အလှူဒါနနဲ့ပါတ်သက်ပြီးပုဂ္ဂိုလ် (၄) ယောက်ရှိသည်။ ၄င်းးပုဂ္ဂိုလ် (၄) ယောက် ရရှိနိုင်တဲ့ အကျိုးတရားများကတော့

နံပါတ် (၁) ပုဂ္ဂိုလ်
ကိုယ်ကိုယ်တိုင်ကတော့ ကုသိုလ်ဒါနတွေကို ပြုလုပ်လှူဒါန်းပါတယ်။
ဒါပေမဲ့ တစ်ခြားသူတွေကို ကိုသိုလ်ဒါနတွေ ပြုလုပ်ဘို့ တိုက်တွန်းနိုးဆော်မှု မရှိတဲ့ ပုဂ္ဂိုလ်။
(1) The Person who himself offers something (or) donates properties (or)
does meritorious deeds (or) gives a charity but does not advise other, try hard
to persuade others, urge others to do so;

ယခုဘ၀ နောက်ဘ၀ သံသရာတစ်လျှောက်မှာ ကိုယ်တိုင်ကိုယ်ကျကုသိုလ်ကောင်းမှုပြုတဲ့
အတွက်ကြောင့် စည်းစိမ်ချမ်းသာ ပြည့်ပြည့်စုံစုံနဲ့တော့နေနိုင်ပါတယ်။
ဒါပေမဲ့ သူတစ်ပါးကိုကိုလ်ကောင်းမှုပြုဘို့ မတိုက်တွန်းတဲ့အတွက်ကြောင့်
မိတ်ဆွေအပေါင်းအဖေါ်မရှိဘဲ တစ်ကိုယ်တည်း နေရတတ်ပါတယ်။


နံပါတ် (၂) ပုဂ္ဂိုလ်
တစ်ပါးသူတွေကို ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ဘို့
တိုက်တွန်းနိုးဆော်မှုတော့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကတော့
အဲဒီကုသိုလ်ကောင်းမှုတွေကို မပြုလုပ်တဲ့ ပုဂ္ဂိုလ်။
(2) The person who does not himself do meritprious deeds,
offer something (or) donate properties (or) give a charity nor urges
others,
tries hard to persuade other,
advises other to do so;

ဒီဘ၀ နောက်ဘ၀ သံသရာတစ်လျှောက်မှာ သူတစ်ပါးကို
ကုသိုလ်ကောင်းမှုတွေပြုဘို့တော့တိုက်တွန်းတယ်။
ဒါပေမဲ့ သူကိုယ်တိုင်က ကုသိုလ်ကောင်းမှုတွေ ဒါနတွေမပြုလုပ်ခဲ့လို့
အခြွေအရံ တွေ အပေါင်းအသင်းတွေ မိတ်ဆွေတွေ သူငယ်ချင်းတွေတော့ရှိပါတယ်။
စည်းစိမ်ဥစ္စာနဲ့တော့ ပြည့်ပြည့်၀၀ ခံစားပြီးမနေရပါဘူး။
စားရမဲ့ သောက်ရမဲ့ ဘ၀မျိုးနံ့နေရတတ်ပါတယ်။


နံပါတ် (၃) ပုဂ္ဂိုလ်
သူကိုယ်တိုင်ကလည်းဒါန၊ သီလ၊ ဘာဝနာ အစရှိတဲ့
ကုသိုလ်ကောင်းမှုတွေကို မပြုလုပ်သလို တစ်ပါးသူတွေကိုလည်း

ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ဘို့ တိုက်တွန်းနိုးဆော်မှု မရှိတဲ့ပုဂ္ဂိုလ် ။
(3) The person who does not himself do meritorious deeds,
offer something (or) donate properties (or) give a charity nor
urges other, tries haed to persuade other,
advises other to do so;

ကိုယ်တိုင်လည်းကုသိုလ်ကောင်းမှု မပြုလုပ်ဘူး။ သူတစ်ပါးကိုလည်း
ဒါနကောင်းမှု သီလကောင်းမှု ဘာဝနာကောင်းမှုတွေကို ပြုလုပ်ဘို့
တိုက်တွန်ူနိုးဆော်မှု မရှိတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တဲ့အတွက်ကြောင့်
အခြွေအရံအသင်းအပင်း သူငယ်ချင်း
အပေါင်းအသင်းမိတ်ဆွေ မရှိသလို ချမ်းသာသုခကိုလည်း သူ့ဘ၀မှာ
မခံစားရပါဘူး။ ဆင်းဆင်းရဲရဲ နေရတတ်ပါတယ်။


နံပါတ် (၄) ပုဂ္ဂိုလ်
သူကိုယ်တိုင်လည်းပဲကုသိုလ်ကောင်းမှုတွေကို တစ်စိုက်မတ်မတ် ပြုလုပ်တတ်တယ်။
တစ်ပါးသူတွေကိုလည်းပဲ
ဒါန၊ သီလ၊ ဘာဝနာ အစရှိတဲ့ ကုသိုကောင်းမှုတွေလုပ်ဘို့ တိုက်တွန်းတဲ့ ပုဂ္ဂိုလ်။

(4) The person who himself does meritorious deeds (or)
donates porpreties (or) give a charity and advises other, tries hard to persuade

other, urges other to do so;

ကိုယ်တိုင်လည်း ကုသိုလ်ကောင်းမှုတွေကို ယုံယုံကြည်ကြည် လုပ်ဆောင်တယ်။
သူတစ်ပါးကိုလည်း ကုသိုလ်ကောင်းမှုပြုဘို့ စေတနာအပြည့်နဲ့ တိုက်တွန်းနိုးဆော်တဲ့
အကျိုးကြောင့်
ဖြစ်လေရာဘ၀မှာ တစ်ယောက်တည်းမနေရဘဲနှင့်
အခြွေအရံအပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း ဇနီးမယား သားသမီး မြေးမြစ်
တွေနဲ့ ပျှော်ပျှော်ပါးးပါ လောကကြီးထဲမှာ နေထိုင်နိုင်ပြီး
ချမ်းသာသုခကိုလည်း
အများနဲ့မတူအောင် ကြီးကျယ်ခမ်းနားစွာနဲ့နေနိုင်ရနိုင်ပါတယ်။

ဒီလိုလေးပြန်ပြောခဲ့ပါတယ်

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s