကောင်းတုန်းပါလား” ဟုချက်ချင်း Ruby Ngamauk မှန်း
ကောက်ချက်ချလိုက်နိုင်သည်။
အချိန်တွေ ရာသီတွေပြောင်းလာတာနဲ့ အမျှ ထိုအကြောင်းအရာတွေကို ဒေါ်မမကြီးထံပေးအပ်ခဲ့
ပါတယ်။ သူမရဲ့ ခင်ပွန်း England ကိုပညာသွားသင်ကာလမှာ Tower Of London Museum ကို
သွားရောက်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် ဖြစ်တဲ့ ဘုရင်သီပေါ နဲ့ မိဖုရားစုဖုရာလတ် တို့ ပုံတွေနဲ့ အတူ Royal Ruby Ngamauk ကိုပါတွေ့ ရှိခဲ့ကြောင်းပြောကြားသွားပါတယ်။

ရတနာနတ်မယ်


တချိန်တခါက မြန်မာနိုင်ငံမှာ နာမည်ကြီးခဲ့တဲ့ ရတနာနတ်မယ်အကြောင်းပြန်လည်
ပြောပြချင်ပါတယ်ဗျာ……သူမက တခြားသူမဟုတ်ပါဘူး မြန်မာတော်ဝင်မင်းမျိုးမင်းနွယ် ရဲ့ 
မျိုးဆက်လဲဖြစ်တယ်နောက် ဗိုလ်ချုပ်နေ၀င်းလက်ထပ်တုန်းက မြန်မာနိုင်ငံရဲ့ First Lady
လဲဖြစ်ခဲ့တယ်။
ရတနာနတ်မယ်ကိုတော့ လင်းပင်မင်းသားကြီး နဲ့ ရေနံ့သာခင်ခင်ကြီး တို့ ကဖွားတော်မူတဲ့
သမီးတော် ထိပ်တင်မလတ် နဲ့ သြစတေးလျနိုင်ငံသား မြင်းပွဲဘွတ်ကီ Mr. Herbert Bellamy တို့ ကဖွားမြင်ခဲ့တာပါ။မင်းသမီး ထိပ်တင်မလတ် ကို ၁၈၉၀ မှာမွေားဖွားခဲ့ပြီး ရတနာနတ်မယ်ကို
တော့ ၁၉၃၀မှာမွေးဖွားခဲ့ပါတယ်…နောက် မင်းသမီး ထိပ်တင်မလတ် နဲ့ Mr. Bellamy နဲ့ လဲအသက်တော်တော်ကွာမယ်ထင်ပါတယ်။
Mr. Bellamy နဲ့ မင်းသမီးထိပ်တင်မလတ် တို့ မင်္ဂလာဆောင်တော့ အသိသက်သေအဖြစ်နာမည်ကြီး
စာရေးဆရာ မောရစ်ကောလစ် ကဆောင်ရွက်ပေးခဲ့ပါတယ်။လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ
ခင်ခင်ကြီးတို့ ဟာ ဥပတိရုပ်ချောမောခဲ့တဲ့အတွက် ထိပ်တင်မလတ်လဲချောမောလှပပြီး အင်္ဂလိပ်
အသိုင်းအ၀ိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။ရတနာနတ်မယ် လဲ ချောမောလှပပြီး အနောက်တိုင်းသွေး
တစ်ဝက်စပ်တဲ့အတွက် ပြောစရာမရှိအောင်လှပပြီး ဂုဏ်သိက်ခါရှိ အင်္ဂလိပ်အသိုင်းအ၀ိုင်းမှာ
နာမည်ကြီးခဲ့ပါတယ်။

ရတနာနတ်မယ် ဟာ ပြင်ဦးလွင် စိန့်မိုက်ကယ် အမျိုးသမီးအထက်တန်းကျောင်းမှာ အထက်တန်း
ပညာသင်ကြားခဲ့ပြီး မြင်းစီးကျွမ်းကျင်သူ၊ တင်းနစ်ရိုက်ရာတွင်ထူးချွန်သူ၊ အရပ်အမောင်းကောင်းသူ
ဆိုပြီးနာမည်ကြီးခဲ့ပါတယ်။ရတနာနတ်မယ်ဟာ တချိန်တုန်းကဆိုရင် She was once the cream of Yangon Society during လို့ တောင်ပြောကြပါတယ်။ နိုင်ငံခြားသားနဲ လက်ထပ်ပြီးရခဲ့ပေ
မယ့်ကုန်းဘောင်မင်းဆက်ဖြစ်တဲ့ ဘိုးဘွားတွေကတော်တော်လေးချစ်ပုံရပါတယ်။ နတ်ကပေးတဲ့က
လေးဆိုပြီး ရတနာနတ်မယ် လို့ နာမည်ပေးခဲ့ကြပါတယ်။
ခုတော့ ရတနာနတ်မယ်ဟာ အီတလီနိုင်ငံ ဖလော်ရန့်မြို့ မှာ Studio Of Bellamy ဆိုတဲ့ Cooking School(www.studiojunebellamy.it)ဖွင့်လှစ်ထားပါတယ်။ သူမဟာကျော်ကြားတဲ့ Chef တယောက်ဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင်ဝက်ဒ်ဆိုဒ်လေးမှာတော့မြန်မာအငွေ့ အသက်လေးတွေ
တွေ့ မြင်နိုင်ပါသေးတယ်။

သူမအခန်းထဲမှာတော့ သူမဖခင်ဝါသနာပါခဲ့တဲ့ မြင်ပုံလေးတွေချိတ်ဆွဲထားသလိုလင်းပင်
မင်းသားကြီး နဲ့ ရေနံ့သာခင်ခင်ကြီးတို့ မင်္ဂလာဆောင်ပုံကိုလဲ ရေးဆွဲထားတယ်လို့ သိရှိရပါတယ်။
ရတနာနတ်မယ်ဟာ တချိန်က မြန်မာပြည်မှာ ထင်ရှားခဲ့သူလူတယောက်အဖြစ်၊ မြန်မာပြည်ဘုရင်
စနစ်ရဲ့ လက်ကျန် ဆွေတော်မျိုးတော် အဖြစ်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

ကောက်နှုတ်ချက် – NYI LINN SECK 18+DEN Blog

ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း(ခေါ်) မစ္စတာမောင်မှိုင်း


နိဒါန်း
မြန်မာစာပေပညာရှင်၊ ကဗျာဆရာ၊ ရာဇဝင်(သမိုင်း)ဆရာ၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး တိုက်ပွဲ ဝင် မျိုးချစ်စာရေးဆရာ၊ ငြိမ်းချမ်းရေး အကျိုးပြုသမား အဖြစ်ထင်ရှား ကျော်ကြားသူဖြစ်သည်။ ကလောင်အမည်အမျိုးမျိုးနှင့် ဆောင်းပါး၊ ကဗျာ မြောက်များစွာရေးသားခဲ့သည့်အနက် မစ္စတာမောင်မှိုင်း မှာပုံတော်၊ ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ သခင်ဋ္ဋီကာတို့မှာ အထူးထင်ရှားသည်။ သခင်ကိုယ်တော်မှိုင်းသည် သီပေါမင်းပါတော်မူကာ မန္တလေးပျက်သည်ကို သိမှီခဲ့သူဖြစ်သည်။ သက်ရှိထင်ရှားမရှိတော့သည့်တိုင် မြန် မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် မျိုးဆက် အဆက်ဆက်တို့ အားသြဇာလွှမ်းမိုးဆဲဖြစ်သည်။
သခင် ကိုယ်တော်မှိုင်း (၁၈၇၆ – ၁၉၆၄)

1. အမည်ရင်း – မောင်လွမ်းမောင်
2. မိဘအမည် – ဦးစံဒွန်း + ဒေါ်အုန်း
3. မွေးသက္ဗရာဇ် – ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့
4. မွေးဖွားရာဒေသ – ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ
5. ကလောင် အမည်ခွဲများ – ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့်
6. မွေးချင်း – မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်

ကိုယ်ရေး ဖြစ်စဉ်

၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန – ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။

၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို ‘စာတော်ဝန် ဦးခဲ’ ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။

၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။

၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ ‘မြန်မာတိုင်း’ သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ ‘ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်’ တွင် စာစီ အဖြစ် ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် ‘ရန်ကုန်တိုင်း သတင်းစာတိုက်’ သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့် မော်လမြိုင်မြို့ ‘မြန်မာတိုင်း’ သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသား ခဲ့သည်။ မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင် မောင်လွန်း အမည်ဖြင့် ၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ ၁၉ဝ၇ တွင် ‘မော်လမြိုင် နတ်လမ်းညွှန်’ ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သည်။

၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ ‘အမရဝတီ ပုံနှိပ်တိုက်’ သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။

နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂ တွင် ‘သူရိယ သတင်းစာ’ တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။

၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။

၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ ‘သြဒိဿ မတ္ထနာ လေးချိုးကြီး’ ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။

၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ ‘မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို’ ဟု ပြောကာ ငြင်းပယ် ခဲ့သည်။

၁၉၂၃ ‘မြန်မာ့ရီဗျူး’ ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ ‘ဗြိတိသျှ ဘာမား မဂ္ဂဇင်း’ နောင် ‘ဓူဝံ မဂ္ဂဇင်း’ တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။

၁၉၂၈ – ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍ ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး ခဲ့သည်။ ၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ သတင်းစာ၌ ‘ဂဠုန်ပျံ ဒီပနီ ဋီကာ’ ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃ မှာ ‘နေရှင်နယ်’ မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။

၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ ‘ဝဍ္ဎကုဇိန သာသနနံ’ အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။

၁၉၃၄ ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။

၁၉၃၅၊ ဒီဇင်ဘာလထုတ် ‘ဟံသာ မဂ္ဂဇင်း’ တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။

၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် – ဝါဆို) မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ ဗမာ အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။

၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ ‘လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်’ ဟု ဟောပြော ခဲ့သည်။

၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။ ဧပြီ ၆ – ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် ‘ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်’ ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် ‘ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်’ ဟု ဟောပြော ခဲ့သည်။

၁၉၄ဝ၊ ဇန်နဝါရီ ၁၃ – ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် ‘ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်’ တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။

၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် (၁) အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။

၁၉၄၁ – ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။

၁၉၄၄ – ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။

၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။

၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် ‘အလင်္ကာ ကျော်စွာဘွဲ့’ ကို အစိုးရမှ ချီးမြှင့် ခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ကမႝာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ တက်ရောက်သည်။ မေလ ၁ဝ – ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့သည်။

၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။

၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် ‘ငြိမ်းချမ်းရေး စတာလင်ဆု’ အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ ၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။

၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။

၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။

၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။

၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။

၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။

ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။

ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။

ငယ်ဘဝနှင့်ပညာရေး
သခင်ကိုယ်တော်မှိုင်းအား ပြည်မြို့အနီး ရွှေတောင်နယ် ဝါးလယ်ကျေးရွာတွင် လှည်းသမားတစ်ဦး ဖြစ်သူ အဖ ဦးစံထွန်း၊ အမိဒေါ်အုန်းတို့ ၁၂၃၇ခု တပေါင်းလပြည့်ကျော် (၁၄)ရက်၊ (၁၈၇၆ မတ်လ၂၃ရက်) ကြာသပတေးနေ့၌ ဖွားမြင်ခဲ့ပြီး ငယ်မည်မှာ မောင်လွန်းဖြစ်သည်။ မိခင်ဒေါ်အုန်းသည် အိမ်တွင်းလုပ်ငန်းများကို လုပ်ကိုင်ရင်း သားဖြစ်သူမောင်လွန်း အား စာရေး စာဖတ်သင်ကြားပေးခဲ့သည်။ ထို့နောက်မိဘများမှ ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီး ထံတွင်အပ်နှံပြီး ပညာသင်စေသည်။ မောင်လွန်းသည်ကျောင်းသားဘဝမှာပင် အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ ပရိတ်ကြီး၊ သဒ္ဒါသဂြိုဟ် စသည်တို့ကို သင်ကြားတတ်မြောက်ခဲ့သည်။

မောင်လွန်းသည်ကျောင်းသားဘဝတွင် ရွှေတောင်မြို့၌သာနေခဲ့သည် မဟုတ် မိခင်ဖြစ်သူ၏မောင် ဦးရီးရဟန်းတော်နှင့် အညာဒေသများသို့လိုက်ပါရင်း ပညာသင်ယူခဲ့သည်။ သို့သော် နေရပ်ပြန်ရောက် ချိန်တွင် ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ထံတွင်သာ စာသင်သွားလေ့ရှိသည်။ တခါတွင် မောင်လွန်းသည် ဦးရီးရဟန်းနှင့်အတူ မန္တလေးမြို့ မြတောင်တိုက်၌ ရှိနေစဉ် သီပေါမင်းအား အင်္ဂလိပ်တို့ ခေါ်ဆောင်သွားသည့် ပါတော်မူအရေးအခင်းကြီးနှင့် ကြုံကြိုက်ခဲ့သည်။ ၁၀နှစ်အရွယ်ရှိပြီဖြစ်သောကြောင့် အမျိုးနှင့်နိုင်ငံအတွက် နာရကောင်းမှန်းသိကာ အခဲမကျေရှိခဲ့သည်။

