တစ်နှစ်တစ်နှစ် တစ်ကမ္ဘာလုံးမှာ လုပ်တဲ့လက်ထပ်ပွဲတွေဟာ မရေမတွက်နိုင်လောက်အောင်များပြားလှပါတယ်။
လက်ထပ်ပွဲမှာသုံးတဲ့ ဆက်စပ်ပစ္စည်းတွေဟာ မလိုအပ်တာတွေရော လိုအပ်တာတွေရောအများကြီးပါ။
မိမိရဲ့လက်ထပ်ပွဲအတွက် စီစဉ်တဲ့အခါ အစိမ်းရောင်လက်ထပ်ပွဲ (Green Wedding )
အဖြစ်စီစဉ်ခဲ့မယ်ဆိုရင် အများနဲ့မတူ တမူထူးခြားပြီး မြေကမ္ဘာအတွက်လည်း အကျိုးပြုနိုင်မှာဖြစ်ပါတယ်။
(အလုပ်တော့နဲနဲပိုကောင်းပိုပါလိမ့်မယ်)
ဒါအပြင်စွမ်းအင်ကိုခြွေတာရာရောက်ပြီး ကာဗွန်ထုတ်လွတ်မှုလျော့ချနိုင်ခြင်း လက်ထပ်ပွဲများပြုလုပ်ခြင်းကြောင့်
ထွက်ပေါ်လာမဲ့ အကျိုးမဲ့ စွန့်ပစ်ပစ္စည်းများလျော့ချနိုင်ခြင်း၊ အခြားသူများအား စိမ်းလန်းသောရွေးချယ်မှုများ ပြုလုပ်
စေမည့် အသိစိတ်များပေးနိုင်ခြင်း၊ ပရဟိလုပ်ငန်းများအားထောက်ပဲ့ပေးနိုင်ခြင်း၊ သင့်ရဲ့လက်ထပ်ပွဲကို အခြားသူများ
နှင့်မတူပဲ ကွဲပြားခြားနား အောင်ပြုလုပ်နိုင်ခြင်း၊ သင့်ရဲ့အစိမ်းရောင်အိမ်မက်တွေကို မိတ်ဆွေတွေနဲ့မျှဝေခံစားနိုင်ခြင်း
စသည့် အကျိုးကျေးဇူးတွေလည်း ရနိုင်ပါသေးတယ်။
ဖိတ်စာနှင့်စာရေးကရိယာများ
သစ်ပင်များနှင့်ပြုလုပ်မထားသော Tree Free Paper များကိုရွေးချယ်ပါ။
စွန့်ပစ်ပစ္စည်းများမှ ရာနှုန်းပြည့် ပြန်လည်အသုံးပြုနိုင်သော Post-Consumer Waste (PCW)စက္ကူများကိုသုံးပါ။
သစ်ပင် သစ်ရွက် သို့မဟုတ် ပဲပုတ်စေ့မှအခြေခံ၍ ထုတ်လုပ်ထားသောမှင်ကိုသုံးပါ။
သစ်ပင်မျိုးစေ့လေးများဖြင့် ဖိတ်ကြားခြင်းပြုလုပ်ပါ။
မင်္ဂလာပွဲကမ်းသော လက်ဆောင်ပစ္စည်း
သစ်စေ့ကလေးတွေ၊ ပဲစေ့ကလေးတွေ၊ ချယ်ရီပန်းမျိုးစေ့လေးတွေ အစရှိတာတွေကို လှပစွာ ထုတ်ပိုးပြင်ဆင်ထားတဲ့
Thank You ကဒ်ပြားလေးတွေဟာ မမေ့နိုင်စရာဖြစ်မှာပါ။
ကြွရောက်ချီးမြှင့်သူတွေဟာ သင်တို့ရဲ့မင်္ဂလာပွဲကို ထာဝစဉ်အမှတ်ရနေမှာပါ။
ပန်းလေးတွေပွင့်ဝေစေနိုင်တဲ့ စိုက်ပျိုးနိုင်တဲ့ သစ်ပင်မျိုးစေ့လေးတွေဟာ ရှင်သန်ခြင်းရဲ့သင်္ကေတ ဖြစ်သလိုမြေကမ္ဘာကိုလည်း
စိမ်းလန်းစေမှာပါ။
အစိမ်းရောင်အခမ်းအနားပြင်ဆင်မှု
ဖယောင်းတိုင်တွေထွန်းပြီး Romantic ဆန်ဆန် ဆွတ်ပြန့်ကြည်နူးဖွယ် အပြင်အဆင်ကို ဖန်တီးချင်တယ်ဆိုရင်တော့ ကာဗွန်ထုတ်
လွှတ်နိုင်တဲ့(ရေနံမှထုတ်တဲ့) ပါရာမင်း ဖယောင်းတိုင်အစား သဘာဝကရတဲ့ ပဲပုတ်မှ သို့မဟုတ် ပျားဖယောင်းနဲ့ပြုလုပ်ထားတဲ့
ဖယောင်းတိုင်များကို ရွေးချယ်ပါ။
သြဂဲနစ် အလှဆင်ပစ္စည်းများ
သတို့သား သတို့သမီးအသုံးပြုတဲ့ အလှပြင်ပစ္စည်းတွေဟာ သြဂဲနစ်အလှဆင်ပစ္စည်းများဖြစ်သင့်ပါတယ်။
ပန်းများဟာလည်း အခြားဒေသမှထွက်တဲ့ပန်းတွေဟာ သယ်ပို့ရတဲ့အတွက် ကြာရှည်ခံအောင် ပြုလုပ်ထားတာကြောင့်
အဆိပ်အတောက်တွေ၊ ပိုးသတ်ဆေးတွေ သုံးထားတဲ့အတွက် ဒေသထွက်ပန်းတွေကို သုံးသင့်ပါတယ်။
အစိမ်းရောင်အစားအစာ
ဧည့်ခံပွဲမှာ ကျွေးမယ့် အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်းဒေသထွက်တွေကိုဦးစားပေးရွေးချယ်ပါ။
မင်္ဂလာဧည့်ခံပွဲ ပြုလုပ်တဲ့နေရာ
သတို့သားသတို့သမီး ဆွေမျိုး မိတ်သင်္ဂဟများနေထိုင်တဲ့နေရာနဲ့သွားရေးလာရေးအဆင်ပြေနိုင်တဲ့ခန်းမမျိုးရွေးချယ်ပါ။
ပြီးတော့ မင်္ဂလာပွဲကို စုပေါင်းသွားရောက်ခြင်းဖြင့် ကားအစီးရေလျှော့ချမယ်ဆိုရင် သယ်ယူပို့ဆောင်မှုကြောင့် ထွက်ပေါ်လာမဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွတ်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။