(၁)ကိုယ်ဘာလုပ်နေလဲ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပါ။
Analyze yourself often what you’re doing.
ပြန်လည်သုံးသပ်မှုမရှိရင် ဘယ်အရာပဲဖြစ်ဖြစ် ရလာဘ်ကောင်းတွေကို သိရှိနိုင်ဘို့ ခဲယဉ်းလှပါတယ်။
ရလာဘ်ကောင်းတွေကို ပိုင်ဆိုင်ချင်ရင် ကိုယ်လုပ်နေတဲ့ လုပ်ရပ်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို ပြန်လည်
ဆန်းစစ်ပါ။ ရလာဘ်ကောင်းတွေ ပိုင်ဆိုင်မှုတွေ အောင်မြင်မှုတွေပိုတိုးလာပါလိမ့်မယ်။
(၂)ကျရှုံးခဲ့ရင်တောင် အောင်မြင်ဘို့ထပ်ကြိုးစားလိုက်ပါဦး။
Strive to succeed Even if failure
ကျရှုံးတယ်ဆိုတာ ကြိုးစားကြည့်ပြီးတဲ့သူတွေမှ တွေကြရမှာပါ။ အောင်မြင်ခြင်းအတွက် ရှုံးနိမ့်ကျရှုံးခြင်းကို
လက်ခံရမယ်။ ရင်ဆိုင်နိုင်ရပါမယ်။ အောင်မြင်မှုကို လူတိုင်းက လိုအပ်ကြပါတယ်။ ထို့ကြောင့်ရပ်တန့်မနေဘဲ
ထပ်ကြိုးစားကြည့်လိုက်ပါဦး။
(၃)အတိတ်ကအကြောင်းတွေကို တတ်နိုင်သလောက် မေ့ထားပါ။ လက်ရှိအချိန်ကို စဉ်းစားသုံးသပ်ပါ ။
Try to forget past. Try to leave past. Consider/Concentrate present time.
ယခုလက်ရှိ အချိန်သည်သာ ပို၍အရေးကြီးပါသည်။ ဖြစ်ခဲ့တာတွေ ဖြစ်ပြီးခဲ့တာတွေကို မေ့ထားလိုက်ပါ။
ဘုရားရှင်ရဲ့ဒေသနာတော်အတိုင်း ပစ္စုပ္ပန် တည့်တည့်ကိုရှုပါ။ ဆင်ခြင်ပါ၊ စဉ်းစားပါ၊ တန်ဘိုးထားပါ။
(၄)မနက်ဖြန်ဆိုတာရှိနေသေးရင် သင့်အတွက် မျှော်လင့်ချက်တွေရှိနေပါသေးတယ်။
There is ray of hope if tomorrow never die.
အားမလျှော့ပါနဲ့၊ အားမငယ်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့၊လက်တွေ့ဆန်ဆန်
လက်တွေ့ကျကျ လုပ်ဆောင်ပါ။ မျှော်လင့်ချက်ကို ရင်မှာပိုက်ထား
မျှော်လင့်ချက်ဆိုတာ ဘ၀ရဲ့ရှင်သန်ခြင်းတစ်မျိုးပါ။
(၅)မဆုံးဖြတ်ခင်စဉ်းစားပါ
Think before decision
စဉ်းစားနိုင်မှ တော်ကာကြမယ်။ ခဏလေးမစဉ်းစားနဲ့များများစဉ်းစားပါ။
ဆုံးဖြတ်ချက်ကို အလျင်စလို မချလိုက်ပါနဲ့။ အမှားတွေ့တတ်ပါတယ်။
(၆)စဉ်းစားပြီးမှ ဆုံးဖြတ်ပါ ။
Decide after thought
မစဉ်းစားပဲဆုံးဖြတ်တော့ အမှားသံသရာလည်တာပေါ့။
စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချတဲ့အကျင့်ကောင်းလေးကိုမွေးမြူရမယ်။
တစ်ချို့ဆို အလွယ်တကူဆုံးဖြတ်ချက်ချလိုက်လို့ စည်းစိမ်ဥစ္စာတွေသာမက
အသက်ကိုပါဆုံးရှုံးခဲ့ကြရပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ဆုံးဖြတ်ချက်
တစ်ခုမှားသွားခဲ့လို့ဖြစ်ပါတယ်။
(၇)ကိုယ့်ကိုကိုယ်နှိမ်ချပါ။
Be humble yourself
လူတွေဟာအသားလွတ်ကြီးဘ၀င်မြင့် အောက်ချေလွတ်တတ်ကြပါတယ်။ မာနတွေထောင်လွားကာ
တစ်နေ့မသေတော့မဲ့ ပုံစံနှင့်နေတတ်ကြပါတယ်။ ဒီအပြုအမှုတွေကိုရှောင်ကျဉ်ကြပါ။ စိတ်ကိုအလှဆင်ကြပါ။
စိတ်ရဲ့အလှကို ဘယ်လိုလှအပမျိုးကမှ ကမ္ဘာမှာ ယှဉ်နိုင်ရိုးမရှိသေးပါဘူး။ အလှဆုံးဖြစ်ချင်ရင် စိတ်ကို
အလှဆင်ကြပါ။
(၈)သူတစ်ပါးရဲ့ဝေဖန်မှုကို ခံယူတတ်ပါစေ။
You can be criticized.
ဝေဖန်ပြောဆိုမှုတွေကို စိတ်ရှည်ရှည်ထားပြီးခံယူပါ။ ဒီလိုဝေဖန်မှုတွေကို လူတိုင်းခံယူနိုင်ကြတာမဟုတ်ပါဘူး။
ခံနိုင်ရည်ရှိသူများအတွက်တော့ သင်ခန်းစာကောင်းတွေပါ။ဝေဖန်ခံမှုကိုလက်ခံပြီး ပြန်လည်သုံးသပ်ပါ။
(၉)ကိုယ့်ကိုကိုယ်အားကိုးပါ။
Depent on yourself. Rely on your own foot.
လူကြီးသူမတို့ရဲ့ စကားကို အကြွင်းမဲ့မယုံလေနဲ့ ဆိုတဲ့စကားသည် ကိုယ့်ကိုကိုယ်အားကိုးစေချင်ကြောင်းကို
အဓိက ညွှန်းဆိုနေတယ်လို့ထင်ပါတယ်။ လူမှာ အမှားအမှန်ကိုခွဲခြားနိုင်တဲ့ အသိဥာဏ်ရှိပါတယ်။ အဲတာကြောင့်
သူတစ်ပါးကို အားမကိုးစေပဲ မိမိကိုယ်ကို အားကိုးပါလို့ပြောရခြင်းဖြစ်ပါတယ်။
(၁၀)အမှန်တရားကိုရှာဖွေပါ။
Seek the truth.
(သစ္စာလေးပါး) အမှန်တရားကို ရှာဖွေမိတော့ ချမ်းသာစစ်ကိုရတာပေါ့။ အမှန်တရားကို လူတိုင်း
မြတ်နိုးတန်ဘိုးထားတတ်ကြပါတယ်။ ချမ်းသာစစ်ကို ရှာဖွေပါ။
Aug
15
2010