ယင်းနောက်ရှင်သာမဏေဝတ်ကာ အလုံ၊ မုံရွာ၊ ချောင်းဦး၊ ဘုတလင်စသော အထက်အညာတခွင် ၌လည်းကောင်း ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးထံ၌ လည်းကောင်း ပညာများဆည်းပူးနေခဲ့သည်။ အသက်၁၉နှစ်အရွယ်တွင် ဖခင်ဦးစံထွန်းကွယ်လွန် သွားပြီး မရှေးမနှောင်းပင် ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးပါ ပျံလွန်တော်မူ သွားခဲ့သည်။ ထို့ကြောင့် လူထွက်ကာ မိခင်မုဆိုးမကြီးအား လုပ်ကျွေးမွေးမြူရန် ကြိုးစားရင်းရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။

စာစီသမားဘဝ

ရန်ကုန်သို့ရောက်ရှိပြီးနောက် ဆူးလေဘုရားလမ်း ဇမ္ဖူ့ကြက်သရေ စာပုံနှိပ်တိုက်၌ စာစီသမားအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ထိုအခါက ထိုတိုက်၌ အယ်ဒီတာ ဆရာကြန်၊ တောင်လုံးပြန်ဆရာမြ၊ လင်းလွန်းပင် ဆရာတော်လူထွက် ဆရာဦးပန်းလှိုင်တို့ ရှိနေကြသည်။ မောင်လွန်းသည် အရည်အချင်းရှိသူဖြစ်သည့်အတိုင်း စာစီသမားဘဝမှ စာပြင်ဆရာ၊ အယ်ဒီတာကလေးဘဝ သို့မကြာမီအတွင်းမှာပင် တိုးတက်ရောက်ရှိ လာခဲ့သည်။ ပုံနှိပ်တိုက်ပိုင်ရှင် ဦးမောင်မောင်ခနှင့် ဒေါ်မမ လေးတို့ကလည်း မောင်လွန်းအား အလွန်ပင် ချစ်ခင်ကြသည်။

ပြဇာတ်ဆရာလွမ်း

ထိုအချိန်က နှစ်ပဲတန်ပြဇာတ်လွန်စွာ ခေတ်စားသောကြောင့် ပြဇာတ်စာအုပ်အများအပြားကို အားစိုက်ရေးသားခဲ့သည်။ ထိုစဉ်က အပျော်ဖတ် ဇာတ်စာအုပ်များ ပလူပျံအောင်ထွက်နေခဲ့ပြီး ကိုယ်တိုင်ရေးသာရေးသော်ငြား မနှစ်မြို့လှသောကြောင့် “အသုံးမကျသော ဇာတ်စာအုပ်”ဟု ရေးသားခဲ့ဖူးသည်။ ထို့အပြင် ရေးသား ခဲ့သောပြဇာတ်များအားလုံးမှာ ကိုယ်တိုင်ရေးမဟုတ်ပဲ ဇတ်သဘင်စင်ထက်မှ လာသောဇာတ်များသာ ဖြစ်သည်ကတစ်ကြောင်း၊ ဆရာသမားများ၏ ဂုဏ်သိက္ခာများ ကိုထိခိုက်မည် စိုးသည်ကတစ်ကြောင်း အမည်ရင်းဖြင့်မရေးပဲ ရွှေတောင်မောင်လွမ်း ဟူသောအမည်ကို အသုံးပြုခဲ့သည်။ရေးသားခဲ့သော ပြဇာတ်စာအုပ်ပေါင်း ၈၀ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။

အိမ်ထောင်ရေး

ဇမ္ဗူ့ကြက်သရေပုံနှိပ်တိုက်၌ အလုပ်လုပ်ကိုင်နေစဉ်မှာပင် တိုက်ပိုင် ဦးမောင်မောင်ခနှင့် ဒေါ်မမလေးတို့က ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် အိမ်ထောင်ချပေးခဲ့သည်။ ၁၂၇၇ခု အသက်၄၀အရွယ်၌ ဇနီးဒေါ်ရှင် ကွယ်လွန်ကာ သားသမီးလေးဦး ကျန်ရစ်ခဲ့သည်။ ၁၉၂၃-ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့၌ သမီးကြီး ဒေါ်မြရီသည် စာရေးဆရာ ဆရာဇေယျ နှင့် အိမ်ထောင် ပြုခဲ့သည်။

သတင်းစာဆရာဘဝ

ဇမ္ဗူ့ကြက်သရေပုံနှိပ်တိုက်အား အစုစပ်လိမိတက် သတင်းစာတိုက်လုပ်လိုက်ပြီးနောက် မကြာမီ ပုဏ္ဏားဦးဘဘေ ဆိုသူပိုင်ရှင် ဖြစ်လာခဲ့သည်။ လုပ်ငန်းတိုးတက် မှုမရှိသည့်အပြင် လခလည်းမမှန်၊ ဆရာရင်းများလည်း မရှိတော့သဖြင့် ရန်ကုန်သတင်းစာတိုက်သို့ ပြောင်းရွှေ့ အလုပ်လုပ်ခဲ့သည်။ ထိုတိုက်တွင် ဆရာလွန်းကမြန် မာစာအယ်ဒီတာ အဖြစ်လုပ်ကိုင်ရသည်။ စာတော်ပြန်အလုပ်ရသော်လည်း အလုပ်ပဲ ငြင်းပယ်ခဲ့သည်။ ရန်ကုန်တိုင်း သတင်းစာ ဆုတ်ယုတ်လာသောအခါ မော်လမြိုင် သို့ပြောင်းကာ မြန်မာတိုင်းသတင်းစာ၌ အယ်ဒီတာ အဖြစ်လုပ်ကိုင်သည်။ မောင်သမာဓိအမည်ဖြင့် ဆောင်းပါးများရေးသားခဲ့သော်လည်း နိုင်ငံရေးဘက်သို့ မျက်နှာမမူသေးပေ။ ဇနီးသည် မမာမကျန်း ဖြစ်ခြင်းကြောင့် မော်လမြိုင်သတင်းစာတိုက်မှ နှုတ်ထွက်ကာ ရွှေတောင်၌ ခေတ္တပြန်နေခဲ့သည်။ ၁၉၁၁သူရိယသတင်းစာ ကိုစတင်တည်ထောင်ကြရာတွင် ဆရာလွန်းကို ခေါ်ယူသဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ပြန်သည်။ ထိုအခါ ဆရာလွန်း၏ ကိန်းအောင်းနေခဲ့သော ဇာတိမာန်များရှင်သန်ကြီး ထွားကာ မျိုးချစ်စာပေများ၊ နယ်ချဲ့ဆန့်ကျင်ရေးစာပေများ စတင်ရေးသားခဲ့သည်။

ချဉ်ပေါင်ရွက်သည်မောင်မှိုင်း နှင့် မစ္စတာမောင်မှိုင်း

သက္ကရာဇ်၁၉၀၀ကျော်ခန့် မှစ၍မြန်မာ ပညာတတ်အချို့သည် မစ္စတာဆိုသည့် အသုံးအနှုံးအား မိမိတို့မြန်မာအမည်များ ရှေ့တွင်တပ်၍ ခေါ်ဝေါ်ကြသည်။ ထို ခေတ်ဗုဒ္ဓဘာသာ ကလျာဏရုဝ အသင်း၏ခေါင်းဆောင်များဖြစ်ကြသော ဦးမေအောင်၊ ဦးခင်စသည်တို့သည် မစ္စတာမေအောင်၊ မစ္စတာခင် စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲကြသည်။ အသင်းအစည်းအဝေး မှတ်တမ်များတွင် မစ္စတာမေအောင်မှ အဆိုတင်သွင်းပြီး မစ္စတာခင်မှကန့်ကွက်ဟု ရေးမှတ်ကြသည်ဟု ဆိုသည်။ သခင် ကိုယ်တော်မှိုင်းသည် ထိုအပြုအမူများကိုမြင်သောအခါ လုံးဝနှစ်သက်ခြင်းမရှိ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန်ကျင်သည့်အပြင် လွတ်လပ်ရေကြိုးပမ်းနှင့်လည်းဆန့် ကျင်သည်ဟု ယူဆသည်။

၁၉၀၄ဝန်ကျင်ခန့်က ပြင်သစ်စာရေးဆရာ ဒူးမားရေးသားသောThe Count of Monte Cristoဝတ္ထုကို ဂျိမ်းလှကျော်က မောင်ရင်မောင် မမယ်မ ဟူ၍ဆီလျော် အောင်ဘာသာပြန်ထုတ်ဝေခဲ့ပြီး လွန်စွာရေပန်းစားခဲ့သည်။ ဟံသာဝတီပိဋကတ်တိုက် ပိုင်ရှင် မစ္စတာရစ်ပလီဆိုသူသည် အားကျကာ ဝန်စာရေးဟောင်း ဦးကြီး အားအများကြိုက်မည့် ဝတ္ထုတပုဒ်ကို ရေးသားစေသည်။ ဦးကြီးသည် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္တုကို ရေးသားပေးရာ ၁၉၀၄ခုနှစ်တွင် ပထမတွဲကိုထုတ် ဝေနိုင်ခဲ့သည်။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းသည် ဇာတ်လမ်းအရ အလွန်ယုတ်မာကောက်ကျစ်လှသော လူရှုတ်လူပွေတစ်ဦးဖြစ်ပြီး အမျိုးကောင်းသမီးများအား လှည့်ဖြားကာ ဥစ္စာပစ္စည်းတို့အား ယူငင်သည်။ ထိုခေတ်ကာလက လူကြီးများသည် ထိုဝတ္ထုကို ယုတ်မာညစ်ညမ်းသော ဝတ္ထုအဖြစ်မှတ်ယူပြီး လူငယ်များအား မဖတ်ရန် တားမြစ်ခဲ့ကြသည်။ ဖတ်ရှုလိုသူ လူငယ်အချို့သည် ထိုဝတ္ထုကို အိမ်သာအတွင်း ယူငင်၍ဖတ်ရှုခဲ့ရသည်ဟူ ဆိုသည်။

ထို့ကြောင့်လည်း သခင်ကိုယ်တော်မှိုင်သည် မောင်မှိုင်းအမည်ရှေ့တွင် မစ္စတာတပ်၍ သုံးစွဲလိုက်ရာ ဦးမေအောင်တို့လူစု မခံမရပ်နိုင်အောင် ဖြစ်ခဲ့ကြရသည်။ ပြန်လည်ရန်တွေ့ကြသလို သတင်းစာမှလည်းပြန်လည် ချေပရေးသားကြသည်။ သို့သော် သခင်ကိုယ်တော်မှိုင်းကား မဖြုံ ထိုအမည်ဖြင့် ဆောင်းပါး၊ ကဗျာများကို အစဉ်တစိုက် ဆက်ရေးသွားရာ တစ်နှစ်ခန့်အကြာတွင် ဦးမေအောင်နှင့်တကွ မစ္စတာတပ်သူအပေါင်းသည် မစ္စတာဘဝမှ အနားယူသွားကြရလေသည်။

အမျိုးသားကောလိပ်ကျောင်းဆရာဘဝ

၁၉၂၀တွင် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ကြသော ကျောင်းသားတစ်စုမှ ရန်ကုန်မြို့ ဗဟန်းရပ်ကွက်ရှိ ကျောင်းတိုက်တစ်တိုက်တွင် အမျိုးသားကောလိပ်ကျောင်း အားစတင်တည်ထောင်ကြသည်။ ထိုအချိန်တွင် မစ္စတာမောင်မှိုင်းအမည်ဖြင့် စာပေလောက၌ ထင်ရှားပြီးဖြစ်သော ဆရာဦးလွန်း သူရိယသတင်းစာတိုက်မှထွက်ကာ ဝင်ရောက်ဆောင်ရွက်ပေးသည်။ ကနဦးတွင် မြန်မာစာ ပါမောက္ခဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာရာဇဝင်ပြောင်း၍ သင်ကြားသည်။ သို့ရာတွင်အမျိုးသားကောလိပ်မှာ အမျိုးသားပညာရေး ကောင်စီ၏ အထောက်အပံ့မရသဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာပြီး နောက်ဆုံးတွင်ကောလိပ်ကို ပိတ်ခဲ့ရသည်။
မစ္စတာမောင်မှိုင်းမှသည် သခင်ကိုယ်တော်မှိုင်းသို့

သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ခုနှစ်တွင် ပါတီသစ်တစ်ရပ်အနေဖြင့် ထင်ရှားလာသော တို့ဗမာအစည်းအရုံးကို သူ၏သြဇာတိက္ကမနှင့် ဝင်ရောက်အားပေးကူညီရာ ၁၉၃၆တွင် နာယကဖြစ်လာခဲ့သည်။ ထိုအခါတို့ဗမာအစည်းအရုံးဝင်များ၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင်အမည်ကို ခံယူသည်။ ထိုအချိန်မှစကာ သခင်ကိုယ်တော်မှိုင်းဟူသော အမည်အား ကွယ်လွန်သည်အထိ အသုံးပြုသွားခဲ့သည်။ သခင်ကိုယ်တော်မှိုင်းသည် တို့ဗမာအစည်းအရုံးဝင် ခေတ်လူငယ်များ၏ အလုပ်လုပ်ပုံကို သ ဘောကျပြီး အကြံဥာဏ်များနှင့် အာပေးအားမြှောက် ပြုခဲ့ရာ ထိုလူငယ်များအနက် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် သခင်အောင်ဆန်း၊ မြန်မာပြည်ဝန်ကြီးချုပ် ဖြစ်လာမည့် သခင်နုတို့ပါဝင်ကြသည်။

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ

သခင်ကိုယ်တော်မှိုင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး ပြည်တွင်းစစ်ကြီး မဖြစ်ပွါးရန် အမျိုးမျိုးကြိုးစားခဲ့သည်။ ၄င်းနောက် ပြည်တွင်စစ်ကြီး ဖြစ်ပွါပြီး ရက်သတ္တပတ် အကြာတွင် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် တို့ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ စက်တင်ဘာ၁၄ရက် နေ့တွင် ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း သခင်စံထွန်းလှဇရပ်၌ အဖွဲ့အစည်း ပေါင်းစုံကိုယ်စားလှယ်များ၏ အစည်းအဝေးတစ်ရပ် ကျင်းပြပြုလုပ်ပြီး ၁၇ဦးကော်မတီ နိုင်ငံတော်အေးချမ်းသာယာရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

၁၉၄၈ဒီဇင်ဘာ ၂၅ရက်နေ့တွင် ရွှေတိဂုံစေတီတောင် ရာဟုဒေါင့် သံတန်ဆောင်းကြီး၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း၁၀၀ကျော်မှ ဆရာတော်၃၀၀၀ခန့်၊ အခြားဘာသာပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များနှင့် လူထုပရိတ်သတ် ၂၀၀၀ကျော်တက်ရောက်သော ပြည်တွင်းငြိမ်းချမ်းရေး စည်းဝေးပွဲကြီးအားဦးစီး ကျင်းပခဲ့သည်။ ထို့နောက် ၁၉၅၁ခုနှစ်တွင် ပြည့်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ(People’s Peace Front) ကိုဖွဲ့စည်းခဲ့ပြန်သည်။

၁၉၅၂ခုနှစ် မေလ ၁၀ရက်မှ ၁၄ရက်ထိ ဂျူဗလီဟောတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ပြည်လုံးကျွတ် ညီလာခံစင်မြင့်ပေါ်မှ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်များ ချမှတ်ပြီး မေလ၁၀ရက်နေ့တွင် ပြည်တွင်းစစ်ရပ်စဲရန် ပန်ကြားလွှာကို ထုတ်ပြန်ခဲ့သည်။ ၄င်းနောက် ၁၉၅၆ခုနှစ် ဖေဖေါ်ဝါရီလ၂၇ရက်နေ့မှ မတ်လကုန်အထိ အထက်မြန်မာပြည်တလွှားသို့ လှည့်လည်၍ ပြည်တွင်းငြိမ်းချမ်းရေး တရားများ လိုက်လံဟောပြောခဲ့သည်။ မတ်လ၃၁ရက်နေ့တွင် မန္တလေးအိမ်တော်ရာဘုရား ၁၄ခန်းဇရပ်ကြီး၌ လေးပြင်လေးရပ် ဆရာတော် ၁၄၃ပါးကို ပြည်တွင်းငြိမ်းချမ်းရေးပန်ကြးလွှာတစ်စောင် တင်ဆက်လျှောက်ထားပြီး သြဝါဒခံယူခဲ့သည်။

ထို့နောက်ပြည်တွင်းငြိမ်းချမ်းရေး ၈ဦးကော်မတီအားဖွဲ့စည်း၍ ၁၉၅၈ခုနှစ် မတ်လ၂၈ရက်နေ့တွင် တပြည်လုံးရှိ ခရိုင်မြို့နယ် အသီသီး၌ တပြိုင်နက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ သို့သော်၁၉၅၈တွင် အာဏာလွှဲပြောင်းမှုကြီး ပေါ်ပေါက်ခဲ့ပြီး ၈ဦးကော်မတီအားဖျက်သိမ်းပေးခဲ့ ရသည်။ ၁၉၆၀အရောက်တွင် ပြည်တွင်းငြိမ်းချမ်း ရေးနှိုးဆော်ရေးအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် သင်ပုန်းချေရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။

ကမ္ဘာလှည့် ငြိမ်းချမ်းရေးခရီးသည်

ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ဥက္ကဋ္ဌကြီးအဖြစ် တညီတညွတ်တင်မြှောက်ခြင်း ခံရပြီးနောက် ကမ္ဘာ့နိုင်ငံအများအပြားသို့ လှည့်လည်ခဲ့သည်။ ၁၉၅၂ခုနှစ် ပီကင်းတွင် ကျင်းပခဲ့သည့် အာရှပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ ကြီးကိုလည်ကောင်း၊ ၁၉၅၃ခုနှစ် တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တော် တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် ကိုလည်ကောင်း တက်ရောက်ခဲ့သည်။ ထို့အပြင် ၁၉၅၇ခုနှစ် သိရိလင်္ကာနိုင်ငံ ကိုလံဘိုတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့်ကိုလည်း မြန်မာပြည်ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။

ဘွဲ့နှင့်ဆုအမျိုးမျိုး

ကိုလိုနီခေတ်အတွင်းက ရန်ကုန်ယူနီဗာစီတီ မြန်မာစာပါမောက္ခအဖြစ် တစ်လ၃၀၀ကျပ်အဖြင့် အမှုထမ်းရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ တပည့်ရင်း ဖြစ်သူပြည်ထဲရေးဝန်ကြီး ဦးမေအောင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ယူရန် ပြောဆိုသော်လည်း လက်မခံခဲ့ပေ။ ထို့အပြင် ဝေလမင်းသားအား ကြိုဆိုဂုဏ်ပြုသည့် ပိုဒ်စုံရတုအား ငွေတစ်ထောင်ပေး၍ ရေးခိုင်းသော်လည်း ရန်သူကိုချီးမွမ်းထောပနာမပြုနိုင် ဟုခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပြည် ထောင်စုအစိုးရမှ အင်္လကာကျော်စွာ စာပေဘွဲ့ကိုပေးအပ်ခဲ့သည်။ မကြာမီပင် ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကြောင့် ဆိုဗီယက်ယူနီယံမှ စတာလင် ငြိမ်းချမ်းရေးဆုကို အပ်နှင်းခဲ့ပြန်သည်။ တဖန် အရှေ့ဂျာမဏီမှ ဒေါက်တာဘွဲ့ချီးမြင့်ခဲ့ပြန်သည်။ သခင်ကိုယ်တော်မှိုင်းသည် အဆိုပါ ဒေါက်တာဘွဲ့အား များစွာနှစ်မြို့ခြင်း မရှိသော်လည်း နှစ်နိုင်ငံ ချစ်ကြည်ရေး သဘောအရသာ လက်ခံခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးနေ့ရက်များ

ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ အာဏာရလာပြီး ၁၉၆၃နိုဝင်ဘာတွင် အစိုးရနှင့်တောခိုအဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်သွားသည် သာမက နောက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ပါ ဖျက်သိမ်းခြင်းခံရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပျက်သွားချိန်မှစ၍ စိတ်ထိခိုက်ကာ အင်အားချိနဲ့ လာခဲ့သည်။ သို့သော် အဖွဲ့ဖျက်သိမ်းခံရသည့်အကြောင်းအား တပည့်၊သား၊မြေးများမှ ဖုံးဖိထားခဲ့ကြသည်။ တနေ့တွင် ကွမ်းသီးထုတ်အား ပတ်ထားသည့် သတင်းစာစက္ကူမှ ထိုသတင်းအားသိရှိသွားကာ “တိုင်းပြည်တော့ပိုဆိုးတော့မှာပဲ” ဟုဆိုပြီး အိပ်ယာထဲလဲသွားသည်။ ၁၉၆၄ခုနှစ်ဇူလိုင်၂၂တွင် သတိမရှိတော့ပဲ ၂၃ရက်နေ့နံနက်၁နာရီ အချိန်တွင် ကွန်လွန်အနိစ္စရောက်သွား ခဲ့သည်။ ကွန်လွန်ချိန်တွင် အသက်၈၉နှစ် ရှိပြီဖြစ်သည်။

ဈာပန

သခင်ကိုယ်တော်မှိုင်း၏ရုပ်ကလပ်ကို နေထိုင်ရာ စမ်းချောင်း၊ ချမ်းသာလမ်းရှိ နေအိမ်မှ အစိုးရဆောက်လုပ်ပေးသည့် စမ်းချောင်းပုဒမ္မာကွင်းရှိ မဏ္ဍတ်သို့ ဇူလိုင်၂၉ တွင်ရွှေ့ပြောင်းခဲ့သည်။ ထိုမဏ္ဍတ်အတွင်းတွင် သူ၏ အသုံးအဆောင်ပစ္စည်းများအား ပြခန်းသဖွယ်ပြသာထားခဲ့သည်။ နေ့လည်၂နာရီတွင် ပုဒမ္မာကွင်းမှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင်ပန်းခြံသို့ လူထုပရိတ်သတ်ထောင်ပေါင်းများစွာ လိုက်လံပို့ဆောင်ကြပြီး ဂူသွင်းမြှပ်နှံခဲ့သည်။

သခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည် စာများ

သတင်းစာဆရာဘဝမှစ၍ ရေးသားပြုစု တည်းဖြတ်ခဲ့သော ဆောင်းပါး၊ ကဗျာ၊ လေးချိုး၊ ဋီကာပေါင်းများစွာ ရှိပြီး သခင်ကိုယ်တော်မှိုင်းပြုစုခဲ့သည့်စာများစာရင်း တွင်အကျယ်ကြည့်ပါ။
ပြည်သူ့ သမိုင်း အလျဉ်မှာ အဆက် မပြတ် ပါဝင် ခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေနဲ့ ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၃) နှစ်မြောက် နှစ်လည် ဝမ်းနည်း အမှတ်တရ အဖြစ် ဆရာကြီးရဲ့ အတ္ထုပ္ပတ္တိကို စုဆောင်း ကူးယူ တင်ပြ လိုက်တာ ဖြစ်ပါတယ်။

