(ဇာတ်သိမ်း)ပြုံး၍လည်းကန်တော့ခံတော်မူပါ။ရယ်၍လည်းကန်တော့ခံတော်မူပါ။

ယုန်ထိုး
ဝါခေါင်လဆန်း ၁၃ ရက်

‘ဟေ့… ဒီနယ်မြေဟာ မင်းနှစ်ပါးက ဖန်ဆင်းပေးထားတဲ့ စိတ်လွတ်လပ်မှု နယ်မြေတွေ။ ဒီနယ်မြေမှာ ဒီခုနစ်ရက်မှာ လူတွေရဲ့… စိတ်တွေကို အစွမ်းကုန် လွတ်လပ်ခွင့်ပေးသနားတော်မူထားတယ်။ စီးပွားရေးတွေ၊ လူမှုရေးတွေ၊ ဒေါသ၊ လောဘ၊ မောဟတွေနဲ့ ဖိစီးထားတဲ့ လူတွေရဲ့ စိတ်ကလေးတွေဟာ သနားစရာကောင်းလောက်အောင် သိပ်ကို မွန်းကျပ်ပိတ်လှောင်ခံထားရတာ။ ကဲ… အဲဒီစိတ်ကလေးတွေကို Continue reading

(၅)ပြုံး၍လည်းကန်တော့ခံတော်မူပါ။ရယ်၍လည်းကန်တော့ခံတော်မူပါ။

နန်းတက်ပွဲများ
ဝါခေါင်လဆန်း (၁၂) ရက်

ပွဲတော်ရဲ့အစည်ဆုံးနေ့ ထုံးစံအတိုင်း နေပူပူအောက်မှာ လူပင်လယ်လှိုင်းကြီးကို တွေ့နိုင်တယ်။
နတ်ဒိုးသံဟာ ပွဲတော်တစ်ကွင်းလုံးကို ဖုံးလွှမ်းထားတယ်။
ဘယ်နေရာသွားသွား နတ်ဒိုးသံကို ကြားနိုင်တယ်။
ကနားတဲခန်းများစွာက ကြွေခေါက်သံတွေဟာလည်း ဒီနေ့အဆူညံဆုံးပဲ။
ရှည်မျောမျော ကနားတဲခန်းလေးတွေပေါ်မှာ လူတွေ အပြည့်ဒူးလေးတွေ တုပ်လို့။ ကနားတဲခန်းတွေပေါ်က နတ်ကတော်အားလုံးမှာ နတ်တစ်ပါးပါး ပူးဝင်နေကြပြီး ထိုင်ရင်းနဲ့ ယိမ်းယိုင်နတ်ဝင်ကြတယ်။ များသောအားဖြင့်ကတော့ မင်းနှစ်ပါးနဲ့ ပခန်းဦးမင်းကျော်ပေါ့။ ဟိုကနားတဲပေါ်မှာ ဖေကြီးကျော်၊ ဒီကနားတဲပေါ်မှာလည်း ဖေကြီးကျော်၊ Continue reading

(၄)ပြုံး၍လည်းကန်တော့ခံတော်မူပါ။ရယ်၍လည်းကန်တော့ခံတော်မူပါ။

ချိုးရေတော်သုံး
ဝါခေါင်လဆန်း ၁၁ ရက်

‘တစ်မြို့စီခြားပေမယ့် ငယ်ကချစ်သူ သူ့ကိုသာလေ ကျန်းမာတော်မူပါစ… လေလှိုင်းကြားက ခွန့်ဆင့်ပါရဲ့ဆွေ ချစ်သူမောင်ရေ… ချစ်သူမောင်ရေ… ငယ်စဉ်ခါတုန်းကလေ တောရွာတောဓလေ့တို့တွေမှာလေ ခုများတော့ မေ့အား… မေ့ထားနိုင်ရက်ပေ… မောင့်ကိုချစ်တာ တစ်ခုပဲသိတယ်လေ မေတ္တာအသင်္ချေ… ဝေးတစ်မြေ ခြားသူ မောင်ရေ’
အုတ်ကျက်ဆူညံလှတဲ့ ချိုးရေတော်သုံးနေ့ရဲ့ အသံမျိုးစုံကြားကနေ ပေါ်တစ်လှည့် ပျောက်တစ်လှည့် ထွက်ပေါ်နေတဲ့ သီချင်းသံကလေးဟာ ချွဲနွဲ့ဆွေးမြည့်လို့ နေတယ်။
ကနားတဲတန်းရှည်တွေ ကြားကနေ တရွေ့ရွေ့သွားနေတဲ့ ချွဲနွဲ့သံလေးကို ကြားတဲ့သူတိုင်း နားမထောင်ဘဲ မနေနိုင်ပါဘူး။ Continue reading

