ယနေ့အင်းဝသည် ဂန္တဝင်အမည်က ရဋ္ဌပူရ သို့မဟုတ် ရတနာမြို့တော်ဟူ၍ ဧရာဝတီမြစ်နဒီနှင့် မြစ်ငယ်မြစ်တို့ ဆုံဆည်းရာ မြို့ငယ်လေးတစ်ခုမျှသာ ဖြစ်လျက် ကျောက်ဆိုင်ခရိုင်အတွင်း ရွာသိမ် ၁၁ ခု ခြံရံပြီး ထိုစဉ်ကလို ဟန်ပန်မစန့်ဝါ မြန်မာ့အင်ပါယာသစ်တစ်ခုမှာ ၁၂၈၇ ခုတွင် တရုတ်ဘုရင် ကုဗလိုင်ခံ၏ စစ်တပ်လက်တွင်း ပုဂံနေပြည်တော်နှင့်တကွ တတိုင်းပြည်လုံး ကျဆုံးခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့လေသည်။
၁၃၆၄ ခု မြို့တည်နန်းတည်ဘုရင်က သတိုးမင်းဖျား အင်းဝအမည်ကိုယ်၌က ရှမ်းအခေါ် ကုန်းပတ်လည်ရေပြင်အင်းဝ သို့မဟုတ် အဝင်ဆိုသောကြောင့် လူပြုသည့် ကျွန်းတစ်ခုအပေါ်တည်ထားတော်မူခဲ့သဖြင့် ယင်းကလဲအကြောင်းမဲ့မဟုတ် မြစ်သာချောင်းတစ်ခု တူးမြောင်းတစ်ခုတူးရာမှ နဒီဧရာနှင့် ဆက်ဖို့ ကြံရွယ်ချက် မြစ်ငယ်မြစ် ထိုသနစ်ကြောင့် ထွက်လာသည့်တူးချောင်း မြေဖို့ရာ အင်းဝမှာဖြစ်လာရသည်။ အနှစ် ၄၀၀ ခန့်မှ မြန်မာ အင်ပါယာအစိုးရ အတည်တကျရှိခဲ့ကြ ထိုမျှ သောင်သာ နိုင်ငံတစ်ခုဖြစ်ခဲ့ရာမှ ခိုင်မာလှသည့် နန်းစဉ်တဆက်ဖြစ် ချက်အကြောင်းမှာ ကျောက်ဆည်နယ်ပြင် ဆန်ရေစပါးနိုင်ငံအားထားရာတရပ်လုံး ကုန်သွယ်ဖောက္တားမှုအစုံကို ထိုအရပ်မှ ထိန်းသိမ်းခန့်ခွဲနိုင်သည့်ခြင်းရာကြောင့် ဧရာမအာဏာဖြာထွက်ရာဖြစ်ခဲ့သည်။
အင်းဝခေါ်ဆို အဝမြို့တခိုမှာ မကြာခဏအစီးအနင်းခံရ၏။ သို့သော် ၁၆၃၄ ခုတိုင်အောင် မြို့တော်သက်ဆိုးရှည်၍ မြန်မာ့နေပြည်တော်သည် အင်းဝအင်ပါယာခေါ် အင်းဝတိုင်းကားမည် နောက်ထပ် နှစ် ၁၅၀ ထပ်ကြာအောင် ရပ်တည်ခဲ့ပြီးကာမှ ဘုရင်ဘိုးတော်ဘုရားက (၁၇၈၁ မှ ၁၈၁၉ တိုင်) နန်းစံပြီးနောက် ဟူရားဗေဒင်ပညာရှင်တို့ဆင်ခြင်းပေးကြ အကြံရလျက် ရေလွှမ်းဖျက်စီးပစ် လိုက်ပြီးနောက် ၁၈၇၃/၈၄ တွင် အမရပူရမည် နာမအသစ်နှင့်သူ့မြို့တော်သစ်တည်ဆောက်ရင်း ပြောင်းရွှေ့စွန့်လွှတ်ခဲ့လေသည်။
ဘုရင်ဘကြီးတော် (၁၈၁၉ / ၁၈၃၈) က နောက်ပိုငးဆက်တည်ခဲ့သူမှာ အမရပူရမှ တဖန် အင်းဝကို ပြန်တည်သည့်သူလည်း ဖြစ်ပြန်ပါသည်။ သို့သော် (၁၈၃၈ မှ ၁၈၄၆ ထိ) ကလည်း အားကျမခံ တဖန်ပြန်၍ အမရပူရတွင် နန်းစံပြန်သည်မှာ ၁၈၄၁ ခုနှစ်တွင်ဖြစ်၏ ထိုနေရာဝယ် (၁၈၅၃/၁၈၇၈) တိုင်အောင် နေပြည်တော်တည်ရှိခဲ့ပြီးမှ မင်းတုန်းဘုရင်က ကုန်းဘောင်မင်းဆက်ပလ္လင် ဗွေကို မန္တလေးသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် အင်းဝနေပြည်တော်ဟုသာ ညွှန်းလက်စနှင့် ဆက်ညွှန်းခေါ်ဝေါ်ကြပါသည်။