ထုတ်ဝေ ခဲ့သော စာအုပ် စာရင်း

1. ညီတော် မင်းနန် ချွန်ခန်း ဟောစာသစ် (ရွှေတောင်မြို့ ဆရာလွန်း) – ၁၉ဝ၂ ခုနှစ်
2. ရွှေတိဂုံ ဘုရား အမှူးကို ကျား အဖူးတက်သော ဇာတ်ဆန်း (မောင်လွမ်း) – ၁၉ဝ၃ ခုနှစ်
3. ကျမိုင်းမောင် နှင့် စောမြိုင် ပြဇာတ် (ဆရာလွမ်း) – ၁၉ဝ၃ ခုနှစ်
4. ကုလားလေး ဗျတ်ဝိ ဗျတ္တ ပြဇာတ် (ပ – အကြိမ် – ဆရာလွမ်း) – ၁၉ဝ၅ ခုနှစ်
5. မော်လမြိုင် ရာဇဝင် ဝတ္ထု (ပထမတွဲ – ဆရာလွမ်း) – ၁၉ဝ၅ ခုနှစ်
6. ကဗျာသာရ မဉ္စူ (ဆရာလွမ်း) – ၁၉ဝ၆ ခုနှစ်
7. ဝရမတ္တ သံခိပ် အဖြေကျမ်း (ဒုတိယတွဲ – ဆရာလွမ်း) – ၁၉ဝ၆ ခုနှစ်
8. အလောင်းတော် သုဝဏ္ဏသျှံ ပြဇာတ် (ဆရာလွမ်း) – ၁၉ဝ၇ ခုနှစ်
9. ချင်းမလေး ဝါနု ပြဇာတ်သစ် (ဆရာလွမ်း) – ၁၉ဝ၈ ခုနှစ်
10. သူခိုး ထိလပ် ပြဇာတ် (ပ – ဒု) (ဆရာလွမ်း) – ၁၉ဝ၈ ခုနှစ်
11. ကျောက်ဝိုင်း သမိုင်း၊ ရေကင်းသူ မရွှေပွင့် ပြဇာတ်၊ ပထမတွဲ (ဆရာလွမ်း) – ၁၉ဝ၉ ခုနှစ်
12. ကဗျာသာရတ္တ သဂြုင်္ိဟ် (ဆရာလွမ်း) – ၁၉၁ဝ ခုနှစ်
13. သီရိဓမ္မာ သောက မင်းကြီး ပြဇာတ် (ပ-တွဲ) (ဆရာလွမ်း) – ၁၉၁၁ ခုနှစ်
14. မြန်မာ ရာဇဝင်ချုပ်နှင့် ရွှေနတ်တောင် ဘုရားသမိုင်း (ဆရာလွန်း) – ၁၉၁၁ ခုနှစ်
15. လက်မှုပညာ ဋီကာ (Hard Book of Useful Recipes) – ၁၉၁၃ ခုနှစ်
16. ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်း) – ၁၉၁၄ ခုနှစ်
17. ကဆုန် ညောင်ရေသွန်းပွဲတော် အတ္ထုပ္ပတ္တိစာတန်း – ၁၉၁၄ ခုနှစ်
18. ဆောင်းပါး ပေါင်းချုပ်ကြီး (ပထမတွဲ) (မစ္စတာမောင်မှိုင်း) – ၁၉၁၄ ခုနှစ်
19. မှာတော်ပုံ ဝတ္ထု (ပထမတွဲ) (မစ္စတာမောင်မှိုင်း) – ၁၉၁၆ ခုနှစ်
20. အီနောင် နန်းတွင်းဇာတ်တော်ကြီး – ၁၉၁၇ ခုနှစ်
21. ဓမ္မစေတီ (မင်းအတ္ထုပ္ပတ္တိ) ဝတ္ထု – ၁၉၁၈ ခုနှစ်
22. ကေသာသီရိ နန်းတွင်း ဇာတ်တ်ာကြီး – ၁၉၁၈ ခုနှစ်
23. မှာတော်ပုံ ဝတ္ထု (ဒုတိယတွဲ) – ၁၉၁၉ ခုနှစ်
24. ပဲခူး ရာဇဝင် ဇာတ်တော်ကြီး – ၁၉၁၉ ခုနှစ်
25. ဒေါင်းဋီကာသစ် – ၁၉၂ဝ ခုနှစ်
26. ဘွိုင်းကောက် ဋီကာကြီး – ၁၉၂၁ ခုနှစ်
27. မှာတော်ပုံ ဝတ္ထု (တတိယတွဲ) – ၁၉၂၁ ခုနှစ်
28. မှန်နန်း ရာဇဝင်တော်သစ် (ပထမအုပ်) – ၁၉၂၂ ခုနှစ်
29. မျောက်ဋီကာ – ၁၉၂၃ ခုနှစ်
30. မျောက်ဂဏ္ဌိ – ၁၉၂၃ ခုနှစ်
31. ခွေးဋီကာ – ၁၉၂၅ ခုနှစ်
32. ဒေါင်းဂဏ္ဌိ (ပထမတွဲ) – ၁၉၃၁ ခုနှစ်
33. ဂဠုံပျံ ဒီပနီဋီကာ – ၁၉၃၁ ခုနှစ်
34. မန္ဈလေးမြို့ ရွှေရေးဆောင် ဆရာတော်ဘုရားကြီး ဦးကြည်၏ ထေရုပ္ပတ္တိကထာ – ၁၉၃၅ ခုနှစ်
35. ခွေးဂဏ္ဌိ (ပထမတွဲ၊ ဒုတိယတွဲ) – ၁၉၃၆ ခုနှစ်
36. သခင်ဋီကာ – ၁၉၃၈ ခုနှစ်
37. အာဇာနည်ဗိမာန် – ၁၉၄၈ ခုနှစ်
38. ဗမာ ပြည်တွင်းရေး မည်ကဲ့သို့ ဖြေရှင်း မည်နည်း သခင် ကိုယ်တော်မှိုင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး – ၁၉၄၈ ခုနှစ်
39. အနာဂတ် ဇာတ်ခုံ အိပ်မက် ဒီဠုံ ဋီကာ – ၁၉၅ဝ ပြည့်နှစ်
40. လေးချိုးပေါင်းချုပ် (ပထမတွဲ) – ၁၉၅၅ ခုနှစ်
41. လေးချိုးပေါင်းချုပ် (တတိယကြိမ်) – ၁၉၆၈ ခုနှစ်
42. မှာတော်ပုံ နှင့် စစ်ကိုင်းပြန် မှာတော်ပုံ – ၁၉၇၁ ခုနှစ်
43. လက်ရွေးစင် လေးချိုးတရာ – ၁၉၇၃ ခုနှစ်
44. တို့ဗမာ ဝတ်ရွတ်စဉ် – ၁၉၇၆ ခုနှစ်
45. အနုသာသနခေါ် ဂမီႝရပျို့အဖြေ
46. ဦးပုည မေတ္တာစာ
47. မှန်နန်းရာဇဝင်ချုပ်
48. ကုန်းဘောင်ပေါ်လစ်တစ်
49. ကလဟ ဝိနိစ္ဆယ
50. တက္ကသိုလ် ပန်တူဝိနိစ္ဆယ
51. ပဌမတ္ထဝိဘာဝနီ (ကျော်ဋီကာ)
52. အဝနန်းတော်
53. မြန်မာ့ဇေယာသဝဏ်
54. ကျော် ၄ ဆူ ဘုရားတိုင် လေးချိုးကြီးများ
55. သခင် ညီလာခံ သြဘာ ဆောင်းပါးများ
56. မင်္ဂလာရတုများ
57. အရေးတော်ပုံ ဆောင်းပါးများ
58. အရမ်းကာရ ဝိသောဓနီ
59. စုန်တော်မူမှာတမ်း

တည်းဖြတ်ခဲ့သော စာအုပ်များ

1. (မောင်စံသူ) ရွှေနန်းဘွဲ့ မှာတမ်း – ၁၉၁၃ ခုနှစ်
2. (မဏိကက်) နန်းတွင်း ဇာတ်တော်ကြီး – ၁၉၁၇ ခုနှစ်
3. (ဦးဘိုးသစ်) ကဗျာရေးနည်း နိသျှည်းကျမ်းကြီး – ၁၉၂၄ ခုနှစ်
4. (မောင်ချစ်စရာ) မြန်မာစာ ညွန့်ပေါင်း ဋီကာ – ၁၉၂၅ ခုနှစ်
5. တောင်တွင်းကြီးမြို့ ဆရာတော် ဟိတသိဒ္ဓက ဝတ္ထု – ၁၉၂၉ ခုနှစ်
6. ပုံတောင်နိုင် မော်ကွန်း – ၁၉ ? ခုနှစ်
7. (ဦးထွန်းဖေ) မြန်မာစာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် – ၁၉၃၃ ခုနှစ်
8. ဒုတိယ နဝဒေး စကြာမင်း မယ်တော် ဆင်ဖြူရှင်မ ဧချင်း – ၁၉၃၄ ခုနှစ်
9. (သခင် လေးမောင်) ဒို့ဝတ္တရားကြီး – ?
10. မြဒေါင်းညို (ဦးအောင်သိန်း) ဝသုမြေ (ပထမပိုင်း) – ၁၉၃၈ ခုနှစ်
11. (ဦးအုန်းမောင်) ကျောင်းသုံး မြန်မာ ရာဇဝင်သစ် – ၁၉၄၈ ခုနှစ်
12. (ဗိုလ်သိမ်းဆွေ) ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ – ၁၉၅၁ ခုနှစ်
13. (မဟာတင်) လွတ်လပ်ရေး နှင့် ဗိုလ်ချုပ် မော်ကွန်း – ၁၉၅၂ ခုနှစ်
14. (ဆရာရွှေ)မြန်မာ ရှေးဟောင်း ကဗျာညွန့်ပေါင်း – ?
15. တရုတ် အရပ်ရပ်ရောက်သည့် အရေးတော်ပုံ – ?

သခင်ကိုယ်တော်မှိုင်းပြုစုခဲ့သည့်စာများစာရင်း

သခင်ကိုယ်တော်မှိုင်း ရေးသားတည်းဖြတ်ခဲ့သော စာများအား အပိုင်း(၁) သက္ကရာဇ်စဉ် စာစုစာရင်း၊ အပိုင်း(၂) အမည်သာသိရသော စာများစာရင်း၊ အပိုင်း(၃) သက္ကရာဇ်စဉ် တည်းဖြတ်ခဲ့သောစာမူများစာရင်း ဟူ၍၃ပိုင်းခွဲခြားထားသည်။
အပိုင်း(၁) သက္ကရာဇ်စဉ် စာစုစာရင်း
၁၉၀၂

၁။ ညီတော်မင်းနန် ချွန်ဟောစာသစ်။ ရေးသူ ရွှေတော်မြို့ ဆရာလွန်း၊ ရန်ကုန်မြို့။ ဇမ္ဗုကြက်သရေပုံနှိပ်တိုက်။ ၁၉၀၂။ ၁-၂၄။
၁၉၀၃

၂။ ရွှေတိဂုံဘုရား အမှုးကို ကျားဖူးတက်သော ဇာတ်ဆန်း။ ပထမတွဲ။ ရေးသူမောင်လွမ်း၊ ရန်ကုန်မြို့။ ဇမ္ဗုကြက်သရေပုံနှိပ်တိုက်။

၃။ ကျမိုင်းမောင်နှင့် စောမြိုင်ပြဇာတ်။ ရေးသူဆရာလွမ်း၊ ရန်ကုန်မြို့။ ဇမ္ဗုကြက်သရေပုံနှိပ်တိုက်။ ၂တွဲ၊ စာမျက်နှာ ၈၀စီ။

၁၉၀၅

၎။ ကုလားလေး ငဗြတ်ဝိ ငဗြတ္တ။ ရေးသူဆရာလွမ်း။ ပထမအကြိမ်ပုံနှိပ်ခြင်း။ ရန်ကုန်အီဗရာဟင်။ ၃တွဲ။ စာမျက်နှာ ၈၀စီ။

၅။ မော်လမြိုင် ရာဇဝင်ဝတ္တု။ ရေးသူဆရာလွမ်း။ မော်လမြိုင်မြို့၊ မြန်မာတိုင်းသတင်းစာ ပုံနှိပ်တိုက်။ ၁၇၆စာမျက်နှာ။ ပထမတွဲ။

၁၉၀၆

၆။ ကဗျာသာရမဉ္ဇူ။ ရေးသူဆရာလွမ်း။ မော်လမြိုင်မြို့၊ မောင်ရွှေအိုး၊ မြန်မာတိုင်းသတင်းစာ ပုံနှိပ်တိုက်။ ၂၂၃စာမျက်နှာ။

၇။ ပရမတ္တ သံခိပ်အဖျြေကျမ်း၊ ဒုတိယတွဲ။ ရေးသူဆရာလွမ်း။ မော်လမြိုင်၊ မောင်သာလှိုင် မြန်မာတိုင်းသတင်းစာ ပုံနှိပ်တိုက်။ ၁၁၄စာမျက်နှာ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ချိန်၌ အသက် ဆယ်နှစ်ကျော် ရှိနေသည်။ သီပေါမင်းပါတော်မူသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ဖူးသည်။ ထို့ကြောင့် မြန်မာပြည်ကို တိုင်းတပါးအောက်က လွတ်မြောက်ရန် ကြိုးပမ်းရမည်ဆိုသောအသိ ငယ်စဉ်ကတည်းက ကိန်းအောင်းခဲ့သူဖြစ်သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အသက် ၁၉ နှစ်တွင် ရန်ကုန်သို့ ရောက်လာပြီး စာစီ၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ သတင်းစာအယ်ဒီတာ အဖြစ်အဆင့်ဆင့်ရောက်ရှိခဲ့ပြီး သတင်းစာအယ်ဒီတာ ဖြစ်သည့်အချိန်တွင် ဆောင်းပါးများ စပြီးရေးခဲ့သည်။ ‘ရွှေတောင် မောင်လွမ်း’ဆိုသည့် ကလောင်နာမည်ကို ရှေ့ပိုင်းတွင် သုံးစွဲခဲ့သော်လည်း နောက်ပိုင်းတွင် အင်္ဂလိပ်ကို အထင်ကြီးပြီး ကိုယ့်နာမည်ရှေ့၌ မစ္စတာ တပ်သော ဗမာများကို စက်ဆုပ်သည့်အတွက် ထိုခေတ်က နာမည်ကြီးသော ဝန်စာရေးဦးကြီး၏ ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’ဝတ္ထုထဲမှ လူရှုပ်လူပွေ ဇာတ်ကောင် ‘မောင်မှိုင်း’၏ အရှေ့တွင် မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်း ဆိုသည့် ကလောင်အမည်ကို ပြောင်းလဲသုံးစွဲခဲ့သည်။ သခင်ကိုယ်တော်မှိုင်း ဆိုသည့်အမည်မှာ တို့ဗမာအစည်းအရုံးကို ဝင်ပြီး ထိုအသင်းကြီး၌ နာယက ဖြစ်လာသည့်နောက်ပိုင်း၌ တွင်ခဲ့သည့်အမည်ဖြစ်သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေတွေလက်ရာများတွင် ဗိုလ်ဋီကာ၊ သခင်ဋီကာ၊ ဒေါင်းဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ ဂဠုန်ပျံဒီပနီဋီကာ စသည့် နိုင်ငံရေးသဘောတရားများ ပါရှိသော စာပေများပါဝင်သကဲ့သို့ ကဗျာလင်္ကာတွေ၊ ရာဇဝင်များလည်း ပါဝင်သည်။
သခင်ကိုယ်တော်မှိုင်းအလွန်