(၃)ပြုံး၍လည်းကန်တော့ခံတော်မူပါ။ရယ်၍လည်းကန်တော့ခံတော်မူပါ။

ညညီလာခံ
ဝါခေါင်လဆန်း ၁ဝ ရက်

နေ့လည် နာရီပြန် နှစ်ချက်၊ ဝါခေါင် နေပူပူအောက် တောင်ပြုံးပွဲလာတွေ နန်းကြီးတစ်ဝိုက်မှာ ချွေးသံရွှဲရွှဲနှင့် တိုးဝှေ့လို့နေကြတယ်။ နန်းကြီးမှာတော့ ညီလာခံစဖို့ အဆင်သင့် ဖြစ်နေပြီ။
တောင်ပြုံးမင်းနှစ်ပါး ကိုယ်တော်ကြီး ကိုယ်တော်လေး တို့ရဲ့ပုံတော်ရှေ့ အလယ်တည့်တည့်နေရာရှေ့မှာ နတ်အုပ်မင်းက ထိုင်နေတယ်။
နတ်အုပ်မင်းရဲ့ နောက်နှစ်တန်းမှာတော့ ရှေ့တန်းမှာ တောင်လက် မိဖုရားကြီး နှစ်ပါး၊ မြောက်လက် မိဖုရားကြီးနှစ်ပါး ထိုင်တော်မူတယ်။ မိဖုရားကြီးတွေက အိုလှရှာကြပြီ။ ရှစ်ဆယ်ကျော် ကိုးဆယ်အတွင်း ရောက်ကုန်ကြပြီ။ Continue reading

(၂)ပြုံး၍လည်းကန်တော့ခံတော်မူပါ။ရယ်၍လည်းကန်တော့ခံတော်မူပါ။

ဒုတိယနေ့ ကန်တော့ခံ
ဝါခေါင်လဆန်း ၉ ရက်
ရက်ဦးပါဘုရား၊ နေ့ဦးပါဘုရား၊ ကျေးတော်မျိုး ကျွန်တော်မျိုး ကျွန်တော်မျိုးမကြီး အခစားရောက်ပါပြီ ဘုရား။ လာဘ်ထူးများကို ပေးသနားတော်မူပါ၊ စောင့်ရှောက်တော်မူပါ၊ ကြည့်ရှုတော်မူပါ၊ ကိုယ်တော်တို့အပါးကို နှစ်စဉ်မပျက် အခစားဝင်ပါတယ် ဘုရား။ ကျေးတော်မျိုး ကျွန်တော်မျိုးမကြီးမှစ၍ သားသမီး မြေးမြစ်တီကျွတ်မှမကျန် ‘မ’ တော်မူပါ၊ ‘စ’ တော်မူပါ၊ ဘုန်းကောင်း၊ လာဘ်ကောင်းများလည်း ပေးသနားတော်မူပါ ဘုရား။
ဘွားရွှေအိမ်ရဲ့ ကိုယ်လုံးသေးသေးလေးက နန်းကြမ်းပြင်မှာ ပြားကပ်လို့နေတယ်။ တတွတ်တွတ် ဆုတောင်းရွတ်ဖတ်နေတဲ့ ဘွားရွှေအိမ်ရဲ့ပါးနှစ်ဖက်က ချိုင့်ဝင်နေပြီး လက်အုပ်ချီထားတဲ့ လက်အစုံကလည်း ပိန်လှီသေးငယ်ပြီး အရေတွေ အလိပ်လိုက် တွန့်လိမ်နေကြပြီ။
Continue reading

(၁)ပြုံး၍လည်းကန်တော့ခံတော်မူပါ။ရယ်၍လည်းကန်တော့ခံတော်မူပါ။


ခုလို ပွဲတော်စချိန် ရောက်ပြီဆိုလို့ရှိရင် တောင်ပြုန်းလမ်းခွဲကလေး ပတ်ဝန်းကျင်ဟာ မှိုင်းဝေရီပြာလို့ လွမ်းစရာ ကောင်းနေတတ်တယ်။ မန္တလေး- မတ္တရာသွား ကားလမ်းကနေ ခွဲထွက်တဲ့ တောင်ပြုန်းလမ်းခွဲကလေးပေါ်မှာ ရောင်စုံကားတန်းကြီး ရှည်လျားစပြုပြီ။
လူရောင်စုံတွေနှင့်လည်း စည်ကားစပြုပြီ။
လမ်းခွဲကလေးပေါ်မှာ တိုက်ခတ်နေတဲ့ ဝါဆို ဝါခေါင်လေကလည်း ရမ်းကားမြူးကြွလှတယ်။
ရေတိုးစေတဲ့ ဝါဆို ဝါခေါင်လေရမ်းကားကြောင့် လမ်းခွဲကလေးဘေးက တူးမြောင်းတစ်လျှောက်မှာ ညိုဝါရောင်ရေတွေ ပြည့်လျှံစီးဆင်းနေတယ်။ ရေရိပ်မိုးရိပ် ပွဲတော်ရိပ်ဟာ လမ်းခွဲပေါ်က လူတွေရဲ့စိတ်ကို လှုပ်ရှားစေတယ်။ မြူးကြွစေတယ်။ လွတ်လပ်ပေါ့ပါးစေတယ်။ Continue reading