အင်းဝမြို့သည် ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ်(ဒုဌ၀တီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိသည်။ ရှေးအခါ အင်းဝမြို့တည်ရှိသော နေရာသည် မိုးကာလရေတက်ချိန်တွင် ရေများဖုံးလွှမ်းတတ်လေ့ရှိကာ ရေပြန်ကျချိန်တွင် မညီညာသည့် မြေမျက်နှာသွင်ပြင်ကြောင့် မြစ်ကျိုးအင်းများဖြစ်ကျန်နေတတ်သည် ဟုဆိုသည်။ မူအစက အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ သုံးကြိမ်တိုင်တိုင်တည်သော်လည်း မြစ်ရေတက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။ ထို့ကြောင့် ပင်းယသို့ ပြောင်းရွှေ့နန်းတည်ခြင်းဖြစ်သည်။
ထို့ကြောင့် သတိုးမင်းဖျား(၁၃၆၄-၁၃၆၇) အင်းဝမြို့တည်စဉ်က ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့သည်။ အင်းများရှိရာအရပ်ဖြစ်သည်ကြောင့် လည်းကောင်း၊ မြစ်နှစ်ကြောင်းဆုံရာ မြစ်ဝတွင်ရှိသည်ကြောင့် လည်းကောင်း အင်းဝ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅ က သမုတ်ခဲ့သည့် နာမည်မှာ ရတနာပူရ ဖြစ်သည်။ ထို့အတူ မြို့တည်စဉ်ကအင်း၉အင်းကို ယတြာချေသည့် အနေဖြင့် မြေဖို့စေသောကြောင့် အင်းန၀ဟူ၍လည်းခေါ်ကြသည်။ သို့သော် နောက်ပိုင်း ညောင်ရမ်းခေတ်အရောက်တွင် အ၀ ၊ ရွှေဝ အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။ အချို့ရှေးဟောင်းကျောက်စာများတွင် အခွဆုမ် (အခွဆုံ) ဟူသော အသုံးအနှုံးမျိုးဖြင့်လည်း ခေါ်သည်ကိုတွေ့ရတတ်သည်။
အင်းဝမြို့၏အမည် (၅)မျိုးမှာ
1. အင်းဝ
2. အင်းနဝ
3. ရွှေဝ
4. အ၀ နှင့်
5. ရတနာပူရ တို့ဖြစ်ကြသည်
အင်းဝမြို့သည် မြန်မာ့သမိုင်းတွင် အလွန်ကျော်စော်သောမြို့ဖြစ်သည်။မြို့သက်မှာ ၁၉၁နှစ်တိုင်ကြာမြင့်သည်။ မြန်မာ့သမိုင်းတစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက်၏ ၄ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့သော မြို့ဖြစ်ပါသည်။
ထိုမင်းဆက်များမှာ
1. အင်းဝမင်းဆက်(AD ၁၃၆၄-၁၅၂၇/၁၅၅၄)
2. ညောင်ရမ်းမင်းဆက် (AD ၁၅၉၇-၁၇၅၂) နှင့်
3. ကုန်းဘောင်မင်းဆက် (နှစ်ကြိမ်) (AD ၁၇၅၂-၁၈၈၅)တို့ဖြစ်ကြသည်။
အင်းဝမြို့ သမိုင်း
အင်းဝမြို့ကို စတင်တည်ထောင်သူမှာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ သတိုးမင်းဖျား ဖြစ်သည်။ ၁၃၆၅မှ အစပြုသည့် အင်းဝမင်းဆက် တစ်လျောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ မဂဒူး မင်းဆက်နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ မင်းကြီးစွာစော်ကဲမှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်မင်းခေါင် လက်ထက်များအထိ ဟံသာဝတီ မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက် အင်းဝ၏ အင်အားသြဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အား ကြီးမားလာသည့် မိုးညှင်းစလုံ နှင့် ၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထိုနောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှုးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ ဘုရင့်နောင် ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် နန္ဒဘုရင် လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်းဝဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၄င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။
့်ထိုနောက် ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူ ညောင်ရမ်းမင်းတရားကြီးကလည်း ၁၆၀၀တွင် အင်းဝကို သိမ်းပိုက်မင်းပြုရာမှ အင်းဝမှာ မင်းနေပြည်တော် ဖြစ်ပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်မှ အနောက်ဖက်လွန်မင်း လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန် နန်းသက် တစ်လျောက်လုံးနီးပါးမျှ ဟံသာဝတီတွင် နန်းစိုက်နေခဲ့ရသည်။ သာလွန်မင်း (၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှ အင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည် ရောက်ရှိလာရသည်။
ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများ ညံ့ဖျင်းသည်ကြောင့် တစ်ကြောင်း၊ ရာသီဥတု ဖောက်ပြန်သည်ကြောင့် တစ်ကြောင်း တိုင်းပြည်အနှံ့ မငြိမ်မသက် ဖြစ်လာပြီး နောက်ဆုံးတွင် ဟံသာဝတီမှ ဆင်ဝန် ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် မင်းပြု ပုန်ကန်သည်။ ပုန်ကန်မှု အောင်မြင်ပြီး အင်းဝကို သိမ်းပိုက်ကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိ(၁၇၃၃-၁၇၅၂) ကို ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ခေါ်ဆောင်ထားရှိခဲ့သည်။ (နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။)