၁၉၇၆ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝဝ ပြည့် အမှတ်တရလုပ်ရန် ကြိုးစားသူ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်တုန်းတွင် သခင်ကိုယ်တော်မှိုင်း အသက် ၁၂ဝ ပြည့် အမှတ်တရ ထုတ်ဝေသော စာအုပ်မှာလည်း ဆရာကြီး၏ပုံကို စာအုပ်မျက်နှာဖုံးများ ဖော်ပြခွင့် မရခဲ့ချေ။ ထိုအပြင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဆရာကြီး၏ ဂူဗိမာန်ကို ဝင်ခွင့်မပေးတော့သည့်အတွက် အများသူငါ သွားရောက်ဂါရဝပြုခွင့်မရသည်မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။ စာပေလက်ရာများတွင် ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဘာသာရေးစာအုပ်မှလွဲ၍ အခြားစာအုပ်များ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိချေ။
လန်ဒန်တိုင်းသတင်းစာ၌ ဖော်ပြခဲ့သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ

* မောင်ထင် ဘာသာပြန်သည် (၂၄-၇-၀၇)

မြန်မာ့နိုင်ငံရေးနိုးကြားသော ခေတ်ဦး၌လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးသို့ ရှေ့ရှုသော ခေတ်၌လည်းကောင်း၊ အလွန်သြဇာတိက္ကမ ကြီးမားသော သခင်ကိုယ်တော်မှိုင်းသည် လွန်ခဲ့သော ကြာသာပတေးနေ့က ရန်ကုန်မြို့တွင် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်သောအခါ အသက် (၈၉) နှစ်ရှိလေပြီ။

သခင်ကိုယ်တော်မှိုင်းသည် လှည်းသမားတဦး၏ သားဖြစ်သည်။ ပြည်မြို့အနီး ရွာတရွာတွင် မွေးဖွားသည်။ ထိုရွာမှာ မြန်မာမင်းဆက်တို့၏ လွတ်လပ်သော နိုင်ငံတော်နှင့် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ပဲခူးနယ်စပ်ကြားတွင် တည်ရှိ သည်။ ရိုးရာဓလေ့အတိုင်း ငယ်စဉ်က မိမိဖွားရာဇာတိရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ယူခဲ့ပြီး နောက် မန္တလေး ရွှေမြို့တော်၌ ဆက်လက်ပညာသင်ယူခဲ့၏။

ထိုအခါ သခင်ကိုယ်တော်မှိုင်းသည် ဗြိတိသျှတို့က နောက်ဆုံးမင်းဆက် မြန်မာဘုရင်ကိုနန်းချသည့် အရေးအခင်း၌ ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရသည်။ ၁၈၉၄ ခုနှစ် တွင် စာပုံနှိပ်စက်တခု၌ ၀င်ရောက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့လာခဲ့ သည်။ ထိုအချိန်၌ ဆရာလွန်းဟု တွင်သည်။ ထိုအမည်မှာ မူလအမည်ကို အနည်းငယ်လွှဲပြောင်းထားသော အမည်ဖြစ် သည်။ (အင်္ဂလိပ်တို့၌ အမည်ရှေ့တွင် မောင်၊ ကို၊ ဦး၊ ဆရာစသော ဂုဏ၀ုဒ္ဓိကို ဖော်ပြသည့်အလေ့အထမရှိ။ ထို့ ကြောင့် ငယ်စဉ်ကမောင်လွန်း၊ လူပျိုအရွယ်၌ ကိုလွန်း၊ အသက်ကြီးလာသောအခါ ဦးလွန်း၊ ဆရာသမား ဖြစ်လာ သောအခါ ဆရာလွန်းဟူ၍ အမည်အမျိုးမျိုး ပြောင်းလဲလာပုံကို အင်္ဂလိပ်သတင်းစာဖတ် ပရိသတ်တို့ ရုတ်တရက်နား လည်ရန်ခက်သည်။ ထို့ကြောင့် ဆရာလွန်း အကြောင်းကိုရေးသားရာ၌ ထိုအမည်သည် အနည်းငယ်ပြောင်းလဲလာ သောအမည်ဟု သိလွယ်အောင်ရေးခြင်းဖြစ်သည်။ ဘာသာပြန်သူ) ထို့နောက် ဆရာလွန်းသည် ပြဇာတ်များကိုရေး သည် သူရေးသော ပြဇာတ်များမှာ ပုဒ်ရေ (၈၀) ခန့်ရှိသည်။

ဆရာလွန်းသည် နဘေထပ်ကာရန်များနှင့် ကဗျာသီကုံးရေးသားရာ၌ အလွန်သွက်သွက်လက်လက် ရေးတတ်သည် ဖြစ်ရကား၊ ယင်းအရည်အချင်းသည် သူ သတင်းစာလောကထဲသို့ ၀င်ရောက်ရာ၌ များစွာအထောက်အပံ့ ဖြစ်လေ သည်။ သတင်းစာလောကထဲသို့ ၀င်လာခါစ၌ မော်လမြိုင်တွင် ထုတ်ဝေသော သတင်းစာတွင် ပထမဆောင်ရွက်သည်။ သို့သော် မကြာမီ ၁၉၁၁ ခုနှစ်တွင် ရန်ကုန် မြို့၌ ထုတ်ဝေသော သူရိယသတင်းစာတွင် ၀င်ရောက်လုပ်ကိုင်ရာ နိုင်ငံရေးကို စိတ်ပါဝင်စား လာလေသည်။

သခင်ကိုယ်တော်မှိုင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကြီးပြင်းခဲ့သူ ဖြစ်သည့်အလျောက် အင်္ဂလိပ်စာကို သင်ယူခြင်း မပြုခဲ့ချေ။ တသက်ပန်လုံး မြန်မာ့အဂ္ဂိရတ်ပညာတွင် ထထကြွကြွ လိုက်စားခဲ့သည်။ သူရိယသတင်းစာသည် မြန်မာ သတင်းစာတို့တွင် နိုင်ငံရေးဆိုင်ရာ အရေး အသားတို့ကို ပထမဦးဆုံးရေးသားထားသော သတင်းစာဖြစ်သည်။

သခင်ကိုယ်တော်မှိုင်းနှင့် ရေးဘော်ရေးဘက်တို့သည် ထိုစဉ်က ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေး အကြောင်းကို သတင်းစာထဲ၌ဆွေးနွေးလေ့ရှိရာ ယင်းသို့ဆွေးနွေးသည်ကို သဘောတူ၍ ကြိုဆိုသည်။ အင်္ဂလိပ်တို့၏ အပြုအမူ ကို ခုံမင်၍ မြန်မာအမည်ရှေ့တွင် မစ္စတာဟု ခေါင်းတပ်သော သူတို့ကို သရော်သောအားဖြင့် ထိုခေတ်က ကျော်ကြားသော မြန်မာဝတ္ထုတပုဒ်၌ ပါသောအမည် တခုကိုယူ၍ မိမိကိုယ်ကိုမိမိ မစ္စတာမောင်မှိုင်းဟု ကလောင်အမည် ကိုပေးသည်။

သူရိယသတင်းစာတွင်လုပ်ကိုင်နေသော ဆယ်နှစ်တာအတွင်းဝယ် မြန်မာတို့သည် အတိတ်၌ ဇာတိဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်ကို ပြန်လည်သတိရစေခြင်းငှာ “ဋီကာ” အဖွဲ့များကို ရေးသား သည်။ ထို့ပြင် မြန်မာစာပေများကို လည်း ပြုစုသည်။ ထိုအရေးအသားများကို နိုင်ငံအစိုးရက အရေးယူခြင်းမပြုသော်ငြားလည်း ထိုအရေးအသားတို့သည် အခြားတပါးသောသူတို့က တိုက်ရိုက်ရေးသားသော အရေးအသားများထက်ပို၍ မြန်မာနိုင်ငံရေး အတွေးအခေါ်တို့ကို ဖြန့်ချီရာ၌ အဆင့်အတန်းမြင့်မြင့်နှင့် ထိရောက်သည်။ သခင်ကိုယ်တော်မှိုင်းသည် ထိုခေတ်က နိုင်ငံရေးသမားများ ကိုယ်ကျိုးရှာ၍ အရည်အချင်းမပြည့်မ၀နှင့် ပျော့ညံ့ညံ့ အလုပ်လုပ်သည်ကိုလည်း ရှုတ်ချဝေဖန်လေ့ရှိသည်။

သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ ခုနှစ်တွင် ပါတီသစ်တပါတီအနေဖြင့် ထင်ရှားလာသော တို့ဗမာ အစည်းအရုံးကို သူ၏ သြဇာတိက္ကမနှင့် ၀င်ရောက်အားပေးကူညီရာ၊ ၁၉၃၆ ခုနှစ်တွင် နာယက ဖြစ်လာလေသည်။ ထိုအခါ တို့ဗမာ အစည်းအရုံးဝင်တို့၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင် နာမည်ကို ခံယူသည်။ ဤသည်တွင် ကွယ်လွန်သည် အထိ သခင်ကိုယ်တော်မှိုင်းအမည်ဖြင့် ထင်ရှား သည်။

တို့ဗမာအစည်းအရုံး၌ ဆောင်ရွက်သောအခါ နောင်အခါတွင် ခေါင်းဆောင်ဖြစ်လာကြမည့် ခေတ် လူငယ်များကို အကြံအဥာဏ်တို့ဖြင့် အားပေး အားမြှောက်ပြုရာ ထိုလူငယ်များတသိုက်တွင် မြန်မာ့လွတ်လပ်ရေးကို ဗြိတိသျှတို့နှင့် စေ့စပ်၍ ရအောင် ယူခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ဆောင်ရွက် ခဲ့သော ဦးနုတို့ အပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်စဉ်က သခင်ကိုယ်တော်မှိုင်းသည် ၀န်ကြီး အဆင့်အတန်းရှိသော ရာထူးဌာနန္တရတခု၌ ခေတ္တ၀င်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် စစ်ကြီးပြီးသောအခါ ထိုရာထူးမှ ထွက်၍ အငြိမ်းစားနေထိုင်ခဲ့သည်။

မြန်မာစာပေကို အကြောင်းပြု၍ သခင်ကိုယ်တော်မှိုင်းအား အင်္လကာကျော်စွာဘွဲ့ကို အပ်နှင်းသည်။ သခင်ကိုယ် တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦး ဖြစ်သည့်အားလျော်စွာ ၁၉၅၄ ခုနှစ်တွင် စတာလင် ငြိမ်းချမ်းရေး ဆုကို ချီးမြှင့်ခြင်းခံရသည်။ မိမိ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အချုပ်အချယ် ပြုမည့် ရာထူးဌာနန္တရတို့ကို ငြင်းပယ်၍ တသက်ပတ်လုံး မြန်မာ့လွတ်လပ်ရေး အကျိုးငှာသာလျှင် ဆောင်ရွက်ခဲ့လေသည်။

ဘာသာပြန်သူ၏မှတ်ချက် – လန်ဒန်တိုင်းသတင်းစာသည် ပါတီဂိုဏ်းဂဏ သြဇာခံသတင်းစာမဟုတ်၊ လွတ်လပ်စွာ ရေးသားသည့် ပေါ်လစီကို လက်ကိုင်ပြုသည့် သတင်းစာဖြစ်သည်။ ထို့ကြောင့် ထိုသတင်းစာ၏ အာဘော်ကို အခြား တပါးသော နိုင်ငံတို့က ကြိုက်သည်လည်းရှိလိမ့်မည်။ မကြိုက်သည်လည်းရှိလိမ့်မည်။

