About

အလှူဒါနအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည် ဟုဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မှုသော
ကြောင့် ကိုယ်တိုင်ကိုယ်ကျ တရားမဟောနိုင်၊ တရားအားမထုတ်နိုင်၊ တရားစာအုပ်တွေ မဖတ်နိုင်တဲ့အခါ အခြားသူများကို ကိုယ့်လိုမဖြစ်ရလေအောင်
တရားစာအုပ်များ၊ တရားတော်များ၊ တရားအကြောင်းများ ကို ကိုယ်နိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာသူ ကမ္ဘာသားများဖတ်နိုင်အောင် တတ်နိုင်သမျှ
ဝေငှ၍ စေတနာထက်သန်စွာ လှူဒါန်းခြင်းသည် တရားလှူတာမည်ပါပေတယ်။
၂၀၁၀ ခုနှစ်ဇွန်လ ၂ ရက်နေ့ တွင်စတင်ပြီး ဒီစာမျက်နှာလေးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အဓိကတော့ ကျွန်တော် ဖတ်သောစာအုပ်များမှ ကောက်နုတ်ချက်များ ကို ကျွန်တော်ကိုယ်တိုင် ပြန်လည်ဖတ်ရှုလိုသည်ကတစ်ကြောင်း
ထို့ပြင် ကျွန်တော် သူငယ်ချင်း မိတ်ဆွေ များအားလည်း ဖတ်ရှုစေလိုသော ဆနဖြင့် တင်ပြထားခြင်းမျှသာ …..
ထို့ကြောင့် အမှားအယွင်း တစ်စုံတစ်ရာ ရှိပါက ကျွန်တော်၏ ချို့ယွင်းချက်သာဖြစ်ပါကြောင်း …
kokoadipti@gmail.com သို့ ဆက်သွယ်နိုင်ပါကြောင်း
…..ကျေးဇူးတင်ပါတယ်။

ဒီလိုလေးပြန်ပြောခဲ့ပါတယ်