့်ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် အလောင်းဘုရားက မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဒ္ဓယထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။ဆင်ဖြူရှင်လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။ သို့သော်ဘိုးတော်ဘုရား လက်ထက်တွင်မူ အမရပူရသို့ပြောင်းရွှေ့နန်းစံပြီး ဘကြီးတော်မင်း ၁၈၂၃တွင် အင်းဝသို့ ပြောင်းရွှေ့စံမြန်းပြန်သည်။ နောက်ဆုံး ၁၈၄၁တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကြေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ပြီးနောက်တွင် သာယာဝတီမင်းသည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။
အင်းဝနှင့် သူ့ဝန်းကျင်
* (က) ခေါင်းဆေးတံခါး
* (ခ) နန်းမြင့်မျှော်စင်
* (ဂ) မဟာအောင်မြေဘုံစံကျောင်း
* (ဃ) ဂျပ်ဆင်အမှတ်တရ
* (င) ထီးလိန်ရှင်ဘုရား
* (စ) လေးထွဋ်ကြီးဘုရား
* (ဆ) အင်းဝခံတပ်နှင့်
* (ဇ) အင်းဝတံတား။
(က) ခေါင်းဆေးတံခါး
အခြားမြန်မာနန်းရိုး မြို့တော်များ မြို့တော်တံတိုင်းနှင့် ဆင်မတူ အင်းဝ၏မူက ၄ဒေါင့်စပ်စပ်မဟုတ် ခြင်္သေ့ဦးခေါင်းသဏ္ဍန် ကြံ့ကြံ့ခံသည့် ခြင်္သေ့တပိုင်း နဂါးတပိုင်းနှင့် ဒွိယံတွဲလျက် ထဲထဲဝင်ဝင် ဂူကျောင်းပုထိုးအမျိုးမျိုးတို့ဝယ် မြန်မာတနိုင်ငံလုံး အစောင့်ချထားတော်မူသတဲ့၊ အင်းဝမြို့တတိုင်းကျန်သမျှနဲနဲ အနက်မှ ခေါင်းဆေးတံခါးအဝသည် အတော်အတန်ပြည့်စုံ စွာ ကျန်နေဟန်ရှိပါသည်။ ဤတံခါးမှထွက်ခါ ခေါင်းဆေးမင်္ဂလာပြုရာဖြစ်သည်ဟု ဆိုရာ၏။ ယနေ့ဆိုလျှင် ခေါင်းဆေးခြင်းကို လူတွေ၏အိမ်တွင်း၌သာ သင်္ကြန့်ခါတွင်းသင့်သလိုခင်းခဲ့မြဲဖြစ်သည် ယင်းမှာလည်း နတ်များသနင်းသကြားမင်းကို ကော်ရော်သမှုရာဇ်ကာလ မင်းလုပ်သူမှာ ဤတံခါးဝ၌လာ၍ ခေါင်းလျှော်ရသည်ဆိုရမည်ပင်။
(ခ) နန်းမြင့်မျှော်စင်
ပေ ၉၀ အမြင့် (၂၇ မီတာ) နန်းမြင့်မျှော်စင် သရိုးအုဌ်မြင့် အကြွင်းအကျန် အပျက်အစီးတို့မှာ ခေါင်းဆေးတံခါးအနား အပုံလိုက်တည်ရှိနေစဲပင်။ – ဘုရင်ဘိုးတော်ဖရာ့ကျန်ရစ်သမျှ – နန်းမြင့်မဟာသည် ၁၈၃၈ ခု ငလျှင်ကြီး၏ အကြီးအကျယ်နှိပ်စက်ဖျက်စီးချက်ကိုခံရလျက် ယင်းနယ်တခွင်လုံး ပြုတ်ပြုတ်ပြုန်းအောင် အပျက်ဆောင်ခဲ့ပါသည်။ စင်အထက်ပိုင်းအထပ်တခုလုံးပြိုကျ မြေခ၍ မျှော်စင်ကိုယ်၌မှာ တဖက်သို့တိမ်းငဲ့ယိမ်းနွဲ့ချိချိနှင့် ဖြစ်ရသည့်အချက် ဆိုးလှကွက်မှာ မခို့တရို့မှော်စင်ဟု ဆိုလိုက်ချင်စရာဖြစ်ပါတော့သည်။
(ဂ) မဟာအောင်မြေဘုံစံကျောင်း
