MOTAA ကို မြန်မာ အသံထွက် အနေနဲ. “မိုးတား” လို. အသံထွက် နေပေမဲ့၊ ဒီစကားလုံးဟာ ကောင်းကင်က မိုးကို တားတဲ့ အဓိပ္ပါယ် မဟုတ် သလို၊ အခြားသော ဆက်စပ် ပါတ်သက်မှု များလည်း မရှိပါ။ Modernized Oriental Technique of Accurate Astrology. ကို အတိုကောက် သင်္ကေတ ပြုထားတဲ့ M.O.T.A.A ကို ဆိုလိုတာ ဖြစ်ပါတယ်။
တကယ်တော့- ဗေဒင် ပညာ ဆိုတာ၊ အကြားအမြင်ပညာ၊ နိမိတ် ပညာ၊ တွေနဲ. ဆက်စပ် မှု ရှိတယ် ဆိုတာကို မငြင်းနိုင်ပေမယ့်၊ သိပ္ပံနည်း အလွန်ကျတဲ. ပညာရပ် တစ်ခုပါ။
မြန်မာ တွေ ခေါ်ဆိုတဲ့ “ဗေဒင်” ဆိုတဲ့ စာလုံးဟာ- သက္ကရိုက် စာလုံး “ဗေဒ” တနည်း အားဖြင့် “ဝေဒ” ဆိုတာက ဆင်းသက် လာတာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို. “Veda” လို. ရေးတဲ့ ဒီစာလုံးဟာ “အသိဥာဏ် ပညာ (Knowledge)” ကို ဆိုလိုပါတယ်။
နောက်တစ်မျိုး အနေနဲ. ကြည့်မယ် ဆိုလျှင် လည်း – “Astrology” ဆိုတဲ့ စာလုံးဟာ “Astro” နဲ. “Logic” ဆိုတဲ့ စကား ၂-မျိုးကို ပေါင်းစည်း ထားတာ ဖြစ်ပါတယ်။
“Astro” ဆိုတာဟာ ကောင်းကင်မှာ တည်ရှိနေတဲ့ နက္ခတ်တာရာ၊ ဂြိုဟ်တို.ရဲ. လည်ပါတ်သွား လာမှု တွေကို လေ့လာ တွက်ချက်တဲ့ ပညာ ဖြစ်ပြီး၊ Astronomy ဟာ သိပ္ပံ ပညာရပ် ဖြစ်တာကို မည်သူမျှ မငြင်းနိုင်ပါ။ နောက် စာလုံး ဖြစ်တဲ့ “Logic” ဆိုတာဟာ “ယုတ္တိ ဗေဒ” ဆိုတဲ့ ကြောင်းကျိုး ဆက်စပ် မှုကို လေ့လာ ခြင်း ဖြစ်ပါတယ်။ ဒါက တော့ ၀ိဇ္ဇာပညာ ရပ် ဖြစ်ပါတယ်။
ဒါကြောင့်- “Astrology” ကို စုပေါင်း အဓိပ္ပါယ် ဖွင့်ဆို လိုက်မယ် ဆိုလျှင် – “ကောင်းကင်မှာ တည်ရှိနေတဲ့ နက္ခတ် တာရာ၊ ဂြိုဟ်တို.ရဲ. လည်ပါတ်သွား လာမှု တွေကို လေ့လာ တွက်ချက် ပြီး၊ ကြောင်းကျိုး ဆက်စပ် မှု ကို လေ့လာ တဲ့ ပညာ” ဖြစ်ပါတယ်။
တကယ့်တော့ ဗေဒင် ပညာစစ်စစ် ဟာ- သိပ္ပံနဲ. ၀ိဇ္ဇာ ကို အချိုးကျကျ ပေါင်းစည်း ထားတဲ့ ပညာ တစ်ခု ဖြစ်နေ ပါပြီ။
အမှန်အားဖြင့် MOTAA ဆိုတာ ဟာ ကောင်းကင်က ကျလာတဲ့ ထူးခြားတဲ့ နည်းသစ် တစ်နည်း မဟုတ်ပါ။ ကာလ ကြာမြင့် စွာ လက်ဆင့်ကမ်း လာခဲ့တဲ့ ဝေဒ ပညာ ခရီးလမ်းမှာ သွေဖီ လာတဲ့ အချက်တွေကို ပယ်ထုတ် ပြီး- မူရင်း ပညာ အနှစ်သာရ စစ်စစ်ကို သိပ္ပံနည်းကျ သုတေ သန တွေ.ရှိချက်တွေနဲ. ပေါင်းစပ် ထုတ်နှုတ် ထားတဲ့ စစ်မှန် တဲ့ ပညာ ရပ်သာ ဖြစ်ပါတယ်။
Aug
16
2010