မြန်မာနိုင်ငံကို ဂျင်နရယ်ပရင်ဒါဂတ် ၀င်ရောက်သိမ်းပိုက်စဉ်က လန်ဒန်တိုင်းသည် အင်္ဂလိပ် စစ်တပ်တို့၏ အပြုအမူ ကို ပြစ်တင်ရှုတ်ချသော သတင်းများရေးသားသည်။ သို့ရာတွင် မြန်မာ နိုင်ငံသည် ဗြိတိသျှနိုင်ငံဖြစ်လာသော အခါမူ ကား ဗြိတိသျှတို့၏ အကျိုးစီးပွားကိုငဲ့၍သာ ရေးသားသည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အပြောင်းအလဲစီမံကိန်းများ ပေါ်ပေါက်သော ၁၉၂၀ တ၀ိုက်ခေတ်၌မူကား လန်ဒန်တိုင်းသည် မြန်မာကိုယ်စားလှယ် ဦးဘဘေ၊ ဦးသိန်းမောင် စသော ပုဂ္ဂိုလ်တို့ကို ကူညီ၍ မြန်မာ့အာဘော်ကို တင်ပြပေးသည်။ ဤသဘာဝကား ကမ္ဘာ့အရေးအခင်းတို့၌ လွတ် လပ်စွာ စဉ်းစားဆင်ခြင်၍ လွတ်လပ်စွာ အဆုံးအဖြတ်ပေးသော သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ထိုသတင်းစာ အာဘော်ကို ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အများက လေးစားကြပေသည်။

ထင်ရှားသော ပုဂ္ဂိုလ်တို့ ကွယ်လွန်သောအခါ လန်ဒန်တိုင်းသည် နာရေးသတင်းကဏ္ဍ၌ ကွယ် လွန်သူ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိကို ဖော်ပြလေ့ရှိသည်။ ဤသို့ဖော်ပြရာ၌လည်း တော်ရုံတန်ရုံ ပုဂ္ဂိုလ်တို့ကို ဖော်ပြလေ့မရှိချေ။ ၀ိဇ္ဇာပညာ ရေးရာ၊ သိပ္ပံပညာရေးရာ၊ စာပေရေးရာ၊ အနုပညာ ရေးရာ၊ ကမ္ဘာ့ရေးရာတို့တွင် ကမ္ဘာ့ဂန္တ၀င်ထဲ ၀င်ထိုက်သည်ဟု ယူဆမှသာလျှင် ဖော်ပြလေ့ရှိသည်။ ယင်းသို့ဖော်ပြရာ၌လည်း ကမ္ဘာနှင့်စပ်ဆိုင်သော ပုဂ္ဂိုလ်ဖြစ်လျှင် ရန်သူမိတ်ဆွေ ဟူ၍ သဘော မထားဘဲ တတ်နိုင်သမျှ တိတိကျကျ လေ့လာစုံစမ်း၍ ဖော်ပြလေ့ရှိသည်။

စစ်စစ် ဗြိတိသျှအင်ပါယာဝါဒ မျက်စိနှင့်ကြည့်လျှင် သခင်ကိုယ်တော်မှိုင်းသည် အင်ပိုင်ယာ နယ်ချဲ့ သမားတို့၏ အဓိ ကရန်သူ ဖြစ်ပေသည်။ သို့ပါလျက်နှင့် လန်ဒန်တိုင်းသည် သခင်ကိုယ်တော်မှိုင်းကို ရန်သူကဲ့သို့မကြည့်၊ မျိုးချစ်စာပေ ပညာရှင်တဦးကဲ့သို့သာမြင်သည်။ ဤအမြင်ဖြင့် ရေးသားခြင်းသည် အရေးခံရသူကို ဂုဏ်ပြုသည်နှင့်အမျှ ရေးသူကို လည်း ဂုဏ်တက်စေသည်။ ကျနော်လေ့လာ ကြည့်၍ရသမျှနှင့် ပြောရမည်ဆိုပါက မြန်မာခေါင်းဆောင်တို့တွင် ဤကဲ့ သို့ ရေးသားဂုဏ်ပြုခံရသူမှာ သခင်ကိုယ်တော်မှိုင်းသာလျှင် အာဒိ (ရှေးဦး) ပုဂ္ဂိုလ်ဖြစ်သည်။

လန်ဒန်တိုင်းသတင်းစာတွင် ဖော်ပြခဲ့သော ရက်စွဲမှာ ၁၉၆၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့ဖြစ်သည်။

(၂၀၀၆ ခုနှစ်ထုတ် အောင်စောဦး ပြုစုသည့် “ငြိမ်းချမ်းရေးဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း နှစ် (၁၃၀) ပြည့် အထူးထုတ်” စာအုပ်မှ ကူးယူဖော်ပြသည်။)

မျှော်လင့်ချက် အလင်းရောင်

မိန်းခလေး
အချစ်ဆိုတာ ဘာလဲလို့ တွေးမိလား
တစ်ကယ်ဆို
ကိုယ့်အတွက်တော့
မင်းဟာ …………………………….
ပန်းတစ်ပွင့်ပေါ့
အချစ်ဆိုတာကို သိပြီး
ဆုံးရှုံးခဲ့ ချိန်မှာ
မင်းက ကိုယ့်အတွက်
နေရောင်ခြည်လေးလေ။
အဲဒီအလင်းရောင်လေးကို
ရင်ထဲကနေ မြတ်နိုးနေခဲ့တာ
ကိုယ့်ကိုနားလည်မှုတွေပေးနိုင်တယ်အထင်နဲ့ပေါ့
တစ်ကယ်တော့ အထင်ဆိုတာ အမြင်မှမဟုတ်တာ
မျှော်လင့်ချက်တွေကို အရောင်ဆိုးခဲ့တယ်ဆိုတာ
မင်းအသိဆုံးဖြစ်မှာပါ။
ပန်းဆိုရင် ခူးမှ ဆိုတဲ့
စကားကို ကိုယ်ကလွန်ဆန်ခဲ့တာကို
နောက်တစ်ကြိမ် ထပ်ဆုံးရှု့းရမှာကို
မလိုချင်တော့တာ ရင်ထဲကဆန္ဒပါ။
အဲဒီအတွက်……………………..
အချစ်ဆိုတာကို နောက်တစ်ကြိမ်
ပြန်လည်တူးဖော်ဘို့ အင်အားမရှိတော့ပါဘူးလေ။
ပန်းတိုင်းဟာ ဖူးပွင့်နိုင်ကြသလို
မဖူးပွင်နိုင်ပဲ ကြွေကျပြီး
မြေခရတဲ့ အဖြစ်မျိုးရှိနိုင်တယ်ဆိုတာ
မင်းကိုသိစေချင်လိုက်တာကွာ။

ပန်းတိုင်းဟာလှကြပါတယ်
လှတဲ့ပန်းတိုင်းဟာ မမွှေးကြဘူးလေ
မမွှေးတဲ့ ပန်းတွေထဲမှာ မင်းကို
မမြင်ရက်ဘူး။
ငါ(တို့)ဟာ ပန်းဆိုရင်မွှေးမှ
စမ်းဆိုရင်အေးမှ
အဲဒီလို မသတ်မှတ်ပါဘူး။
ပန်းကို ပန်းလို့ပဲမြင်တယ်
စမ်းကိုစမ်းလို့ပဲမြင်တယ်
ပန်း(မင်း)ကို ခူးချွေလိုတဲ့
ဆန္ဒကို မာန(သတိ)နဲ့ ထိမ်းချုပ်ပြီး
နေခဲ့တာကို သတ္တိမရှိဘူးလို့
ထင်နေတာလား။
မင်း….မှတ်မိသေးလား?
မင်းနဲ့ ၂ ယောက်တည်းသွားခဲ့တဲ့
အချိန်တွေမှာ အခွင့်အရေးယူတာ ဘာတွေရှိခဲ့လဲ။
ငါ့မှာ …….မင်းလက်လေးတွေကိုင်ရမှာကို
စိုးရွံနေခဲ့မိတယ်လေ။
ပွန်းပဲသွားမှာစိုးလို့ပေါ့
အဲဒီလို…
မင်းအတွက် အရာရာစဉ်းစားပေးခဲ့တာပါ။
နောက်ဆုံးတော့လဲ ……….
ပန်းဆိုတာ ပန်းပါပဲလို့
ငါ့အတွေးတွေကို မင်းက
မှန်ပါတယ်လို့ သရုပ်ပြခဲ့တယ်။
ကျေနပ်ပါတယ်..စောစီးစွာ
အချိန်မနှောင်းသေးခင်
သိခွင့်ရှိလို့ပါ။
အတိတ်ကံက ငါ့မှာ ဘယ်လောက်တောင်
ဆိုးရွားခဲ့မှန်း မသိခဲ့ဘူး..
ကိုယ်ကချစ်ရတဲ့သူ ဆုံးရှုံးခဲ့ပြီး
နေ၀င်ချိန်မှာ….မင်းက
အလင်းရောင်ပေးခဲ့တာကို
လေးစားခဲ့ရတဲ့အချိန်မှာ
အတိုင်းအတာ တစ်ခု ဆိုတာ မတွေးမိခဲ့ဘူး။
တစ်ကယ်တော့……………………….
အလင်းရောင်ဆိုတာ အချိန်တန်ရင်
ပျောက်ကွယ်သွားမှာကို မတွေးခဲ့မိဘူး။
နောက်တစ်ချိန်ပေါ်လာမဲ့အလင်းရောင်ကို
ရမ်းရော်ကာ မှန်းမျှော်ရမှာကို
တွေးတွေးပြီး………………………..
ကြောက်နေမိပါတော့တယ်လေ………………..။

နွေအလွမ်း

နွေဦးအလှ ရွက်ကြွေခ၍
ဥသြတွန်ကြူး လေရူးသုန်သုန်
ဖော်မစုံသူမှာ ရင်ခွင်ကျွမ်း၍
လွမ်းတေးဆိုရသည်………
သူ(မ)ကိုရည်စူး
ရင်ခွင်ဦးသို့ မျှော်ကိုးတမ်းတ
နန်းဝေမျှသည် တစ်ပါးသူရင်ခွင်
သူမကြင်လို့ နင်ငါပြော၍
ရင်ခွင်စစ်မှန် တွေ့ရှိပြန်လည်း
ချိန်ခါရယ်နှောင်း ရွက်ဟောင်းကြွေသို့
ခံစားချက်ပြင်း ကျွန်ရင်တွင်းလည်း
နွေသို့ ပူလှသည်။

ကြေကွဲနေ့စွဲ

အိမ်မက်ထဲမှာ ငါ…………..
ပျံသန်းနေတယ်
မိုးတိမ်တောင်တွေကျော်လို့
ပင်လယ်ပြင်….အဝေးဆီ
သူမနဲ့ဝေးရာ………………..
ထွက်ပြေးနေတာပါ
အိမ်မက်ကလန့်နိုးတော့…………………
သူမနဲ့တစ်နေ့တာ
တွေ့ရဦးမယ်မှန်း…………………………
သိနေပြန်ရော

မြစ်ဝကျွန်းပေါ်ရှိ ဒီရေတောများ ပြုန်းတီးတော့မည်


နာဂစ်မုန်တိုင်း မတိုက်မီက ဒီရေတော စိုက်ပျိုး ထိမ်းသိမ်းရေး လုပ်ဆောင်နေကြစဉ် (ဓာတ်ပုံ – JICA)
နာဂစ် မုန်တိုင်း ဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသတွင် ထင်းခုတ် သည့်လုပ်ငန်း ကိုအဓိက အသက်မွေး ၀မ်းကြောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်လာမှုကြောင့် ဒီရေတောများ ဆုံးရှုံးပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခဲ့သည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သော်လည်း မြစ်ဝကျွန်းပေါ်ဒေသတွင် အခြေအနေများ ပုံမှန်မရောက်သေးဘဲ မုန်တိုင်း မတိုက်မီ အခြေအနေကထက် ပိုမိုဆင်းရဲကျပ်တည်းလာကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါးပုစွန်ဖမ်းဆီးခြင်း၊ ရေလုပ်ငန်းများမှာလည်း အဆင်မပြေကြသောကြောင့် ထင်းခုတ် ရောင်းချခြင်းကို အဓိက လုပ်ငန်းအဖြစ် လုပ်ကိုင်လာကြကြောင်း လပွတ္တာမြို့နယ် အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“မုန်တိုင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ထင်းခုတ်တဲ့လုပ်ငန်းကို ဒေသခံတွေက အဓိက အသက်မွေး ၀မ်းကြောင်းလုပ်ငန်းအဖြစ်ကို လုပ်လာတယ်။ အဓိက ခုတ်တာက ဒီရေတောကို ခုတ်ကြတာ။ ထင်းခုတ်ရောင်းတဲ့အလုပ်က အရင်းအနှီးမလိုဘူး။ ဓားမတချောင်းရှိရင် လုပ်လို့ရတာဆိုတော့ အဆင်မပြေတဲ့သူတွေက ထင်းပဲခုတ်ရောင်းကြတယ်” ဟု သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) မှ အဖွဲ့ဝင်တဦးက ရှင်းပြသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ရာ၌ ကြွက်ကျခြင်းကြောင့် စပါးသီးနှံ ပျက်စီးပြီး မျိုးစပါးရရန်ပင် မလွယ်ကူကြောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ကဲ့သို့သော အဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ရရှိသော ချေးငွေဖြင့် လယ်ယာစိုက်ပျိုးရေးကို ကြိုးပမ်းလုပ်ကိုင်ခဲ့ကြသော်လည်း မအောင်မြင်ဘဲ လယ်သမားများ အကြွေးသံသရာ လည်နေကြကြောင်း သိရသည်။