အုဌ်ကျောင်းဟုလည်း အသိများသည့် မဟာအောင်မြေဘုံစံကျောင်းသည် အခိုင်အမာအုဌ်လွှာအထပ်ထပ်ဖြင့် အများသုံး ကျွန်းသားသုံးပုံဟန်က သူလိုကိုယ်လိုဆောက်ထားသည့် ဘုန်းကြီးကျောင်းများလိုပင်ဖြစ်ပါသည်။ သို့သော် မြင့်တော့မြင် တင့်လှသည့် ထုံးနှင့် သဲနှင့်ရောစပ်ပြုခါ ပန်းကနုတ်အခြယ်အသများဖြင့် ၁၈၁၈ ခုက ဘုရင်ဘိုးတော်ဖရာ့၏ နန်းမတော်ဒေဝီမဟေသီူမယ်နု တည်ထားပြုသည်မှာ ညောင်ကန်တိုက်အုပ်ဆရာတော်အတွက်ဖြစ်ပေရာ အများပြည်သူပြောသမျှ ယူရသော် မကင်းရာမကင်းကြောင်း မောင်တော်ဟောင်းတယောက်အတွက်ဟုလည်း ဆိုကြ ပြန်သည်။ ကျွန်းကျောင်းမှန်သမျှ တစုံတရာမှ မကျန်ကြတော့သလို မဟာဘုံကျောင်းမှာမူ အုဌ်အင်္ဂတေသန္ဒေကြောင့် ကျန်ယုံသာမက အင်းဝ၏အဆောက်အဦးအားလုံးအနက် အကောင်းဆုံးအဒွန့်ကြာ အောင် ချန်ထားနိုင်ခဲ့သည့်အရာတစ်ခု ဖြစ်ပါတော့သည်။ ကျောင်းဗဟိုချက်မတွင် ဖါလ်န်သလင်းတို့စီချယ် ကြာပွင့်ချပ်သဏ္ဍာန်ထက်ဝယ် ဂေါတမဗုဒ္ဓဘုရား ဆင်းတုတပါး သပ္ပါယ်ပြီးသားရှိပါသည်။ မဟာအောင်မြေဘုံစံကျောင်းနှင့်ကပ်လျက် ဘုံခွန်နှစ်ဆင့်ဘုရားပူဇော်ဆောင်မှာ – ၁၈၃၈ ခု ငလျှင်ဒဏ်ကြောင့် အကြီးအကျယ်အပျက်အစီးကြားမှ – ၁၈၇၃ ခုနှစ်တွင် ဘုရင်ဘကြီးတော်ဖရာ့နှင့် နန်း မတော်မယ်နုသမီး ဆင်ဖြူမရှင်မင်းသမီးက ပြန်လည်ပြင်ဆင်တော်မူထားခဲ့သည်။
(ဃ) ဂျပ်ဆင်အမှတ်တရ
မဟာအောင်မြေဘုံစံကျောင်းအနီး လက်မရွံ့အကျဉ်းနေရာပေါ်တွင် အမြင်တင့်၍ ဧရာမကျောက်တုံးဖြူတခု ထီးထီးချည်း ရည်တည်လျက်ရှိသည်။ ယင်းကား ဒေါက်တာ အက်ဒိုမီရမ် ဂျပ်ဆင်အမည်ရှိ အမေရိကန်သာသနာပြုတဦးအတွက် အထိမ်းအမှတ်ဖြစ်၍ သူ့ခမျာမှာ ပထမအင်္ဂလိပ်မြန်မာအဘိဓါန် ပြုစုပြီးမြောက်သည့်ဂုဏ်ကျေးဇူးကို အထူးအောင်းမေ့ခံရသည်ဖြစ်ယုံမျှမက ဂျပ်ဆင်မှာ ဗြိတိသျှနယ်ချဲ့တစ်ဦးမဟုတ်ခဲ့သည့်အပြင် အမေရိကန်သာသနာပြုဖြစ်လျက်နှင့် ဝိဘတ်ကြမ္မာင်၍ ၁၈၂၄ ဇွန်လမှ သည် ၁၈၂၄ မေလတိုင်အောင် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအတွင်း အကျဉ်းချအနှိပ်စက် ရက်ရက်စက်စက်ခံခဲ့ရသူလည်းဖြစ်ပါသည်။
(င) ထီးလိန်ရှင်ဘုရား
အဆူဆူသောဘုရားများအနက် အင်းဝဒေသတွင် ကျန်စစ်မင်းသားက (၁၀၈၄ မှ ၁၁၁၂) တည်ခဲ့ရာ ယင်း၏ကန္တဝင်ကမ္ဗည်းက သီလွင်မန်း ဟူတသတ်၊ ပထမအင်းဝမင်းဆက်ကာ လအတွင်း တည်ခဲ့ပျက်ခဲ့သည့် သစ်သားနှင့် ပြုနန်းစဉ်နှင့် ပလ္လင်အစုစုတည်ဆောက်မှုပြုခဲ့ပုံအလုံးစုံ ကျောက်တွင်းကမ္ဗည်းတင်ချက်တို့အား ယင်းပုဂံကျန်စစ်သားကောင်းမှု ဘုရည်းတန်ဆောင်းအတွင်း အရှင်းသား တွေ့မြင်နိုင်ပါသည်။
(စ) လေးထွတ်ကြီးဘုရားနှင့် (ဆ) – လောကသရဖူဘုရား
လေးထွဋ်ဘုရားခေါ် ၄ထပ်ကြီးဘုရားသည် ၄ထပ်ရှိသည့်တဆူဖြစ်၍ လောကသရဖူဘုရားနှင့်အတူ အင်းဝတွင် ပိုအရာရောက်သည့်စေတီတော်များဖြစ်ကြ၍ အင်းဝမြို့တောင်အရပ် ၌ ကိန်းဝပ်တော်မူကြသည်။
ယခုခေတ် ဓာတ်ပုံများကို ဒီနေရာလေးမှာကြည့်နိုင်ပါသည်။