“လယ်သမားတွေမှာ အဆင်မပြေတဲ့ သူတွေချည်းပဲ။ လယ်တဧကကို ကြွက်ကောင်ရေ ထောင်သောင်းချီပြီး ကျတော့ မျိုးစပါးတောင် ပြန်မရဘူး။ စပါးလည်းမရ ကြွေးလည်း မဆပ်နိုင် ဖြစ်ကုန်တယ်” ဟု လပွတ္တာမြို့နယ်၊ မိကျောင်းအိုင် ကျေးရွာသားတဦးက ပြောသည်။

ရေလုပ်ငန်းတွင် ငါးပုစွန် ကဏန်း ဖမ်းဆီးရရှိမှု အလွန်နည်းပါးသောကြောင့် ရေလုပ်သားများ အဆင်မပြေကြကြောင်း၊ ရေလုပ်သား အများစုသည် တနေ့တာ မိသားစု စားဝတ်နေရေးအတွက်ပင် ရှာဖွေမရနိုင်သည့် အခြေအနေမျိုး ဆိုက်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“မုန်တိုင်းပြီးတဲ့ အချိန်ကတည်းက ငါးပုစွန် အရနည်းတယ်။ ရေလုပ်ငန်း လုံးဝ အဆင်မပြေဘူး။ ခက်ခက်ခဲခဲကို ရုန်းကန်နေရတယ်” ဟု လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ၀န်ထမ်းတဦးက ပြောသည်။

အသက်မွေးဝမ်းကြောင်း ခက်ခဲလာချိန်တွင် ထင်းခုတ်ရောင်းချခြင်းသည် စားဝတ်နေရေးအတွက် ၀င်ငွေရရှိရန် သေချာသော အလုပ်တခုဖြစ်လာခြင်းကြောင့် လုပ်ကိုင်သူ များပြားခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်စုဖွဲ့ပြီးတော့ ဒီရေတောကို လိုက်ခုတ်ကြတယ်။ ရလာတဲ့ ဒီရေတောပင်တွေကို ထင်းအဖြစ် ရောင်းတယ်။ နည်းနည်းမာတဲ့ အသားတွေဆိုရင် အိမ်ဆောက်တဲ့ သစ်အဖြစ် ရောင်းကြတယ်” ဟု မြစ်ဝကျွန်းပေါ်မှ သစ်တောဦးစီးဌာန ၀န်ထမ်းတဦးက ရှင်းပြသည်။

ထင်းခုတ်မှု များပြားလွန်းသဖြင့် ဒီရေတောများ အချိန်အနည်းငယ်အတွင်း ပြုန်းတီးကုန်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

“ရက်ပိုင်း၊ လပိုင်းအတွင်း ဒီရေတော ထူထပ်တဲ့ကမ်းပါးတွေ ဟင်းလင်းပြင် ဖြစ်ကုန်တယ်။ ရွာသူရွာသားတွေကလည်း ထင်းမှ ခုတ်မရောင်းရင် သူတို့ ငတ်သေကုန်မယ်လို့ ပြောတယ်” ဟု သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ တဦးက ဆိုသည်။

သစ်တောရေးရာ ၀န်ကြီးဌာနမှ အရာရှိတဦးကမူ မြစ်ဝကျွန်းပေါ် ဒေသခံများ ဒီရေတောကို ထင်းခုတ်ရောင်းချမှုများ မပြုစေရေးအတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးရန် လိုအပ်ကြောင်း အကြံပြုသည်။

ဒီရေတော ပျက်စီးမှုနှုန်း မြန်ဆန်ချိန်တွင် ပြန်လည် စိုက်ပျိုးနိုင်မှုနှုန်းက နှေးကွေးလွန်းပြီး အာဏာပိုင်များက လျစ်လျူရှုနေကြောင်း၊ ဒီရေတောများ ထိန်းသိမ်းပြုစု ပျိုးထောင်ရေးကို အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဦးစီးလုပ်ဆောင်နေကြခြင်း ဖြစ်သည့်အတွက် လုပ်နိုင်စွမ်းအား အကန့်အသတ်ရှိကြောင်း သဘာဝပတ်ဝန်ကျင် လေ့လာဆန်းစစ်သူများက ထောက်ပြသည်။

“မုန်တိုင်းတုန်းကလည်း ဒီရေတောတွေ ပျက်ကုန်တယ်။ မုန်တိုင်းပြီးတော့လည်း လူတွေက ခုတ်တယ်။ ပြန်စိုက်တာ တော်တော်နည်းပါတယ်။ FREDA လို အဖွဲ့အစည်းတွေကပဲ ဦးဆောင် လုပ်နေကြတာ။ အစိုးရပိုင်းက ပံ့ပိုးပေးတာ တော်တော်အားနည်းပါတယ်” ဟု လူသိများသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတဦးက ဆိုသည်။

ဒီရေတောပညာရှင် ဒေါက်တာ မောင်မောင်သန်းကမူ မြန်မာနိုင်ငံတွင် နှံဗြူး၊ ဗြူးဝါး၊ ကြိတ်လန် ကဲ့သို့သော ဒီရေတောမျိုးစိတ်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဟု သြဂုတ်လ ၁၀ ရက်နေ့ထုတ် True News သတင်းဂျာနယ်သို့ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီရေတော ဟက်တာ ၄ သိန်းခွဲရှိပြီး နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် ဒီရေတော ဟက်တာ ၃၈၀၀၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု စာရင်းဇယားများက ဖော်ပြသည်။

တောင်သမန်အင်းက ထမင်းလုံး တစ္ဆေမကြောက်သူများ

တောင်မင်းကြီးဘုရား ခြေတော်ရင်းမှာ

တောင်သမန်အင်းက လေတချွန်ချွန်နဲ့

ရေတံခွန်လို စီးဆင်း နေပါရာလား . . .

တောင်သမန်အင်းမှာ . . .

လေညင်းခံ လမ်းလျှောက်မလား

တောင်သမန် အင်းကို နောက်ခံထား

ဦးပိန် တံတားပေါ်မှာ ဗီဒီယို မင်းသားဂိုက်နဲ့

ဓာတ်ပုံ အလှရိုက်ဦးမလား . . .

တောကစား ထွက်သလို

ထန်းတောဘက်က ဘန်ဂလိုမှာ

ထန်းရည်ချိုချို သောက်ဦးမလား

ဟော . . .ဒီစကား ကြားသွားလို့

အပန်းဖြေ ပျော်ပွဲစားဖို့

မြို့ကရောင်စုံကားတွေ စက်အင်ဂျင် ကောင်းကောင်းနဲ့

ရှင်လောင်း လှည့်သလို လာကြပြီ။

ရေပေါ်မှာ ပျော်ပွဲစားဖို့. . .

လှေလှော် အငှားစီးကြမလား

ငွေကြေး အကိုးအကားနဲ့

လှေထိုးသားတွေရဲ့စကား

အရင်း များလှတယ်။

ဦးပိန် တံတားပေါ်က . . .

အပျော်တမ်း ငါးမျှားကြဦးမလား

တီကောင် တူးရောင်းစားရင်း

ဘ၀ဖျားနာနေတဲ့ ကလေးတွေရဲ့ စကား

ငွေသမားတော်ရှားနေရှာပေါ့။

ယတြာ ချေဦးမလား . . .

အိမ်မှာ အလှမွေး ထားဦးမလား

စာဝါ၊ ပျံလွှားငှက်၊ ဇီးကွက်

ချိုးငှက်လည်ပျောက်

ဗျိုင်းအောက်၊ ကြက်တူရွေး

ကြိုက်ရာရွေးဝယ်သွား

ဧည့်ကြိုစကား ညံစီစီနဲ့

အစာချီဖို့ ချောင်းနေတဲ့ ကျီးကန်းမလေးတွေ။

မြို့က ဧည့်သည်တွေ လာနေပြီ . . .

မဒီရဲ့ရင်ခလုတ် ဖွင့်သံကြောင့်

ထံတျာ သမုဒ္ဒရာ အတွက်

မယ်ဒလင် တစ်လက်နဲ့

မျက်မမြင်တစ်ယောက်ရဲ့သီချင်းအဆုံး

အစာအိမ်ချိန်ကိုက် ဗုံးတစ်လုံး ကွဲသွားပြီ။

ပန်းချီကား ၀ယ်ဦးမလား . . .

ပန်းပုရုပ်ထုတွေ ယူဦးမလား

အနုပညာ စီးပွားရေး ခြေချသူတွေလည်း

ကျောပူပူ ခေါင်းပူပူနဲ့

ဘ၀ပုံတူ ရေးဆွဲနေကြတယ်။

ဦးပိန် တံတားအောက်ဘက်က . . .

မယ်ဇယ်ပင်ရိပ်နဲ့ ထန်းလက်တဲ ဆိုင်မှာ

ဘီယာ၊ ရမ်၊ ၀ီစကီ

ရီတီတီ မူးဦးမလား

နိုင်လွန်ငါးကြော် အမြည်း

ဘူးသီးကြော်အမြည်း

ဂေါ်ရခါးသီးကြော်အမြည်းနဲ့

မာမီ့သမီးတွေရဲ့ အမြည်းကခပ်များများ။

ဘဲအုပ်က တစ်ရာ နှစ်ရာ . . .

ဆရာဇော်ဂျီရဲ့ကဗျာကို သရုပ်ဖော်ရင်း

တောင်သမန်အင်းမှာ နေထွက်မိုးချုပ်

ဘဲအုပ်ကျောင်း နေတဲ့ ကောင်လေးရဲ့လွယ်အိတ်ထဲ

ဝလုံးတွေ ကွဲကြေနေပေါ့။

ဝါဆို . . . ၀ါခေါင်မှာ . . .

တောင်သမန်အင်းက ရေချိုးဆင်း

ဒီအင်း အလှကို စာချုပ်ချုပ်

တံငါသည်တွေ တငုတ်တုတ်တုတ်နဲ့

ဥပုသ်ကျောင်းသွားခဲ့ရတယ်။

ခြင်ထောင် . . .

စောင်၊ အင်္ကျီ

ထဘီ၊ လုံချည်

အထည်ဟောင်းတွေကို ပေါင်းထုပ်

လက်ရိုက်တုတ်နဲ့ လျှော်ဖွပ်

သူတို့ ဖွပ်တဲ့ အ၀တ်တွေဖြူပေမယ့်

သူတို့ဝတ်တဲ့ အ၀တ်တွေရဲ့အရောင်အဆင်းကိုတော့

တောင်သမန်အင်းက ငေးကြည့်နေတယ်။

မယ်ဇယ်ပင်တန်းတလျှောက်

မဉ္ဇူသက္က နတ်ပန်းကောက်တဲ့ ရွာသူတစ်သိုက်

မြွေဆိုး ကိုက်ခံရတဲ့ သတင်း

တောင်သမန်အင်းရဲ့ရင်ဝတည့်တည့်ကိ

ဓားတစ်လက်ကို စိုက်ထိုး ခံလိုက်ရတယ်။

တောင်သမန်အင်းကိုဖြတ် . . .

ကန်ပတ်လမ်း အသစ်ဖောက်

ကျန်းမာရေး အထွက် လမ်းလျှောက်သူလျှောက်

ဝမ်းစာရေးတွက် လမ်းလျှောက်သူလျှောက်

ခြေလှမ်းကျဲသလောက် ခရီး မရောက်ပေမယ့်

ခြေထောက်နှစ်ဖက်စလုံး

အင်ဂျင်စက်သုံး တပ်ထားသူတို့ ခရီးက

မီးနီ အဆီးအတား ကင်းကင်း

တောင်သမန်အင်းထဲ ရေချိုးဆင်း

ထန်းရည်ချိုပြင်းပြင်းတစ်ခွက်နဲ

အချစ် အိပ်မက်တွေကို လိုက်ပွဲယူ

တောင်သမန်အင်းကတော့ ခေါင်းပူကျောပူထလို့။

တောင်သမန်အင်းရဲ့ဟိုမှာဘက် . . .

မီးခွက်လေး မှိတ်တုတ်မှိတ်တုတ်

အုတ်ဖုတ် အလုပ်သမားတွေရဲ့စခန်း

ပျားရည်ဆမ်း ဒုက္ခတွေနဲ့

အခါခါ သေခဲ့တဲ့ မနက်ဖြန်ဟာ

ဝဋ်နာကံနာကြောင့်လားလို့ မေးခွန်းထုတ်ရင်း

တောင်သမန်အင်း အိပ်ရေး ပျက်နေပေါ့။

၇ – ၈ ဖာလုံ ခရီးအရောက် . . .

တောင်ဝှေး ထောက်သွားနေတဲ့ ဦးပိန် တံတားနဲ့

ပါးစပ်လှုပ် လက်လှုပ်ရင်း အသက်ရှင် နေထိုင်သူများ

စိုက်ထားပြီး ဒုက္ခကို ရိတ်သိမ်းဖို့ မေ့နေသူများ

သက်သတ်လွတ် စားနေတဲ့ မြို့လေးရဲ့ မိုးခေါင်ရက်များ

အမြင်ခါးခါးနဲ့ ခံစားသူ စိတ်ကြိုက်

တောင်သမန်အင်းက သူကိုယ်တိုင် ဒီဗီဒီ ရိုက်နေပေါ့။

သိပြီးသား အားလုံးအတွက် . . .

နောက်ဆုံး ကတ် ရိုက်ချက်

ဇာတ်သိမ်းတွက် နောက်ဆုံး အခမ်းအနား

ဦးပိန်တံတားထိပ် မယ်ဇယ်ပင်ရိပ်အောက်က

ဆေးလိပ် ကွမ်းယာ ရောင်းတဲ့ တိုက်ဂေါမလေး တစ်ယောက်

ဖခင်ရဲ့အမည်ပျောက် စာရင်းရှာရင်း

တောင်သမန်အင်းမှာ အရှက်ကို ဆေးကြော လိုက်သလို . . .

ရေတံခွန်လို အလွမ်းတွေ ရွဲရွဲစိုပြီး

မိသားစု ငိုနေတဲ့ ဇာတ်သိမ်းခန်းမှာတော့

ကျွန်တော်က မှတ်တမ်းတင်သူပဲ ဖြစ်ပါတယ်။

ကြိုးနီစနစ် ဟူသည်

ကျွန်တော့်အား မိတ်ဆွေတစ်ဦးက မေးခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော်သည် မိတ်ဆွေ၏ အမေးကို မဖြေခဲ့ရသေး။ သာမန်အားဖြင့် သူ့အမေးကို သူနားလည်အောင်

ကျွန်တော်ဖြေနိုင်ချင်မှ ဖြေနိုင်ပေမည်။ သို့ကြောင့်လည်း ဥပမာတစ်ခုလောက်ပြနိုင်ရန် ကျွန်တော်စောင့်နေခြင်း ဖြစ်သည်။ သူ့အမေးမှာ “မင်းတို့ ပြောပြောနေတဲ့ ကြိုးနီစနစ်ဆိုတာ ဘာလဲကွ” ဟူ၍ ဖြစ်၏။

မနေ့ကတော့ သူ့ကို ဥပမာပေးရန် အဖြစ်အပျက်တစ်ခုကို တွေ့လာခဲ့သည်။ အစိုးရဌာနနှစ်ခုမှ ရုံးနှစ်ရုံးသည် အဆောက်အဦကြီး တစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ ထိုရုံးနှစ်ခုအနက်မှ တစ်ခုသောရုံးတွင် ခွေးတစ်ကောင်မွေးထား၏။ တစ်နေ့သောအခါ ထိုခွေးသည် ကပ်လျက်ရုံး ၏ အခန်းတွင်းသို့ သွား၍ နောက်ဖေးယိုခဲ့၏။ ဤသို့ပြုလုပ်ခြင်းသည် တစ်ကြိမ်မဟုတ် ကြိမ်ဖန်များလာသောအခါ နောက်ဖေးယိုခံရသောရုံးက ခွေးမွေးထားသောရုံးသို့ “လူကြီးမင်းတို့ရုံးမှ မွေးထားသောခွေးသည် ကျွန်တော်တို့၏ ဧည့်ခန်းနှင့် ရုံးခန်းအတွင်းတွင် မကြာခဏလာရောက်၍ နောက်ဖေးယိုနေသောကြောင့် နောက်နောင် ထိုသို့ မဖြစ်စေရေးအတွက် အရေးယူဆောင်ရွက်ပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟူသော စာကို ပို့လိုက်၏။

ယင်းစာသည် ခွေးမွေးထားသောရုံး၏ စာလက်ခံရာဌာနမှ “အဆင့်ဆင့် ဆက်လက် တင်ပြသည်၊ဆက်လက်တင်ပြပါသည်” ဟူသော မှတ်ချက် ဆယ်ခုလောက်ဖြင့် နောက်ဆုံး ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်ထံသို့ ရောက်သွား၏။ ထိုပုဂ္ဂိုလ်က “ယင်းကိစ္စ ဟုတ်၊ မဟုတ်စုံစမ်းတင်ပြပါ” ဟူသော မှတ်ချက်တွင် “အရေးယူဆောင်ရွက်ရန်၊ အရေးယူဆောင်ရွက်ရန်” ဟူသော ထပ်ဆင့်မှတ်ချက်များနှင့်အတူ အောက်သို့ ပြန်ကျလာ၏။

ထိုအခါ ယင်းကိစ္စကို ဟုတ်၊ မဟုတ် စုံစမ်းရေးအတွက် ရုံးအုပ်အဆင့်ရှိသူများက အဖွဲ့ဖွဲ့ကာ တစ်ပတ်ကျော်မျှ စုံစမ်းပြီး “စာအမှတ် မည်မျှဖြင့် တစ်ဖက်ရုံးမှ ပေးပို့သောကိစ္စသည် မှန်ကန်ပါသည်”ဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ရှိပုဂ္ဂိုလ်ဆီသို့ ရောက်သွားပြန်၏။ ထိုအခါ ယင်းပုဂ္ဂိုလ်က “ယင်းကိစ္စ မှန်ကန်လျှင် မည်သို့ အောက်သို့ ပြန်ချပေးလိုက်ပြန်၏။ အောက်သို့ ကျလာသောအခါ ရုံးအုပ်နှင့် အဖွဲ့သည် မည်ကဲ့သို့ဖြေရှင်းရမည်ကို အချိန်ယူ၍ ဆွေးနွေးတိုင်ပင်ကာ နောက်ဆုံး၌ ရုံးအုပ်နှင့်အဖွဲ့က လူကြီးမင်း၏ မှတ်ချက်အမိန့်အရ နည်းလမ်းများကို ရှာဖွေရာ အောက်ပါနည်းလမ်းများကို တွေ့ရှိပါသဖြင့် တင်ပြအပ်ပါသည်ဟု ဆိုကာ အောက်ဖော်ပြပါ နည်းလေးနည်းကို တင်ပြခဲ့သည်။

(က) ယင်းခွေးကို သတ်ပစ်ခြင်း၊

(ခ) ယင်းခွေးကို အဝေးသို့ပို့ခြင်း၊

(ဂ) ခွေးဝင်သော အပေါက်ကို လုံးဝပိတ်ထားခြင်း၊

(ဃ) ခွေးမ၀င်ရန် စာကပ်ထားခြင်း။

ထိုအခါ တာဝန်ရှိပုဂ္ဂိုလ်က အောက်မှတင်ပြသော နည်းလေးနည်းကို အောက်ပါအတိုင်း မှတ်ချက်ရေးကာ အဆင့်ဆင့် ပြန်ချပေးလိုက်၏။

(က)နည်းမှာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်၍ မရွေးချယ်နိုင်။ (ခ)နည်းမှာ ယင်းခွေးတွင် သားသမီးငယ်များ ရှိနေသည်ဟု သိရ၍ (က)နည်းတူ မရွေးချယ်နိုင်။ (ဂ)နည်းမှာ ရုံးနှစ်ရုံး၏ ဆက်သွယ်ရေးကိစ္စများကို ထိခိုက်စေသောကြောင့် ယင်းနည်းကို ရွေးချယ်ရန် ကျွန်ုပ်ငြင်းဆို၏။ (ဃ)နည်းမှာမူ မည်သူကိုမှလည်း မထိခိုက် မဇ္ဈိမပဋိပဒါလည်း ကျသောကြောင့် ယင်းနည်းကို ကျွန်ုပ်ကိုယ်တိုင် ရွေးချယ်လိုက်သည်။

အထက်ပါမှတ်ချက်ဖြင့်စာသည် ရုံးထုံးစံအတိုင်း အဆင့်ဆင့်ကျလာပြီး အောက်ပိုင်းမှ စာတစ်စောင် ပြန်၍တက်လာပြန်၏။ ယင်းစာမှာ “လူကြီးမင်း ရွေးချယ်သော (ဃ)နည်းကို အသုံးပြုရေးအတွက် ခွေးမ၀င်ရဟူသော စာကပ်ရန် မည်သည့်ပန်းချီဆရာဖြင့် ရေးရမည်ကို အမိန့်တောင်းခံပါသည်” ဟူ၍ ဖြစ်၏။ ထိုအခါ အထက်လူကြီးက “သင့်လျော်သော ပန်းချီဆရာနာမည်များ တင်ပြပါ”ဟု မှတ်ချက်ဖြင့် ပြန်ကျလာ၏။ အောက်ပိုင်းမှ တဖန်

ပန်းချီဆရာလေးဦး၏ အမည်များကို ယင်းတို့၏ အရည်အချင်း၊ အရည်အသွေးများနှင့်အတူ တင်ပြရာ အထက်မှ “ဖော်ပြပါ အရည်အချင်းများအရဆိုမူ ကျွန်ုပ်တို့သည် နံပါတ် (၂)ပန်းချီဆရာကို ရွေးသည်”ဟူသော မှတ်ချက်ဖြင့် ပြန်ကျလာ၏။

ရုံးအုပ်နှင့်အဖွဲ့သည် ရုံးထုံးစံအတိုင်း နံပါတ်(၂) ပန်းချီဆရာဖြင့် ခွေးမ၀င်ရဟူသော စာတန်းကိုရေးဆွဲကာ ရုံးနှစ်ရုံး၏ အ၀င်အထွက် တံခါးဝတွင် ချိတ်ဆွဲထားလိုက်၏။သို့သော် မကြာမီ တစ်ဖက်ရုံးမှနေ၍ လွန်ခဲ့သော (၁၂)လက စာအမှတ် ဘယ်လာက်ဘယ်လောက်ဖြင့် “လူကြီးမင်းတို့ရုံးမှ ခွေးတစ်ကောင် ၀င်ရောက်နောက်ဖေးယိုနေ၍ အရေးယူဆောင်ရွက်ပါရန် စာပို့ခဲ့သော်လည်း ယခုတိုင် ယင်းခွေးသည် နောက်ဖေးယိုနေဆဲဖြစ်၍ ထပ်မံအကြောင်းကြားအပ်ပါသည်” ဟူသောစာသည် အတွင်းရေးဟူသော ထိပ်စည်းနှင့်အတူ ရောက်လာပြန်၏။

ထိုစာသည် ထုံးစံအတိုင်း စာလက်ခံရာဌာနမှတဆင့် အထက်လူကြီးဆီသို့ တင်ပြရာ အထက်လူကြီးက “မိမိသည် ဤကိစ္စကို အသေအချာ အရေးယူဆောင်ရွက်ပါလျက် ယခုကဲ့သို့ အဘယ်ကြောင့် ဆက်လက်ဖြစ်နေရသည်ကို ချက်ချင်းစုံစမ်းတင်ပြပါ” ဟူ၍ မှတ်ချက်ဖြင့် အောက်သို့ ပြန်ချလိုက်၏။ ထိုအခါ ရုံးအုပ်သည် အဖွဲ့တစ်ခု ချက်ချင်းထပ်ဖွဲ့ကာ အဘယ်ကြောင့် ယင်းခွေးသည် ဆက်လက် နောက်ဖေးယိုမြဲသည်ကို အရေးတယူ စုံစမ်းကြပြီးနောက် အောက်ပါအတိုင်း အဆင့်ဆင့် တင်ပြလိုက်ပြန်၏။

စာအမှတ် မည်မျှဖြင့် “လူကြီးမင်း၏ ချက်ချင်းအရေးယူဆောင်ရွက်ရန် မှတ်ချက် အမိန့်အရ ကျွန်တော်များ ချက်ချင်းအလျင်အမြန် စုံစမ်းကြည့်ရာ ယင်းခွေးသည် စာမတတ်ကြောင်း တွေ့ရှိရပါသည်။”

အထက်ပါ စုံစမ်းတင်ပြချက်စာသည် တစ်ဆင့်ပြီးတစ်ဆင့် ရုံးထုံးစံအတိုင်း အထက်သို့ တက်လျက်ရှိနေ၏။ ယင်းတင်ပြချက်အပေါ် အထက်လူကြီးက မည်သို့ မှတ်ချက်ရေးဦးမည်ကို မသိရသေး။ သို့သော် တစ်ခုသေချာသည်ကတော့ ယင်းခွေးသည် အခြားဟိုဖက်ရုံး၏ ဧည့်ခန်းတွင် နောက်ဖေးယိုမြဲ ယိုနေဦးမည်ကတော့ သေချာနေပေသတည်း။

ချစ်စံဝင်း

(၉-၈-၁၉၆၉)

[မော်နီတာဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၁၊ ၂၀၁၀ ဇူလိုင် ၁၈၊ စာမျက်နှာ-၂၁

ဒီမိုဝေယံ ဆိုဒ်မှ ကူးယူဖော်ပြပါသည် ။